PART [ 89 ]

9.8K 1.2K 107
                                    

စိုင်းစေးတို့အိမ်တွင် သူငယ်ချင်း ငါးယောက် ဆုံတော့ လျှံသောတက စိုင်းစေးကို လာရှာသည့် ဇေရှိန်ဟန့် အကြောင်း ပြန်ပြောပြသည်။

"စိုင်းစေးက တကယ်ပြတ်မယ်ဆိုရင်တောင် သူက မပြတ်ပေးဘူးတဲ့လေ"

"သူ တကယ်ပဲ အဲဒီလို ပြောတာလား"

"အေး...ငါ မင်းကို ပြောပြီးသားနော်...သူ ပြန်ချော့တောင် ချက်ချင်းပျော့မသွားနဲ့လို့"

"အင်းပါ"

ဇေရှိန်ဟန် လာရှာတယ်လို့ ကြားကတည်းက စိုင်းစေးရဲ့မျက်နှာ သိသိသာသာ လန်းလာတာကို သျှားရင့်တို့တွေ သတိထားမိကြပါသည်။ လျှံသောတက စိုင်းစေးကို တစ်လလောက် ကောက်စေချင်နေပေမယ့် တစ်ပတ်နှင့်တင် ပြန်ပါသွားရင် ကြည့်ကောင်းဦးမည်။

"အဲဒီကောင် ဖြောင့်တာတော့ တော်တော် ဖြောင့်တာနော်...နာမည်နဲ့လိုက်အောင် အရှိန်အဝါ ရှိတယ်ပဲ ပြောရမလား...ငါ သူ့ကို မြင်လိုက်တော့ ဪ ငါတို့စိုင်းစေး ကျလည်း ကျလောက်စရာပါပဲလို့ တွေးမိတာ"

"ငါ့လောက် ချောလို့လား"

သျှားရင့် ခပ်တည်တည်ဖြင့် ဝင်ပြောသည့်အခါ လျှံသောတက သျှားရင့်ရဲ့ပါးနှစ်ဘက်ကို ဆွဲညစ်ကာ

"ငါတို့ရဲ့သျှားလောက်တော့ ဘယ်ချောမလဲ" ဟု ပြောလေရာ ကျန်သူငယ်ချင်းများက "cringe!" ဟု ဝိုင်းအော်ကြသည်။

"ဒါနဲ့ မင်းတို့နှစ်ယောက် ဘယ်လို စတွေ့တာလဲ ပြောပါဦး"

Isaac က မေးတော့ စိုင်းစေးက ရှက်ရွံ့ဟန်ဖြင့် သူ့ဂုတ်ပိုးသူ ပွတ်နေ၏။ ဒါပေမယ့်လည်း စိုင်းစေး မပြောမချင်း ဝိုင်းအစ်ကြမှာ သိတာမို့ "ဒီလိုကွာ" ဟု အစချီကာ ဇေရှိန်ဟန်နှင့်ပတ်သက်သမျှကို ပြောပြလာ၏။

"ငါ လွမ်းတိုင်းကို မသွားခင်ကတည်းက သူနဲ့သိတာ"

"ဟ!"

"ငါတို့အိမ်နဲ့စီးပွားဘက် မိသားစုဆိုတာ လွမ်းတိုင်းက ရှိန်ဇေတို့ မိသားစုပဲ...တစ်ခါ ငါ ညဘက်ကြီး အိမ်ပြန်တော့ ရှိန်ဇေနဲ့သူ့ကိုလတ်က ငါတို့ အိမ်ကို အလည်ရောက်နေကြတာ...ရှိန်ဇေက ငါ့အခန်းထဲမှာ တည်းတာ မသိဘဲ ငါက သရဲဆိုပြီး အော်ရာက သူနဲ့ငါ စသိတာပဲ...ပထမဆုံး တွေ့ဆုံမှုက အဲဒီလိုမျိုး ကသိကအောက် အခြေအနေ ဖြစ်ခဲ့တယ်"

Lovey DoveyWhere stories live. Discover now