ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...

Door Sheilayoon

69.3K 10.4K 241

Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... Meer

Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?

Ch 62 - Jiūjiūjiū, Jiūjiūjiū jiū

247 42 0
Door Sheilayoon

|| Unicode ||

    ရွှေအပ်ရွှေချည်ချိတ်စည်းသည် လုန်ဟူတောင်တန်းတွင် အမြင့်ဆုံးချိတ်စည်းဖြစ်သည်။ ဆုရှောင်းမီကိုယ်တိုင်ရှာဖွေလေ့လာထားသည့်နည်းမှာမတိကျလျှင်တောင် ဖုချင်းအရင်ကပြောခဲ့သလို ထိလိုက်ရုံနှင့် ပြုတ်ကျသွားသည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်။ ဝူရုန်ထိုအကြောင်းအားအများကြီးတွေးကြည့်လိုက်သည် သူ၏ကိုယ်ပိုင်ထူးခြားသည့်ခန္ဓာကိုယ်တည်ဆောက်ပုံမှသည် တစ္ဆေကြီး အားချိတ်စည်းဖြည်ပေးသည့်အချိန်ထိပင် တွေးကြည့်လိုက်ပြီး‌နောက် မယုံနိုင်စရာအကြံတစ်ခုထွက်ပေါ်လာသည်။

    တစ္ဆေကြီးကသူ့ဘယ်ဘက်နားပေါ်ကချိတ်စည်းကို ဟိုးအရင်တည်းကဖြည်ပြီးလောက်တယ်!

    "ထင်းကန်အပ်ကြောင်းထဲတုန်းကလား?"

    ထိုအတွေးပေါ်လာသည်နှင့်တပြိုက်နက် ၎င်းမှာ ဝူရုန်နှလုံးသားအားနက်နက်ရိူင်းရိူင်းစူးဝင်သည်။ ထိုအကြောင်းကိုတွေးပြီးနောက် ထင်းကန်အက်ကြောင်းထဲကအချိန်မှာအဖြစ်နိုင်ဆုံးဖြစ်မည်ဟုခံစားမိသည်။ လွင်တီးခေါင်းတောင်ကုန်းအလယ်သို့သွားခဲ့သည့်တစ္ဆေကြီးတွင် ရည်ရွယ်ချက်ရှိနေပြီး တစုံတရာကသူ့အားဆွဲဆောင်နေသလိုပင်။ ဝူရုန်လိုက်တက်လာသည့်အခါတွင် ဟူရှန်းအုတ်ဂူချိတ်ပိတ်ရာရှေ့တွင် အချိန်အ‌ တော်တိတ်တဆိတ်ရပ်‌တန့်နေခဲ့သော တစ္ဆေကြီးအားတွေ့ခဲ့သည်။ ဒါသည် တကယ်ကြီး ပုံမှန်မဟုတ်သည့်အချက်ဖြစ်သည်။

    သို့‌သော်ထိုအချိန်၌ ထင်းကန်အက်ကြောင်းပြိုပျက်နေပြီး ဖုချင်းသည် သူကိုခေါ်ထုတ်ရန် ယင်ချီစီးကြောင်းအားပြန်ဖွင့်ခဲ့သည်။ ဝူရုန်ထိုအကြောင်းအား အများကြီးမတွေးမိခဲ့ ။ထိုအချိန်ကိုက်ဖြစ်နေမှုမှာအခုတွေးကြည့်တော့အနည်းငယ် သံသယဝင်စရာကောင်းလှသည်။

    ဝူရုန်အားကသောင်းကနင်းအဖြစ် ဆုံးသောအချက်မှာ တစ္ဆေကြီးမှ သူ၏စည်းအားအချိန်အတော်ကြာထဲကဖြည်ခဲ့သည့်တိုင် သူ လုံးဝသတိမထားမိခဲ့သောအချက်ပင်!

    တစ္ဆေကြီး၏နားတွင်ရှိနေသေးသည့်ရွှေအပ်နှင့်တစုံတရာလုပ်စရာရှိနေ‌နိုင်သော်လည်း သူကထိုအချက်ကိုဖုံးကွယ်ထားနိုင်လျှင် သူထို့ထက်ပို၍ဖုံးကွယ်ထားနိုင်သည်။ တစ္ဆေကြီးကချိတ်စည်းအတော်များများကို‌ဖြည်ပြီးနေနိုင်မလား! ဝူရုန်တေ‌ွ့ကြည့်လေ‌မျက်မှောင်ကြုတ်လာလေဖြစ်ကာ မေးခွန်းထုတ်ခံထားရပြီး‌ တိတ်ဆိတ်နေခဲ့သည့် အနီရောင်တစ္ဆေမှာ ခဏမျှတိတ်ဆိတ်နေပြီးနောက် ရုတ်တရက်ဝူရုန်လက်ကိုဆွဲယူကာ သူမျက်နှာထက်တင်ပေးလိုက်သည်။ သူ၏ပိတ်ဆို့ထားသည့်မျက်လုံးမှသည့် ရွှေအပ်နှင့်ထိုးဖောက်ခံထားရသည့်ညာဘက်နားရွက် ၊ ရွှေအရည်များနှင့်ပိတ်ဆို့ခံထားရသည့်နှာခေါင်း၊ ရွှေချည်များနှင့်ချုပ်နှောင်ခံထားရသည့်နူတ်ခမ်းများသို့တိုင် လိုက်ထိစေသည်။

    သူဘာလုပ်နေတာလဲ?

    သူကငါ့ကိုသူရဲ့‌ရွှေချည်ချိတ်စည်းတွေကိုစစ်ဆေးဖို့ပြောနေတာလား?

