PART [ 100 ]

8K 1.1K 81
                                    

"ဒီည မိုးရွာမယ် ထင်တယ်"

အေးစက်စက် ညလေထုထဲမှာ မိုးအငွေ့အသက် ရောနေခြင်းအား ခံစားမိသည့် သူရမာန်ပိုင်လည်း လျှံသောတ ပြောတာကို ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် ခင်ဗျားရဲ့အိမ် လိုက်အိပ်လို့ရလား"

လျှံသောတဆီက မမျှော်လင့်ထားသည့် မေးခွန်းကြောင့် သူရမာန်ပိုင် နှုတ်က "ဗျာ" ဟုပင် ရေရွတ်မိ၏။

"မဗျာနဲ့...ကျွန်တော် တကယ် ပြောတာ...အဖေက Singapore ကို ခရီးသွားတယ်...ကျွန်တော် တစ်ယောက်တည်း အိမ်မှာ မအိပ်ချင်ဘူး"

မူးနေလို့ ဂျစ်တိုက်တယ် ထင်ရအောင်ကလည်း သူ့စကား နားထောင်ပြီး Soju တစ်ငုံတောင် သောက်မလာတဲ့ ကောင်လေးက ကားကို ဂရုတစိုက် မောင်းနေတာပင်။

"မင်းရဲ့အဖေကို ခွင့်တောင်းသင့်တယ်လို့ ကိုယ်ထင်တယ်"

လျှံသောတနှင့်ဘယ်လိုပဲ သူငယ်ချင်းပေါင်း ပေါင်းနေပါစေ။ သူရမာန်ပိုင်က သူစိမ်း ဖြစ်သည့်အပြင် လျှံသောတကို ချစ်ကြိုက်နေသည့် ယောက်ျားတစ်ယောက်။

"ခွင့်တောင်းရအောင် ကျွန်တော်က ၁၈ နှစ် မပြည့်သေးတဲ့ ကလေးမို့လို့လား...မခေါ်ချင်လည်း နေဗျာ"

အဆိုးလေး စိတ်ကောက်သွားမှာကိုဖြင့် မလိုလားသည့် သူ့အဖို့  နောက်ဆုံးတော့လည်း ဒီအဆိုးလေးရဲ့ အပြုံးမျက်နှာကသာ တစ်ကမ္ဘာရယ်ပါ။

"သဘောရှိဗျာ...လိုက်အိပ်ချင်သပဆို လိုက်အိပ်"

သူရမာန်ပိုင် အလျှော့ပေးလိုက်မှပဲ ကျေနပ်သွားတဲ့ အကောင်ပေါက်လေးက တမင် မှုန်ကုပ်ထားသည့် မျက်မှောင်တွေကို ဖြေသည်။

"ကျွန်တော်တို့အိမ် အရင်ဝင်ဦးမယ်...ယူစရာတွေ ရှိလို့"

"အင်း"

သူ့အိမ်တွင် တစ်ညလိုက်အိပ်ဖို့ လျှံသောတ သယ်လာသည့် ပစ္စည်းများက ညအိပ်ဝတ်တွေ ထည့်ထားသော လက်ဆွဲအိတ်တစ်အိတ်နှင့်Box တစ်ခု ဖြစ်ပါသည်။

"ကျွန်တော် ဘယ်အခန်းမှာ အိပ်ရမှာလဲ"

"ကိုယ့်အခန်းနဲ့ဘေးချင်းကပ်ရပ်အခန်းဆို အဆင်ပြေတယ် မဟုတ်လား"

Lovey DoveyWhere stories live. Discover now