PART [ 75 ]

8.4K 1.2K 109
                                    

"ဒီ​နေ့ ငါတို့ မေဂျာနဲ့ Physics နဲ့ ဗိုလ်လုပွဲ ကန်မှာ...မင်း လိုက်ကြည့်ဦးမလား"

"ဘယ် အချိန်လဲ"

"မွန်းလွဲ ၂ နာရီ"

"အဲဒီအချိန် ငါ အတန်း ဆင်းပြီ...လိုက်​ကြည့်မယ်လေ...ငါ ငါတို့ ဌာနရှေ့ကပဲ စောင့်မယ်"

"အေး...ငါ လာခဲ့မယ်"

"မင်း ထွက်လာရင် ဖုန်းဆက်လိုက်"

သုတနှင့်သူ အချိန်းအချက် လုပ်ပြီးနောက် Theatre နားတွင် လမ်းခွဲလိုက်ကြသည်။ သုတက မြန်မာစာ ဌာနဘက်ကို ခြေဦးလှည့်သွားကာ သူကတော့ ဓာတုဗေဒ ဌာနဘက်သို့ ဆက်လျှောက်ခဲ့သည်။

မနက်ပိုင်း အတန်း နှစ်ချိန်  တက်ပြီးနောက် အင်္ဂလိပ်စာ Tutorial ဖြေရသည့်အခါ တော်တော်များများက Text Book ထဲမှ ခိုးကြည့်ကြပေမယ့် လွမ်းကတော့ အမြဲတမ်း အလွတ်ပဲ ဖြေ၏။ သူ့ဘေးတွင် ထိုင်သည့် ​ယောက်ျားလေး သူငယ်ချင်း နှစ်ယောက်ကလည်း ထုံးစံအတိုင်း သူ့ဆီကပဲ အကုန် ကူးချသည်။

"​နောက်တစ်ခါ Tutorial ကျရင် ခမ်းဇေယျ၊ ထွဋ်ခေါင်ယံနဲ့ မုဒိတာလွမ်းကို
လူခွဲရမယ်...စာစစ်လိုက်ရင် အမှတ်တွေက အမြဲတူ"

"ဟဲဟဲ"

မျက်နှာပြောင်သည့် ဇေယျတို့က ဆရာမကို  စပ်ဖြီးဖြီး ရယ်ပြ နေကြ
ပေမယ့် လွမ်းကမူ မျက်နှာပူသွား၏။
သူတို့ ရှေ့ခုံတန်းတွင် ထိုင်ကာ
ပိုးပိုးဆီကနေ ကူးချနေသည့် မြတ်သီရိ
မောင်ကိုလည်း ဆရာမက မျက်စောင်းဖြင့် ကြည့်နေသည်။

"မောင်မောင်...ဟိတ်...ဆရာမ ကြည့်နေတယ်"

"အဲ"

ထွဋ်ခေါင်ယံက နောက်ကနေ စာအုပ်ဖြင့် တို့လိုက်မှ မြတ်သီရိမောင်က စာကူးချနေတာ သူ မဟုတ်သည့်အတိုင်း ဆရာမကို မျက်လုံးချင်း ဆုံကြည့်ကာ ပြုံးပြသည်။ English စာ ဆရာမက သဘောကောင်းလို့သာ သူတို့ အုပ်စု အငေါက်မခံရခြင်းပင်။

"Canteen သွားရအောင်"

ဆရာမက Tutorial စာအုပ် ထပ်ပြီးသည့် လူတွေကို အတန်းဆင်းပေးလိုက်သဖြင့် လွမ်း သူငယ်ချင်းတွေနှင့်အတူ RC ပေါ်သို့ တက်ခဲ့သည်။ အခုမှ အချိန်က ၁၁ နာရီမို့ Canteenတွင် လူမကျသေး။ "ကောင်းကောင်း" ဆိုင်ရဲ့အပြင်ဘက်တွင် လွမ်းတို့ငါးယောက် စားပွဲတစ်ဝိုင်း ယူလိုက်ကြတော့ ဘေးဝိုင်းတွေမှ စီနီယာကျောင်းသားများရဲ့ အကြည့်တွေက သူတို့ဝိုင်းဆီသို့ စုပြုံ ကျရောက်လာကုန်၏။

Lovey DoveyWhere stories live. Discover now