    ဝူရုန်အစမ်းသဘောနှင့် ရွှေဇာဂနာကိုထုတ်ယူကာ တစ်ခုပြီးတစ်ခုစစ်ဆေးကြည့်လိုက်သည်။ အနက်ရောင်တစ္ဆေမြူနက်များဖြာထွက်နေသောတစ္ဆေကြီးမှာ တိတ်တဆိတ်ရပ်တန့်နေပြီးသူ့အားမျက်နှာကိုစိတ်ကြိုက်လူပ်ရှားစေသည်။ ဆု‌ရှောင်းမီပြောခဲ့သလိုပင် ရွှေရောင်ဇဂနာပေါ်မှ သလင်းပုတီးစေ့လေးများအား လုံး မှာ ထိုစည်းများအားထိလိုက်တိုင်း လင်းလက်လာခဲ့ကာ သူတို့အားလုံးမှာ ချိုးဖြတ်ရန်အခက်ခဲဆုံး ပဉ္စမအဆင့်ချိတ်စည်းတစ်ခုဖြစ်သည်။ ပြိးတော့ရွှေဇာဂနာက အဆင့်ငါးထိသာတိုင်းတာနိုင်တာဖြစ်၍ တစ္ဆေကြီးပေါ်မှချိတ်စည်း၏အစစ်မှန်အဆင့်မှာ ထိုထက်လည်းပိုမြင့်ကောင်းမြင့်နိုင်သည်။

    ထိုသို့ဆိုလျှင်တောင် ဝူရုန် အတွက်လွယ်ကူမနေ။ တစ္ဆေကြီး၏ခွန်အားမှာ သူ့ထက်လွန်စွာသာလွန်ပြီး သူ၏လှည့်ဖျားတက်မှုကလည်းအားကောင်းလွန်းသည်။ သွေးစာချုပ်ပင်လျှင်သူ့အားလုံးဝထိန်းချုပ်မထားနိုင်ကာ သူသည် သူ၏အခြေ‌နေကို အချိန်ကိုက်မစူးစမ်းနိုင်။ အခုဝူရုန်မှာ မည်သည့်အချိန်ထပေါက်မည်မသိနိုင်သောနျူကလီယားဗုံး လဲပြိုလုနီးနီးဖြစ်နေသောသတ်ဖြတ်တက်သည့်ကျားတစ်ကောင်အား ကိုင်ထားရသည်နှင့်တူသည်။ သူ၏သံသယများလွန်းသည့်အကျင့်နှင့်သာဆို သူငြိမ်းချမ်းစွာအိပ်ပျော်နိုင်တော့မည်မဟုတ်။

    သွေးနီရောင်အထည်နှင့်တစ္ဆေကြီးသက်ပြင်းချလိုက်သကဲ့သို့ ယင်ချီဖျော့‌ဖျော့တချက်ဖြတ်ပြေးသွားသည်။ သူဝူရုန်ကိုယူကာ လက်ဖြန့်စေလိုက်သည်။ တစ္ဆေကြီး၏လက်ချောင်းများမှာ သူ၏ကိုယ်ပိုင်သွေးများဖြင့် စွန်းထင်းနေပြီး သူ၏လက်ချောင်းများက တောင့်တင်းနေသောဝူရုန် လက်ဖဝါးပေါ်ဖြတ်ပြေးနေသည်။

  * နန် (* တရုတ်စကားလုံး ဖုချင်း+ နန်(တောင်ပိုင်း))

    လှပသောအက္ခရာစောင်း တကြိမ်တည်းတချက်တည်းသောဆွဲချက်နှင့် သွေးနှင့်မှင်ဖြင့်ရေးထားသော အပြောင်မြောက်ဆုံးလက်ရာတစ်ခုကဲ့သို့ပင်။ ကျိန်းသေပေါက်‌တစ္ဆေ၏သွေးမှာအေးစက်နေသည့်တိုင် ဝူရုန်သူ၏လက်ဖဝါးပူနေသည်ဟုခံစားရသည်။ ပူနွေးသောခံစားချက်မှာ သူ၏အရေပြားကိုဖြတ်ကာဆံချည်သွေးကြောမှတဆင့် ဖြတ်သန်းလာပြီး သူနှလုံးသားအောက်ခြေထိတိုင်ခြေဆန့်သွားကာ နှလုံးသားအားဖုံးလွှမ်းသွားသည်။ သူ၏နှလုံးခုန်သံမှာ သူနားထဲမိုးကြိုးပစ်ချသံနှင့်တူနေပြီး ဝူရုန်သည် တစ္ဆေကြီး၏ထက်လှသောလက်သည်းက နန်ဆိုသည့်အက္ခရာအလယ်ပိုင်းအားဖြတ်တောက်လိုက်သည့်ကိုကြည့်နေသည်။ ဝူရုန်၏သွေးစီးထွက်လာကာ တစ္ဆေကြီး၏သွေးနှင့်ရောနှောသွားသည်။

    "နန်"

    ဝူရုန်အသံတိုးတိုးဖြင့်ဆိုလိုက်ကာ စကားလုံးတို့မှာ သူ့နူတ်ခမ်းနှင့်သွားတို့ကြာူငြိတွယ်နေလျက် အမည်သည်စာချုပ်တစ်ခုဖြစ်ပြီး ဝူရုန်ကထိုစကားလုံးကိုခေါ်ဆိုလိုက်သည့်အခါ သူလက်ဖဝါးမှာ လျစ်လျူရူ၍မရနိုင်အောင် ပူလောင်လာ၍ ထိုအရာ၏သွေးနှင့်သူ့သွေးရောနှောသွားလျက် တစ္ဆေကြီး၏အမည်မှာ သူ့လက်ဖဝါးထဲစိမ့်ဝင်သွားကာ မျက်စိတမှိတ်အတွင်း ဝူရုန်၏လက်ဖဝါမှာနဂိုအတိုင်းပြန်ဖြစ်သွားသည် သို့သော် လှပသောနန်အက္ခရာမှာ သူနှလုံးသားထဲတွင်ရေးထွင်းလိုက်ပုံပေါ်ကာ နှလုံးခုန်သံတချက်တိုင်းတွင်တုန်ယင်နေလေသည်။

