လွမ်း သူ့ကို ရှောင်နေခဲ့တာ တစ်ပတ်ခန့် ရှိပြီ။
လွမ်းက မနက်ဖြန် မွေးနေ့ကို မိသားစုနှင့်အတူ ပြန်လုပ်မည်ဟု John သိထား၏။
ကျောင်းမပိတ်၍ ခွင့်တိုင်မည့် သဘောရှိသည်။
John အတန်းဆင်းသည့်အခါ လွမ်းရဲ့အတန်းရှေ့တွင် သွားရပ်စောင့်နေလိုက်ပါ၏။
ညနေ သုံးနာရီ ထိုးချိန်၌ လွမ်းက အတန်းထဲမှ ထွက်လာသည်။
"လွမ်း"
"အစ်ကို"
သူ ပြုံးပြလိုက်တော့ လွမ်းကလည်း ပြန်ပြုံးပြပြီးကာမှ ရှေ့ဆက်တိုးမလာဘဲ နေရာတွင် ရပ်တန့်သွားသည်။
အဖြူရောင် hoodie လေးနဲ့ လွမ်းက ယုန်ကလေးလိုပါပဲ။
John သူ့ဘက်ကပဲ လွမ်းရဲ့အနီးအနားသို့ လျှောက်သွားလိုက်ကာ လွမ်းနှင့် မျက်ဝန်းချင်း ဆုံအောင် ကြည့်ရသည်။
"အစ်ကိုနဲ့ ခဏလောက် စကားပြောလို့ အဆင်ပြေမလားဟင်"
လွမ်းက တဒင်္ဂတော့ တွေဝေနေသေးပေမယ့်လည်း ခေါင်းညိတ်ပါ၏။
"ဟုတ်ကဲ့"
သူတို့ နှစ်ယောက် Library နားအထိ လမ်းလျှောက်ခဲ့ကြပြီး ချယ်ရီပင်တွေကြားထဲ ရောက်တော့ မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။
"လွမ်း"
"ခင်ဗျာ"
"အစ်ကိုလေ လွမ်းကို စိတ်ဆိုးအောင် တစ်ခုခု လုပ်မိလား ဟင်"
"ဟင့်အင်း...မလုပ်မိပါဘူး"
"အဲ့ဒါဆို လွမ်း အစ်ကို့ကို ဘာလို့ ရှောင်နေတာလဲဆိုတာ အစ်ကို သိခွင့်ရှိမလား"
"ပြောရမှာတော့ အားနာပေမယ့် ကိုငယ်က အစ်ကိုနဲ့ကျွန်တော်ရင်းနှီးနေတာကို မကြိုက်ဘူးတဲ့...ကိုငယ်က အစ်ကို့ကို လူဆိုးလို့ ထင်နေပုံပဲ"
အကြောင်းအရင်းက သူ ထင်ထားသည့်အတိုင်း ဖြစ်သော်လည်း လွမ်းဆီကနေ ကြားရတော့ John စိတ်မကောင်း။
"လွမ်းကရော အစ်ကို့ကို လူဆိုးလို့ ထင်လားဟင်"
"ဟင့်အင်း"
သူ ဒီကောင်လေးအပေါ်မှာ မြတ်မြတ်နိုးနိုးနဲ့ကြင်နာပေးလိုစိတ်ပဲ ရှိတာကို John ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံး။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)