PART [ 38 ]

9.3K 1.1K 95
                                    

စိန်ပန်းပြာနှင့်ချယ်ရီပင်တွေ ဝန်းရံထားသောရပ်ကွက်လေးသည် ကြယ်တွေစုံသည့် ညကောင်းကင်အောက်ဝယ် ဆိတ်ငြိမ် အေးချမ်းလျက်ရှိသည်။

ရပ်ကွက် အဝင် ရောက်ကတည်းက စိုင်းစေးကားကို အရှိန်လျှော့လိုက်၏။

ဆွေမျိုးတွေချည်း နေထိုင်ကြသော သူတို့ ရပ်ကွက်ထဲမှာ ကလေးငယ်တွေလည်း များသဖြင့် ယာဥ္မောင်းသည့် မည်သူမဆို ကိုယ့်အသိစိတ်ဓါတ်နှင့်ကိုယ် ယာဥ္ အမြန် မောင်းနှင်ခြင်း မပြုကြပေ။

သူတို့ရပ်ကွက်ထဲက အိမ်ခြံဝန်းတိုင်းရဲ့ခြံတံခါးဘယ်ဘက်မှာ ကျွန်းသစ်ချောဖြင့် နာမည်ဘုတ်ပြားတွေ ရိုက်နှိပ်ထားကြ၏။

လပြည့်ဝန်းက ထိန်ထိန်သာနေသည့်အပြင် လမ်းမကြီးတစ်လျှောက်တွင် မီးတိုင်များ ထွန်းလင်းနေသဖြင့် ထို နာမည်ဘုတ်ပြားပေါ်တွင် ထွင်းထားသော အိမ်ရှင်နာမည်များကိုပင် ရှင်းလင်းစွာ မြင်နိုင်သည်။

စိန်ပန်းပြာပင်တန်းကို ကျော်ကာ သူ မောင်းသည့့် Marcedes Benz အဖြူရောင်ကားလေးဟာ ရပ်ကွက်ရဲ့အလယ်ဗဟိုကျသော ခြံဝန်းတစ်ခုရှေ့သို့ ရောက်သည့်အခါ Sensor စနစ်ထည့်ထားသော ခြံတံခါးက အလိုအလျောက် ပွင့်ဟသွား၏။

ခြံအဝင်တံခါးကနေ မိုင်ဝက်ခန့် ထပ်မောင်းပြီးသည့်နောက် အိမ်မကြီးဆီသို့ ရောက်ပြီဖြစ်သည်။ အိမ်နှင့်ခပ်လှမ်းလှမ်းရှိ Car parking တွင် ကားတွေ တန်းစီနေပုံအရ အိမ်မှာ လူစုံနေပုံ ရသည်။ စိုင်းစေး ကားကို ကိုကြီးစိုင်းမာန်ရဲ့ကားနံဘေး နေရာလွတ်တွင် ရပ်လိုက်၏။

သူ ကားပေါ်မှ ဆင်းပြီး ဘယ်လက်က iWatchကို တစ်ချက်မြှောက်ကြည့်​လိုက်တော့ ည ၁၀နာရီ မတ်တင်း။ ဒီအချိန်ဆို အိမ်သားတွေအကုန်လုံး အိပ်ရာဝင်ကြပြီမို့ သူတို့အိမ် တစ်အိမ်လုံးလည်း တိတ်ဆိတ်လျက်ရှိသည်။

စိုင်းစေး အိမ်တံခါးမကြီးကို Password ရိုက်ဖွင့်ပြီး အိမ်သားတွေ နိုးမသွားအောင် ​ခြေသံလုံလုံဖြင့် အိမ်အပေါ်ထပ်သို့ တက်လာခဲ့၏။ သူ့အခန်းရှေ့ ရောက်တော့လည်း အခန်းတံခါးကို သာသာလေး တွန်းဖွင့်ရသည်။

Lovey DoveyWhere stories live. Discover now