    နန်။

    ဒါကတစ္ဆေကြီးရဲ့နာမည်။ သူကသူအမည်ကိုဝူရုန်အားပေးလိုက်သည် တချိန်တည်းမှာပင် သူ့အသက်ကိုပါပေးခဲ့သည်။ ဒါသည် ညီမျှမှုရှိသည့်စာချုပ်တစ်ခုမဟုတ် နှစ်ဦးသား၏ခွန်အားမှာ အလွန်ကွာခြားနေသည့်တိုင် အမည်စာချုပ်နှင့်သာဆိုလျှင် တစ္ဆေကြီးမှာ ဝူရုန်အား ပုံမှန်လိုမဆက်သွယ်နိုင်သည့်တိုင် အခုမှစ၍ဝူရုန်အားဘယ်သောအခါမှလိမ်ပြောတော့မည်မဟုတ် ဝူရုန်အား‌သစ္စာဖောက်ရန်ဆိုလျှင်လုံးဝမဖြစ်နိုင်။

    တစ္ဆေကြီးမှာထိန်ချန်ထားခြင်းကြောင့် ထောင်ထလာခဲ့သောဝူရုန်ကိုယ်ပေါ်မှဆူးများ ကို တစ္ဆေကြီးမှပြန်၍ ငြိမ်သက်စေခဲ့သည်။

    နန်၏ကိုယ်ပေါ်မှအရှိန်ဝါတည်ငြိမ်သွားသည့်အခါ ယင်ချီဝဲဂယက်သည်လည်း တဖြည်းဖြည်းငြိမ်လာပြီး တစ္ဆေကြီးနှင့်ဝူရုန်ကြားမှလေထုသည်လည်း ပြေလည်သွားခဲ့သည်။

    ဝူရုန် ရွှေအပ်အား‌အဝေးသို့ထားလိုက်ပြီး တစ္ဆေအားတွေးဆဆနှင့်ကြည့်နေကာ ရုတ်တရက်ထမေးလိုက်သည် " မင်းအနာဂါတ်မှာ ငါကိုတွေ့ဖူးလို့လား?"

    တစ္ဆေပိုင်နက်အတွင်း ကောင်းကင်၌ထူထဲနက်မှောင်သောတိမ်စိုင်တိမ်လိပ်တို့လိပ်တက်နေလျက် မိုးကြိုးသံတော့မကြားရချေ။

    မိုးကြိုးသံမရှိဘူးဆိုတော့ တစ္ဆေကြီးကပြန်လည်မွေးဖွားလာသူမဟုတ်ဘူး။

    ဒါပေမယ့် ဒါဟာ အနာဂါတ်ကညီငယ်တွေရဲ့ပြန်လည်စုဖွဲ့မှုမဟုတ်ဘူးဆိုလျှင် ဤကဲ့သို့အလွန်သာလွန်တဲ့အင်အားနဲ့တစ္ဆေဘုရင်တစ်ယောက်က သူဆီဒီလိုဆက်ဆံမှုမျိုးလာပေးနေတာလဲ။ သူကအမည်စာချုပ်တောင်ချုပ်ဖို့ဆန္ဒရှိနေလိုက်သေးတယ်။ ဒိလိုမျိုးပူပေါင်းမှုမျိုးကလုံးဝကိုအောက်ခြေစည်းမရှိပေ။ တခြားနည်းနှင့်တွေးရလျှင် ဝူရုန်ကအရူးတစ်ယောက်ဖြစ်လျှင်တောင် တခြားသူရဲ့လက်ထဲသူ့အသက်ကိုထည့်ပေးခြင်းမှာမဖြစ်နိုင်။

    ဘာလိုများတစ္ဆေကြီးကသူ့ကိုအရမ်းကောင်းမွန်စွာဆက်ဆံနေရပါသနည်း။

    " မင်းငါ့အဒေါ်ကိုသိလို့လား ?"

    တစ္ဆေကြီး၏အသွင်ပြင်မှာ ဝူရုန်ထက် အသက်ပိုကြီးသဖြင့် ဝူရုန်သူ့ကိုယ်သူ စာရင်းထဲကပယ်လိုက်သည်။ တစ္ဆေကြီး၏အဆင့်နှင့်ဆိုလျှင် သူ့ကိုသိနိုင်သည့်သူမှာ သူ၏အမြင်အရ ထင်းကန်ကြီးများဆီငြိမ်းအေးရန်ဆရာသခင်ဖုနောက်လိုက်ခဲ့သော သူ့အဒေါ် ဖြစ်မည်။

     "အန်တီက မင်းကိုကြင်နာခဲ့လို့ ငါ့ကိုကာကွယ်ဖို့လာခဲ့တာလား?"

    အကယ်၍ တစ္ဆေကြီးရဲ့ရွှေအပ်သာထင်းကန်အက်ကြောင်းထဲမှာ တကယ်ကြီး ‌ဖြည်လျော့သွားခဲ့တာဆိုလျှင် ထင်းကန်အက်ကြောင်းမှာ ထိုခေတ်အခါက သူရဲကောင်းကိုးဦးထဲမှတစ်ဦးဖြစ်သော Sima Gyatsoမြုပ်နှံရာ ယိုဖိုတန်ထင်းကန်နှင့် ဆက်နေသောအက်ကြောင်းတစ်ခုဖြစ်သည်။ အန်တီသည်လည်း သူရဲကောင်းကိုးဖော်ထဲမှတစ်ဦးဖြစ်ရာ ဤအရာတွေကြားမှဆက်နွယ်ချက်မှာ တိုက်ဆိုင်တာတော့မဖြစ်နိုင်။

    " မင်းကသူတို့တွေလမ်းခရီးမှာချိတ်ပိတ်ခဲ့တဲ့တစ္ဆေဘုရင်ဖြစ်နိုင်မလား?"

