PART [ 70 ]

9.2K 1.1K 51
                                    

လျှံသောတ မနေ့ညက ညဥ့်နက်ထိ Game ဆော့ခဲ့၍ သူ မနက် နိုးလာသည့်အခါ နေအတော် မြင့်နေပေပြီ။

အဝါရောင်ဖျော့ဖျော့ အိပ်ရာထဲမှ လျှံသောတ မထချင် ထချင်ဖြင့် ကုန်းရုန်းထပြီး ခုတင်ဘေးရှိ Nightstandပေါ်က ဖုန်းကို ယူကြည့်လိုက်တော့ မနက် ၉ နာရီ မတ်တင်း။

မနက်လင်းသည်နှင့် လျှံသောတ အရင်ဆုံး လုပ်လေ့ရှိတာက စိတ်အာရုံ လန်းဆန်းတက်​ကြွစေသော Music playlist တစ်ခုကို ဖွင့်ခြင်းပင်။

ပြီးမှ အိပ်ရာသိမ်းခြင်း၊ ရေချိုးခြင်းနှင့်အခန်းရှင်းခြင်းတို့ကို သီချင်းလေး ညည်းရင်း သူ အေးဆေး လုပ်လေ့ရှိ၏။

"ရေး...အာဟ...So Seductive

I'll take you to the candy shop.

I'll let you lick the lollipop.

Go ahead, girl don't you stop.

Keep goin' until you hit the spot,

ဝိုးးး"

ရေချိုးခန်းထဲတွင် သီချင်းတွေ အော်ဆိုရင်း လျှံသောတ ရေချိုးတာက ၄၅ မိနစ်လောက် ကြာသည်။ သူတို့ သူငယ်ချင်းတွေထဲမှာ လျှံသောတ ရေချိုးတာ အကြာဆုံးပင်။

"ရေးး...all eyes on me.

all eyes on me"

သူ ရေချိုးခန်းထဲမှ ကရင်း ထွက်လာတော့ ဧည့်ခန်းနံရံပေါ်ရှိ ပိုစတာထဲမှ Bikiniနဲ့မော်ဒယ်လေးက ဆွဲဆောင်မှု အားပြင်းစွာဖြင့် သူ့အား စိုက်ကြည့်နေလေရာ လျော့ရဲရဲ ဖြစ်လျက် ရှိသော ခါးပေါ်က တဘက်ကို လျှံသောတ မြဲအောင် ပြန်ပတ်လိုက်ရ၏။

Dryer သုံးကာ ဆံပင်တွေ ခြောက်အောင် လုပ်ပြီးနောက် သူ Skincare ရန် မှန်ရှေ့တွင် ထိုင်လိုက်သည်။ အိပ်​ရေးပျက်လျှင်တောင် သူ့မျက်နှာမှာ ဝက်ခြံ တစ်လုံးတစ်လေပင် မထွက်တတ်သော်လည်း သူကတော့ သူ့ အသားအရည်ကို ဂရုစိုက်ပါသည်။

ဒီနေ့ ရာသီဥတုက ပူလည်း မပူသလို အေးလည်း မအေး၍ အဝတ်အစားကိုတော့ ခြေမျက်စေ့တွင် ကြိုးစည်းပါသော ဝါညိုနုရောင်  Cargo pant နှင့် အဖြူရောင် oversized တီရှပ်ကိုပဲ ပေါ့ပေါ့ပါးပါး ဝတ်လိုက်သည်။

လျှံသောတ အခန်းထဲမှ ထွက်လိုက်တော့ ကျန်သူငယ်ချင်းတွေရဲ့အခန်းတွေ အကုန်လုံး တံခါးပိတ်ထားလျက်သား။

Lovey DoveyWhere stories live. Discover now