PART [ 51 ]

9.6K 1.2K 177
                                    

"အငဲနဲ့ကျွန်တော်က အကြိုနေ့နဲ့အကျတ်နေ့ တာဝန်ကျတယ်"

"မနက်ကျ ဘုန်းကြီးကျောင်းကို စောစောလေး လာကြနော်...ရွာနီးချုပ်စပ်က ကျောင်းလည် ဧည့်သည်တွေက အစော ဝင်ကြမှာ"

"ဟုတ်ကဲ့ ကိုလတ်"

"အငဲက ဒီနှစ်မှ စ ကူရမှာဆိုပေမဲ့ ကိုငယ်ရော ကိုလတ်ရော ရှိတာမို့ အဆင်ပြေမှာပါ"

ကိုလတ်က လွမ်းတိုင်းရွာ၏ကာလသားခေါင်းဆောင်ဖြစ်သည်။

ကိုကြီးတို့လို ၃၀အရွယ် လူပျိုကြီးတွေကတော့ ရပ်ရေးရွာရေးမှာ အရေးကြီးကိစ္စလောက်ပဲ ပါဝင်တော့ကာ ကျန်တာကို လူငယ်တွေလက်ထဲ လွှဲထားလိုက်ကြချေပြီ။

တက္ကသိုလ်ကျောင်းသား လွမ်းကတော့ ဒီနှစ်မှ လူပျိုစာရင်းဝင်တာပင်။

"ကဲ မေမေ့ရဲ့သားထွေးလေး...မနက်ဖြန် ဝတ်ဖို့အတွက် ဝတ်စုံကို မေမေက မီးပူတိုက်ပြီးပါပြီရှင်"

"အမေ ကျွန်တော်ကျတော့ရော"

"နင် ဒီအရွယ်တုန်းကလည်း ငါပဲ စီစဥ္ပေးခဲ့တာပဲလေ...အသက်သာ ၂၀ ကျော်လာတယ် ခြေအိတ်ကအစ ကျွန်မ လိုက်လျှော်ပေးနေရသေးတာတော့ မလွန်ဘူးလား မောင်ရှိန်ဇေရဲ့...နင် မိန်းမရ...အဲ...နင် အိမ်ထောင်ကျတဲ့အခါမှ နားလည်မယ်"

"အမေ့သားက အိမ်ထောင်မှု နိုင်နင်းပြီး ကိုယ့် ယောက်ျားကို တုန်နေအောင် ချစ်တဲ့သူကိုပဲ ယူမှာဗျ"

"အမလေး...အဲ့ဒီ့စကားကို မှတ်ထားပြီး စောင့်ကြည့်ပါဦးမယ်...ဘယ်သူက သည်းသည်းလှုပ်နေရမလဲဆိုတာကိုနော်"

"ဟားဟား"

အမေနှင့်ကိုငယ်တို့ ​သားအမိနှစ်ယောက်တကျက်ကျက်ဖြစ်ကြတိုင်း လွမ်းတို့ ကျန်ညီအစ်ကိုများက ပြုံးရယ်ရလေ့ရှိသည်။ သူတို့ ညီအစ်ကို လေးယောက်ထဲမှာ ကိုငယ်က အမေ့ရဲ့ထက်ထက်မြက်မြက် စိတ်ဓါတ်ကို အပြည့်အဝရ၏။ လွမ်းနှင့်ကိုကြီးကမူ အဖေ့လို လူရိုးလူအေး သမားနှင့်တူပြီး ဘက်စုံတော်သော ကိုလတ်ကတော့ အမေ့လို ထက်ကာ အဖေ့လိုလည်း တည်ငြိမ်တတ်သည်။

"ကိုငယ် ကျွန်တော် ကိုငယ့်အဝတ်တွေ မီးပူ တိုက်ပေးရမလား"

"ကိုငယ်က အမေ့ကို စတာပါ အငဲရာ...စီစဥ္ထားပြီးပြီ"

Lovey DoveyHikayelerin yaşadığı yer. Şimdi keşfedin