    ထိုအတွေးပေါ်လာလျှင်ပေါ်လာချင်း ဝူရုတ်ခေါင်းယမ်းမိသည် ။မဟုတ်ပေ။ အကယ်၍ တစ္ဆေကြီးသာတကယ်ကြီး ချိတ်ပိတ်ခံထားရလျှင် သူရဲကောင်း‌ကိုးဖော်နှင့် ရန်လိုသောဆက်ဆံရေးရှိကာ သူအပေါ်ကောင်းရန်ဆိုသည်မှလုံးဝမျှော်လင့်လို့မရမည့်အရာဖြစ်သည်။ ဒါ့အပြင် ဝူရုန်ချောက်ကမ်းပါးမှပြုတ်ကျပြီး တစ္ဆေကြီးနှင့်ပထမဆုံးဆုံတွေ့စဉ်က တစ္ဆေကြီးမှာ သိသိသာသာကိုပင် စက္ကူကြိုးကြာပုံခေါက်ထားသောဖုချင်း၏အဆောင်အားတုန့်ပြန်ခဲ့သည်။

   "မင်းကဖုမိသားစုကိုသိတာလား? ဒါမှမဟုတ် မင်းစက္ကူကြိုးကြာအဆောင်ကိုသိတာလား? မင်းက လုန်ဟူတောင်တန်းကလား?"

    ဝူရုန်သူ့အတွေးများကိုစီစစ်နေသည် " မင်းကငါ့အဒေါ်ကိုသိတယ်၊ ဖုမိသားစုနဲ့ဆက်စပ်နေတယ် ပြီတော့ရန်မလိုဘူး။ မင်းက ငါ့ကိုအရင်လူတစ်‌ ယောက်ကြောင့်ကာကွယ်နေတာ ဒါမဟုတ် ငါရဲ့ထူးခြားလှတဲ့ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့်လား? ငါကသေပြီးတဲ့‌နောင် တစ္ဆေတွေရဲ့ဘုရင်ဖြစ်နိုင်ချေအမြင့်ဆုံးမှာရှိတယ်။ ဒါကြောင့်မင်းက ငါသေမှာကိုကာကွယ်ပေးတာ ဒါမှမဟုတ် တစ္ဆေတွေရဲ့ဘုရင်ဖြစ်လာခြင်းက ကာကွယ်တာလား?"

    ဝူရုန်မှာအမှန်တကယ်ပင်ထက်မြတ်လှကာ သူ၏ခံစားသိလွယ်မှုမှာလည်း အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။ သဲလွန်စအနည်းငယ်ရရုံဖြင့် သူသည် ပိုးအိမ်အားခွာချကာ တဖြည်းဖြည်းနှင့် မူလပုံစံရအောင်ထုတ်ဖော်မည်ဖြစ်သည်။ သူပြောလေတစ္ဆေကြီးပိုတိတ်ဆိတ်လေဖြစ်သည်။ ဝူရုန်ခေါင်းမော့ကာ ထိုအလွန်အမင်းစူးရှလှသောမျက်လုံးများနှင့်တစ္ဆေကြီးအားစိုက်ကြည့်လာသည့်အခါ ထိုအကြည့်က ဂရုမစိုက်ငြိမ်သက်နေသောတစ္ဆေကြီးနောက်ဆုံးတောင့်မခံနိုင်ဖြစ်စေသည်။

    Whoosh.

    လေပြင်းတစ်ချက်နှင့်အတူ ဝူရုန်ရှေ့မှ တစ္ဆေပုံရိပ်‌ပျောက်ကွယ်သွားသည်။ ဝူရုန်၏စိတ်အေးလက်အေးကြည်နေမှုနှောက်ယှက်ခံလိုက်ရကာ သူအလိုအလျောက်ပတ်လည်ကိုကြည့်လိုက်သည့်အခါ ဟွမ်မောင်၊ပိုင်ကုနှင့်  လေကြောင့်ရူပ်ပွသွားသော တခြားသူနှင့်ဆုံသွားသည်။

    "အကိုရုန်! ကောင်းလိုက်တာ မင်းအဆင်ပြေနေတယ်!"

   ဤသည်မှာ မျက်လုံးမှာမျက်ရည်များနှင့်မြင်းရိုင်းတစ်ကောင်လို ကဆုန်ပေါက်ပြေးလာသည့် ဟွမ်မောင်ဖြစ်ကာ မြွေပါလေးကသူ၏ခြေချင်းဝက်အားကိုက်ထားလေသည်။

   " ကောင်းတယ် အရမ်းကောင်းတာပဲ!"

   ဒါကတော့ ဟွမ်မောင်ကြောင့်အရူးဖြစ်လုနီးပါး ဆုရှောင်းမီဖြစ်သည်။

    "..."

    ဤသည်မှာ ဝူရုန်၏ခွန်အားကြောင့်ထပ်မံ၍ထိတ်လန့်သွားရပြန်သည့်ပိုင်ကုဖြစ်ပြီး သူနှလုံးသားထဲမှနေ၍ဝူရုန်‌နောက်လိုက်ရသည့်အတွက်ဦးညွှတ်လိုက်လေသည်။

   ခွေးတစ်ကောင်‌ကတော့ပျောက်နေတယ်။

    ဝူရုန်မျက်မှောင်ကြုတ်လိုက်ကာ " ခွေးတစ္ဆေဘုရင်ကဘယ်ကိုသွားတာလဲ?"

   " Woof bark!"

