PART [ 97 ]

9.4K 1.2K 106
                                    

ဩဂုတ်လ ၇ ရက်နေ့။

တကယ်တော့ ဒီနေ့က ကျောင်းဖွင့်ရက် ဖြစ်သော်လည်း လျှံသောတ အဖေ့အိမ် ကနေ မပြန်ရသေးသည့် အကြောင်းအရင်းက တစ်ခုတည်း။

သူရမာန်ပိုင် မွေးနေ့။

လျှံသောတ အိပ်ရာကနေ မနက်အစောကြီး နိုးပေမယ့် တက်တက်ကြွကြွဖြင့် ရေချိုးခန်းထဲ ဝင်လိုက်သည်။

မသိရင် သူ့မွေးနေ့လို့ ထင်ရလောက်အောင် သူ အူမြူးနေတာပင်။

🎶 Go Go Go Go Go Go
Go Shawty, it's your birthday"

We gon' party like it's your birthday
We gon' sip bacardi like it's your birthday 🎶

သူရမာန်ပိုင်က Shawty မဟုတ်တော့ Shawty နေရာ ပြောင်းဆိုရမည်။

🎶Go မာန်ပိုင်...it's your birthday🎶

သီချင်းဆိုရင်း သူရေချိုးပြီးသွားတော့ အဝတ်အစားနှင့်ဖိနပ်တွေချည်း သီးသန့်ထားသော အခန်းထဲသို့ ဝင်လိုက်သည်။

မွေးနေ့ရှင်ထက် ပို ကြည့်ကောင်းနေလျှင် မကောင်းတာမို့ မီးခိုးရောင် Oversized T-Shirt တစ်ထည်နှင့် Baggy Jean တစ်ထည်ကိုပဲ ပေါ့ပေါ့ပါးပါး ဝတ်လိုက်တာတောင် သူက ဘယ်လို Style နဲ့ ဖြစ်ဖြစ် မိမိုက်လွန်းနေတော့လည်း မတတ်နိုင်။

ရေမွှေးသုံးပြီးသည့်အခါ Accessory ကိုတော့ အရင်ပတ်က သူ သျှားရင့်ဆီမှ ဓားပြတိုက်ထားသော  Silver Ring နှစ်ကွင်းကို ညာဘက်လက်ရဲ့ လက်မနှင့်လက်ညိုးတွင် စွပ်လိုက်သည်။

သျှားရင့်က သူ့ထက် လက်ကြီးတော့ သျှားရင့် လက်ညိုးမှာ စွပ်သည့် လက်စွပ်က သူ့လက်မနှင့်သာ တန်ပြီး
သျှားရင့် လက်သူကြွယ်မှာ စွပ်သည့် လက်စွပ်ဆို သူ့လက်ညိုးမှာ ဝတ်မှ အတော်ပင်။ 

အခုမှ မနက် ၈ နာရီပဲ ရှိသေးပေမယ့်
Phone၊ Wallet နှင့် ကားသော့ ယူပြီး သူ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။

"သားလျှံ မနက်စာ မစားတော့ဘူးလား"

"အပြင်ရောက်မှပဲ စားလိုက်တော့မယ် အဖေ"

"မာန်ပိုင့်ကို သိပ်မဆိုးနဲ့နော်"

"စိတ်မပူပါနဲ့ အဖေရာ...ကျွန်တော်ကမွေးနေ့ရှင်ကို အနိုင်ကျင့်စရာလား"

Lovey DoveyWhere stories live. Discover now