PART [ 37 ]

9.2K 1.1K 104
                                    

"ဟုတ်ကဲ့အမေ...ကျွန်တော်တို့ အငဲဆီရောက်တော့မှာပါ...စိတ်ချပါ အမေရဲ့..."

အန်တီနန်းဦးတို့ အဆောင်လမ်းကြားထဲ ကားဝင်သည်အထိ သူ့နံဘေးရှိ ကိုခန့်က အမေနဲ့ ဖုန်းပြောလို့ မပြီးသေး။

"စိုင်းမာန်တို့ အိမ်ကိုလည်း ဝင်လိုက်ပါ့မယ်...ဒါပဲနော် အမေ"

အငဲနေသည့် အဆောင်ရှေ့တွင် ဇေရှိန်ဟန် ကားရပ်လိုက်ပါမှ ကိုခန့်နဲ့အမေလည်း စကားပြတ်တော့၏။

"အန်တီနန်း!"

ခေါ်သံကြားလို့ အိမ်ထဲကနေ ထွက်ကြည့်သည့် အန်တီနန်းဦးက သူတို့ညီအစ်ကိုနှစ်ယောက်ကို မြင်တော့ ခြံတံခါးလာဖွင့်ပေးရင်း အဆောင်ဘက်ကို လှမ်းအော်သည်။

"လွမ်းရေ...သားရဲ့အစ်ကိုတွေ လာတယ်ဟေ့"

ဇေရှိန်ဟန် ကားနောက်ခန်းထဲကနေ အငဲအတွက် မေမေထည့်ပေးလိုက်တာတွေကို ယူနေတုန်း အငဲက အဆောင်ထဲမှ ​ပြေးထွက်လာလေ၏။

"ကိုကြီး မပါဘူးလား"

"ကိုစျာန်က အညာမြေကို ခရီးလွန်နေလို့"

"ဘာတွေလဲ ကိုငယ်"

"အစုံပဲ"

အမေက သူ့သားအထွေးဆုံးလေး စာမေးပွဲတွင်း နေမကောင်းဖြစ်မှာ စိုးလို့ အဖိုးဆီမှ တိုင်းရင်းဆေးတွေပါ ယူပြီး ထည့်ပေးလိုက်ပေမဲ့ သူတို့ အငဲကို ကြည့်ရတာ မျက်နှာလေးတောင် ပြည့်လာသလိုပင်။

"ဒီနေ့ ကိုလတ်တို့ လာမယ်ဆိုလို့ ကျွန်တော် ညနေပိုင်း ကျူရှင်တောင် မသွားဘူး"

"လာတာတော့ မနက်ကတည်းကပဲ...ကိုလတ်က သီးနှံပွဲရုံမှာ အလုပ်များနေတာနဲ့"

အဆောင်ရှေ့တွင် နေရာချထားသည့် သစ်သားခုံတန်းလေးမှာ ကိုခန့်နှင့်သူ ဘေးချင်းကပ် ဝင်ထိုင်လိုက်ကြပြီး အငဲက သူတို့နှင့်မျက်နှာချင်းတွင် ရပ်ရင်း စားပွဲပေါ်က ပစ္စည်းထုပ်တွေကို တစ်ခုချင်း ဖြည်ကြည့်နေသည်။

"အဲ့ဒီ့မုန့်တွေက အဆောင်က သူငယ်ချင်းတွေနဲ့ အတူတူစားဖို့တဲ့"

"အသီးတွေကလည်း ဒီနေ့မှ ရှိန်ဇေ အိမ်ကနေ ခူးလာပေးတာ လတ်လတ်ဆတ်ဆတ်ပဲ"

Lovey DoveyWo Geschichten leben. Entdecke jetzt