    ဝူရုန်ခေါ်သံကိုကြားသည့်အလား သိပ်‌မဝေးသောနေရာမှ အသက်နက်နက်ဖြင့်ဟောင်သံတစ်ခုထွက်ပေါ်လာသည်။ ခွေးကြီးကဲ့သို့တူညီသောစိတ်နှလုံးရှိသည်ဝူရုန်မှာ မျက်ခုံးကိုပင့်လိုက်ပြီး တချိန်တည်းမှာပင် သူ့အားကြည့်နေခဲ့သောဟွမ်မောင်တစ်ယောက်ထိတ်လန့်တကြား အော်ဟစ်လာသည် " fck! ဘာလို့ဒီလောင်တောင်လူသေတွေများနေရတာလဲ?!"

    အခုတင်ဟွမ်မောင်၏ အာရုံအားလုံးမှာ ယက်ချီဝဲဂယက်ပေါ်ရှိနေရာ ထိုသူများမည်သည့်အချိန်ကပေါ်လာခဲ့သည့်ကိုမသိလိုက်! အရပ်မျက်နှာအားလုံးအားနားထောင်၍စောင့်ကြည့်နေခဲ့သည့် ပိုင်ကုမှထိုအရာကိုသတိထားမိလေသည် သို့သော် ခွေးတစ္ဆေဘုရင်ကြီးကအရင်စ၍ဖြေရှင်းရန်လုပ်သည့်အခါ သူလူပ်ရှားစရာမလိုတော့။

    လူပုစံမပေါ်တော့သူအရာတစ်ခုကိုခွေးတစ္ဆေဘုရင်မှ ပစ်ချပေးလာသည် မြေသို့ပြုတ်ကျစဉ်က ညည်းညူလိုက်သည့်အသံနှင့် တွန့်ကြုံနေခြင်းကြောင့်သာ သူအသက်ရှင်နေသေးသည်ကိုသိရခြင်းဖြစ်သည်။ ပိုင်ကုခွေးတစ္ဆေဘုရင်အား အဓိပ္ပါယ်ရှိစွာကြည့်လိုက်သည်ခွေးတစ်ကောင်က တကယ်ကြီး အသက်ရှင်အောင်ထားရမည့်အရာတွေကိုသိနေတာပဲ။ ဒီလိုဆိုမှတော့သူထိုထက်ပိုကောင်းအောင်လုပ်မှရတော့မည်။

   " ကြည့်ရတာ လျှို့ဝှက်ဝိဘက်အဖွဲ့ဝင်ယူနီဖောင်းပဲ ဆုရှောင်းမီ တချက်ကြည့် လျှို့ဝှက်ကြာပန်းအသင်းတော်ကတစုံတယောက်များလား?"

   ပိုင်ကု‌ဆွဲခေါ်ခံလိုက်ရသည်ဆုရှောင်းမီမှာ ခုထိအာရုံပြန်မကပ်သေးပေ သူသည်အရာအားလုံးကိုကြည့်မြင်သည့်အပေါ်အနညငယ်မျှနှေးကွေးကာ သူအပေါက်ဝကိုမကြည့်မီမှာတင် ဝေဒနကြောင့်လူးလွန့်ကာမြေပေါ်အကြောဆွဲ‌နေသော လူ ရုတ်တရက် အမြှုပ်တစီစီအန်ချကာ သူမျက်နှာ သည်လည်းသွေးဖြင့် ဖုံးလွှမ်းနေသည်။ မြင်မကောင်းရူမကောင်းစွာဖြင့် " စောင့်ရှောက်သူသျှန့် မင်းတို့ကိုသတ်မှာ ... သေမှာ...မင်းတို့အားလုံးသေရလိမ့်မယ် ... "

    "စောင့်ရှောင်သူ သျှန့် စောင့်ရှောက်သူသျှန့် ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်လဲ!"

    ဆုရှောင်းမီ စကားလုံးအချို့အားဗလုံးဗထွေးပြောကာ ထိတ်လန့်မှု‌ကြောင့်‌ဖြူဖျော့သွားပြီး ထိုလူအနီးသို့အလျင်မြန်ချည်းကပ်သွားကာမေးလိုက်သည် " မင်းပြောတဲ့စောင့်ရှောက် သူ သျှန့်ဆိုတာ သျှန့်စန်းဆိုတဲ့သူလား လူရမ်းကားအရူးကောင်းတစ်ယောက်လေ?!"

    ထိုအရာကိုမြင်သောထိုသူမှာ ရက်စက်သည့်ဟန်ပြုံးဖြဲဖြဲလုပ်ပြကာ စကားပြောရန်ငြင်းဆိုလေသည်။ ဆုရှောင်းမီလက်ပြန်နှင့်ထိုသူ၏မျက်နှာအားဖြတ်ရိုက်လိုက်ပြီးာဆေးပုလင်းတစ်ခုထုတ်ယူလိုက်ကာ ထိုသူပါးစပ်အားဆွဲညှစ်ဖွင့်လစ်ကာ လောင်းထည့်လိုက်သည်။ သေလုနီးပါး အသက်ငင်နေသည့်သူမှာ ပို၍ လျှင်မြန်စွာအသက်ရူလာပြီး နှင်းဆီရောင်သန်းကာ ရီဝေနေတော့သည်။ဆုရှောင်းမီကမေးပြီးသူကဖြေလေသည်။ သူ၏စကားများကိုနားထောင်ရင်း ဆုရှောင်းမီမျက်နှာ ‌လေးနက်သထက်လေးနက်လာသည်။

    " ငါတို့‌တွေကို လျှို့ဝှက်ကြာပန်းအသင်းတော်ကပစ်မှတ်ထားနေကြပြီ လူအိုကြီးယန်ရဲ့နေရာကိုယူတဲ့တ‌‌စ်ယောက်က စောင့်ရှောက်သူသျှန့်‌ပေါ့လေ!"

