PART [ 64 ]

10.2K 1.4K 195
                                    

"မေမေ မန္တလေးမှာ ၃ရက်လောက် ကြာမယ်...မေမေ ပြန်လာမှပဲ ဆိုင်ဖွင့်ရအောင်နော်"

"ဟုတ်ကဲ့ အမေ"

အမေက မိတ်ဆွေတစ်ယောက်ရဲ့အလှူသွားဖို့ မနက်ဖြန် မနက်အစော လေယာဥ္နဲ့ မန္တလေးကို ဆင်းမည်ဖြစ်သည်။

"ကျွန်တော် အမေ့ကို ခွင့်တောင်းစရာ ရှိတယ်"

"ဘာများလဲ"

ညစာ ထမင်းဝိုင်းတွင် ခွန်ဦး ပြောလိုက်တော့ အမေက အာရုံစိုက်နားထောင်ပေး၏။

"မနက်ဖြန် ညနေကျရင် Isaac နဲ့ကျွန်တော် အိမ်မှာ dinner date ချင်လို့...အဲ့ဒါ အမေ့ကို ခွင့်တောင်းတာ"

"Date ကြလေ သားရဲ့...မေမေ ခွင့်ပြုပါတယ်"

အမေတစ်ခု သားတစ်ခု ဘဝမှာ ခွန်ဦးအတွက် အရေးကြီးသည့်ကိစ္စတွေဆို အမေ့ကို အသိပေးလေ့့ရှိသည်။

"ကျေးဇူးပါ အမေ...Isaacက အရင်လို အိမ်ကို မဝင်ထွက်ရဲဘူး ဖြစ်နေတယ်...အမေ့ကို မျက်နှာပူလို့တဲ့"

"ဟောတော်...အဲ့ဒီ့ကလေးကတော့လေ...မေမေက သူ့ကို ကိုယ့်သားအရင်းလေးလို ချစ်တာ သိသားနဲ့"

တကယ်လည်း အမေဟာ Isaac ကို စသိကတည်းက ကြင်ကြင်နာနာ ရှိပါ၏။ သူနဲ့ရည်းစားတွေ ဖြစ်တော့လည်း အမေက Isaac အတွက် ပိုပျော်ပေးခဲ့တာပင်။

"ပန်းကန်တွေ ကျွန်တော် သိမ်းလိုက်မယ် အမေ...မနက် ခရီးသွားရမှာဆိုတော့ အမေ ဘုရားဝတ်ပြုပြီး စောစောနားလေ"

"ကောင်းပါပြီရှင်"

မနက်ဖြန် Date အတွက် ကြိုတင် စဥ္းစားပြီး ခွန်ဦးလည်း အိပ်ရာစောစော ဝင်ဖြစ်ခဲ့သည်။

မနက်အိပ်ရာထသည့်အခါမှ သူ Isaac ကို Date အကြောင်း message ပို့လိုက်၏။

💌 ညနေ ၅ နာရီ...အိမ်လာခဲ့...ညစာ အတူ စားပြီး Netflix မှာ ရုပ်ရှင်ကြည့်ရအောင်💌

💌ကျွန်တော် အန်တီနန်းဦးကို မျက်နှာပူတယ်လို့ TwT💌

💌အမေက ခရီးသွားမှာ...ငါ အမေ့ကို ခွင့်တောင်းထားပြီးသား💌

💌Awwn...လာခဲ့ပါမယ်ဗျ💌

ညကတည်းက ပို့ရင် သူ့ကောင်လေး စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်မှာကို ခွန်ဦး သိသည် မဟုတ်လား။

Lovey DoveyWhere stories live. Discover now