    ချက်ချင်းပင် ဆုရှောင်းမီသည် လျှို့ဝှက်ကြာပန်းအသင်းတော်၏အထက်ပိုင်းစနစ်အကြောင်းအ‌သေးစိတ်ကို 'ထွက်ပြေးရအောက် ' 'အကယ်၍မင်းမချနိုင်ရင်ထွက်ပြေးတော့'ဟူသောလေသံဖြင့်ရှင်းပြလာသည် သို့သော် ဆုရှောင်းမီတွေ့လိုက်သည်က ပိုင်ကုမှဟွမ်မောင် ဝူရုန်ထိ မျက်နှာသွင်ပြင်အားလုံးမှာ တည်‌ငြိမ်လျက်ရှိနေခြင်းပင်။ ဆုရှောင်းမီမှ အန္တာရယ်ကိုထပ်မံဖိပြောလိုက်သည့်အချိန်တွင် ဟွမ်မောင်ကထူးဆန်းစွာပြောလာသည် " လာပြီးတိုက်တယ် အာ့ဒီလူရမ်းကားကြမ်းတမ်းရက်စက်ပါတဲ့သျှန့်စန်းက အကိုခွေးတစ္ဆေကြီးရဲ့ရှင်းလင်းသုတ်သင်ခြင်းကိုခံရပြီးနေလောက်ပြီ"

    "ဒီတခုကွဲပြားတယ် သျှန့်စန်းက ရက်စက်ကြမ်းကြုတ်ပြီး သတိကြီးကြီးထားတက်တယ် ပြီးတော့ သူကဓမ္မဘုရင်ဖေးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိထားတယ်။ ဒီတခေါက် ဓမ္မဘုရင်ဖေးကသူ့ကို လျှို့ဝှက်ကြာပန်အသင်းတော်ရဲ့လျှို့ဝှက်ရတနာတစ်ခုကိုယာယီငှားလိုက်သေးတယ်"

    ဆုရှောင်းမီအလျင်လိုစွာ‌ခုန်ပေါက်နေရင်း ထိုနတ်ဆိုးတွေရဲ့လျှို့ဝှက်ရတနာ၏ ကြော်စရာကောင်းတဲ့အင်အားအကြောင်းကွက်ကွက်ကွင်းကွင်မြင်‌သာအောင်ရှင်းပြလေသည် " ... ပထမနှင့်ဒုတိယကိုမပြောနဲ့ဦး တတိယာအဆင့် အမျိုးသမီးအရေပြားပဲ။ အာ့တာကို‌ဆွဲဆုတ်ပြီးနောက်မှာတော့ မရောမတွက်နိုင်သော အငြိုးကြီးတစ္ဆေတွေကြားထဲမှာ ကိုးဆယ်ကိုးနှင့် ရှစ်ဆယ့်တစ်ရက်ကြာထားပြီး သန့်စင်ထားတာ။ သူက လူနှင့်တစ္ဆေထောင်ပေါင်းများစွာကိုသတ်ဖြတ်ထားတဲ့ကြောက်စရာမကောင်းဆိုးဝါးတစ်ကောင်ပဲ သူက ကောင်းကင်အဆင့်ဝင်ထဲကသန်မာသူတွေကိုတောင်သတ်ဖြတ်နိုင်တယ်!"

    Pa

    အလောင်းတစ်ခု အလင်းတစ်အုပ်နှင့် အသားရောင်အရာဝတ္ထုတစ်ခု မိုးပေါ်မှ ဝူရုန်ရှေ့သို့ပြုတ်ကျလာသည်။ သူတို့ထဲတွင် အသား‌ရောင်နှင့် အရာမှာ အလွန်ဆန့်ကျုံ့နိုင်စွမ်းရှိစွာ မျက်စိတမှိတ်အတွင်း ဆုရှောင်းမီရှေ့ရောက်လာသည်။ အလျင်စလိုဖြစ်နေသောဆုရှောင်းမီမှာ ရွံရှာစွာဖြင့် ပုံမှန်လိုပင်ထိုအရာအားကန်ထည့်လိုက်သည်။ လှိမ့်ဝင် နေသောအသားရောင်အရာမှာ ကော်ဇော်တစ်ခုလိုပြန့်ကားသွားပြီး လူတိုင်းရှေ့တွင်ပေါ်ထွက်လာသည်။

   ဝူရုန်မှာမျက်နှာအမူယာမပြ ပိုင်ကုသည်တော့ထိတ်လန့်မှုကြောင့်ထခုန်မိသွားပြီး ဆုရှောင်းမီ၏အမူအယာမှာ တောင့်တင်းသွားသည်။

    " အာ... ဒါကကြည့်ရတာ အမျိုးသမီးအရေပြားနဲ့တူတယ်။ ဘာလို့ ဒီလောက်ကြီးနေတဲ့မိန်းကလေးကဘာမှဝတ်မထားရတာလဲ?"

   ဟွမ်မောင်ပထမတော့ကြောင်အနေသော်လည်း ပြီးနောက်ရှက်ရွံစွာဖြင့် သူ၏ရှပ်အင်္ကျီကိုချွတ်ကာအမျိုးသမီးအရေပြားပေါ်ခြုံပေးလိုက်ပြီး သူမ၏ နေရာသုံးချက်ကိုဖုံးပေးလိုက်သည်။

    "စောင့်ရှောင်သူသျှန့် --!"

    နှလုံးကွဲမတက်စူးရှသည့်အသံတစ်ခုထွက်လာကာ ဆုရှောင်းမီစစ်ဆေးမေးမြန်းခံနေရသည်သူသည် အလောင်းဘေးသို့တွားသွားနေသည်ကိုတွေ့လိုက်ရသည် သူမယုံကြည်နိုင်စွာ တီတိုးရွတ်နေသည် " အစွန်းရောက်လူရမ်းကားကသေပြီ၊ လူရမ်းကားကြီးကသေပြီ... ... Bleurgh!"

    သူဒေါသနှင့်မကျေနပ်ချက်များကြောင့် သွေးတပွက်အန်ပြီးနောက် မျက်စိတမှိတ်အတွင်း အသက်ရူရပ်သွားတော့သည်။

    ဝူရုန်ကိုဖမ်းဖို့လာတဲ့သူတွေကဒီလိုပဲသေသွားတယ်ပေါ့။

    အပူချိန်များထိုးကျနေပြီး တစ္ဆေကြီးမှာဝူရုန်ဘေးတွင်ထပ်မံပေါ်ထွက်လာကာ သူ့လက်မှာ ဝူရုန်ပုခုံးပေါ်တွင်ရှိနေသည်။ တစ္ဆေကြီးဘာလုပ်လိုက်သည်မသိ အမျိုးသမီးအရေပြားမှာ သူဘာသာသူပြန်လိပ်သွားပြီး သူဘေးရှိနေသောသေတ္တာငယ်အတွင်းပြန်ခုန်ဝင်သွားကာ အရေပြားထည့်ထားသောသေတ္တာပင်လျှင် ဝူရုန်ရှေ့သို့ခုန်ဝင်လာခဲ့သည်။

    "ငါအတွက်လား?"

    တစ္ဆေကြီးမှာစကားမပြေားသူသည်သူ၏ပုံသေတိတ်ဆိတ်မှုထဲရှိနေသည်။ သူသည်ဤတစ်ကြိမ်တွင်သူ၏တစ္ဆေချီများအား ထိန်းသိမ်းထားသည့်တိုင် ဟွမ်မောင်နှင့်တခြားသူမှာမခံနိုင်သေးပေပဲ မီတာငါးဆယ်‌အဝေးကိုရောက်သွားရန်ဖိအားပေးနေသည်။ တစ္ဆေကြီးကိုတွေ့သောအခါ အရင်ကသူ၏မပြီးပြတ်သေးသောအကြောင်းတရားကိုသတိရသွားသည်။ သို့‌သောထိုအခိုက်မှာပင် ဟွမ်မောင်၏အသံမှာ သွေးစာချုပ်မှာတဆင့်ဝူရုန်စိတ်ထဲမြည်လာသည်။

   "အကိုရုန် အခုတင်ကျွန်တော်အကိုအတွက်စိတ်ပူလို့ ဖုတောက်ကျန့်ကိုခေါ်ခဲ့တယ်"

   ဝူရုန်နောက်ပြန်ဆုတ်မိသွားသည်။

    ဖုချင်း?

    ဖုချင်း!

   Boom!!

    အဝေးတနေရာမှာ မိုးခြိမ်းသံလို ရုတ်တရက်ပေါက်ကွဲသံထွက်လာပြီးဆက်တိုက် ပြိုကျပျက်ဆီးသံများထွက်လာနေသည်။ မျက်နှာချင်းဆိုင်ဆီမှ မျက်စိကျိန်းလောက်စရာ လိမ္မော်နီရောင်အလင်းတန်းများဖြာထွက်လာနေပြီး လုံးဝကိုအမှောင်ထဲရောက်နေသည့် တစ္ဆေပိုင်နက်မှာ ရုတ်တရက်နေထွက်လာသကဲ့သို့ပင်! လိမ္မော်နီရောင်မီးတောက်များမှာ ကောင်းကင်ထိဖြတ်ကျော်ကာ ပြင်းထန်စွာလောင်ကျွမ်းနေတော့သည်။ အဝေးကနေပင် ကြောက်မက်ဖွယ်အပူ‌ဒဏ်ကိုခံစားရနိုင်သည်။ ထိုအရာမှာ နတ်ဆိုးဝိဉာဉ်နှင့်တစ္ဆေအားလုံးတွက်ရှောင်ကွင်းမစွမ်းသာသည့် ဘေးဒုက္ခ ကျန့်ယန်မီးဖြစ်သည်။

    ဤမျှလောက်ထိတ်လန့်ဖွယ်မီးတောက်များမှာ ဝူရုန်ပင်လျှင် မတက်နိုင်စွာစိတ်လွတ်သွားရသည်။ ဖုချင်း၏မီးတောက်များမှာ ထင်းကန်နံပါတ်၄၄၄ထဲကထက်ပို၍ အားကောင်းလာသည်။ ထိုအရာနှင့်ယှဉ်လျှင် သည်းထိပ်ရင်ဖိုစရာအပူချိန်မျိုးဖြစ်သည်!

   Bang--

    ဝူရုန်မှာ ရေခဲတမျှအေးခဲနေသော လက်မောင်းတစ်စုံနှင့်ထွေးပွေ့ခံထားရပြီး ဝန်းရံနေသောယင်ချီများက လောင်မြိုက်နေသောအပူကို ပယ်ဖျတ်ပေးနေသည်။ ဝူရုန် တစ္ဆေကြီး၏လူပ်ရှားမှုကိုမမြင်နိုင် သို‌သော် သူဘေးတွင်ရှိနေသော ပိုင်ကုနှင့်ဟွမ်မောင်မှာအားလုံးကိုမြင်နေရသည်။ အနီရောင်ဝတ်ရုံနှင့်တစ္ဆေမှာ သူ့ခေါင်းအားအနည်းငယ်မျှစောင်းလိုက်ပြီး ယန်မီးတောက် တောက်လောင် နေရာဘက်သို့ကြည့်နေသကဲ့သိုပင်။ ပြီးနောက် နောက်တခဏ၌---

   Rumble! Rumble --!!!

    ကျန့်ယန်မီးတောက်လောင်နေရာမှ နားကွဲမတက်ပေါက်ကွဲသံများရုတ်တရက်ထွက်ပေါ်လာသည်။ ကြွယ်ဝသောယင်ချီနှင့် ကျန်ယန့်မီးတောက် နှစ်ခုတိုက်မိရာမှပေါက်ကွဲမှုများဖြစ်ပေါ်လာသည်! ကောင်းကင်ကိုဆုတ်ဖြဲနိုင်လောက်သည့်တောက်ပသောအလင်းရောင်နှင့် ယင်ချီမျသိပ်သည်းနေသောအနက်ရောင်မြူများမှာ ကြမ်းကြုတ်ရက်စက်သည့်နဂါးနှစ်ကောင်တိုက်ခိုက်နေသည်နှင့်ပင်တူကာ ဟိန်းဟောက်သံမှာ မိုးခြိမ်းသံထက်ပိုကျယ်လောင်လျက် တိုက်ခိုက်မှုများကြားအဆုံးအစမရှိကြားနေရသည်! သိသိသာသာကိုပင် အနက်ရောင်နဂါးမှာ အသာစီးရနေပြီး မီးတောက်အားတခဏမျှပြန်တွန်းထုတ်နိုင်ခဲ့သည် သို့‌သော် ကျန့်ယန်မီးမှာ အားနည်းမှုတစုံတရာပြသမလာ ပြာပုံထဲမှပြန်လည်မွေးဖွားလာသော ဖီးနစ်ငှက်လို သူမှိန်ဖျော့သွားပြီးသည့်အချိန်တိုင်းပိုသန်မာလာလေသည်။

    "မတိုက်ကြနဲ့တော့!"

    ထိုအရာကိုသတိထားမိသွားသည့်ဝူရုန်မှာ တစ္ဆေကြီး၏လက်ကိုဆွဲယူလိုက်ကာ သူရှေ့မှမြင်ကွင်းအားအလွန်အမင်းခေါင်းကိုက်စွာဖြင့် ရင်ဆိုင်လိုက်တော့သည်။အခုအချိန်မှာ အမှန်တကယ်ကိုဖုချင်းအား ဝန်ခံရန်အချိန်ကောင်းမဟုတ်။ ဖုချင်း၏တစ္ဆေများအပေါ်အကြင်နာတရားမဲ့စွာရန်လိုခြင်းမှာ ဝူရုန်အားအလွန်သတိထားမိစေသည်။ တစ္ဆေကြီး၏သရုပ်မှန်အားမသိရသေးသည်ကိုမဆိုနှင့် ချိတ်စည်းမှာ လုံးဝဖွင့်လစ်ပြီးသည်မဟုတ်သည့်အပြင် တစ္ဆေကြီးနှင့်ဖုမိသားစုကြားဆက်ဆံ‌ရေးမှာလည်းမသိရသေး။

    စက္ကူကြိုးကြာ‌အပေါ်တုန့်ပြန်လာသည့်သူမှာ မိတ်ဟောင်းသို့မဟုတ် ရန်သူလည်းဖြစ်နိုင်သည်။ အကယ်၍သူနှင့်ဖုမိသားစုသာရန်သူများဖြစ်လျှင် ကိစ္စများကပိုရူပ်ထွေးနိုင်သည်။

    ဝူရုန်သည် အရာအားလုံးကိုရှင်းလင်းစွာသိပြီးမှဖုချင်းနှင့်ဆွေးနွေးလိုခဲ့သည်။ ဒါပေမယ့်အခု သိသိသာသာကိုပင် တစ္ဆေကြီအားအဝေးပို့ရန်မမှီတော့ဘယ်သူကသိမလဲသူတို့နှစ်ဦးလုံးကအရမ်းကိုစွမ်းအားကြီးပြီး‌တွေ့တာနဲ့တိုက်ခိုက်မည်ကိုပေါ့! တစ္ဆေကြီးမှယင်ချီများကိုပြန်သိမ်းပြီးသည့်နောက် ကျန်ယန့်မီးတောက်များပိုပို၍ရန်လိုကာ ပြင်းထန်လာကာ တစ္ဆေပိုင်နက်တစ်ခု လုံး ဘာမှမကျန်‌ေတာ့သည်အထိ‌ လောင်မြိုက်စေချင်‌ နေသည်ကို ဝူရုန်သူ့မျက်လုံးနှင့်မျက်ဝါးထင်ထင်‌မြင်သည်။

    ဖုချင်းသူ၏ကျန့်ယန်မီးတောက်များကိုသုံးကာ ဤအရှိန်နှင့်ဆိုလျှင်သူတို့ရှိရာဆီငါးမိနစ်အတွင်းရောက်လာနည်ဖြစ်သည်!

    ဘာလုပ်ရမလဲ ပြဿနာတွေမဖြေရှင်းရသေးမီဖုချင်းကိုတကယ်ကြိးဝန်ခံချင်လား? သူနဲဖုချင်းကြားကဆက်ဆံရေးက နတ်ဆိုးတွေအပေါ်ထားတဲ့သူရဲ့သက်ဖြတ်လိုစိတ်ထက်အလေးသာနိုင်လား?

    ဝူရုန်လောင်းကစားလုပ်ရသည်ကိုမကြိုက် မကျိန်းသေသည့်အရာများကိုလုပ်ရခြင်းကိုဆိုပို၍ပင်မကြိုက်။ အခုတော့ သူစိတ်မပူပဲမနေနိုင် အကယ်၍တစုံတယောက်သာဖုချင်းအားအဝေးရောက်အောင်ဆွဲဆောင်နိုင်မည်ဆိုပါက...

   Clatter.

   အနက်ရောင်ဝတ်စုံနှင့်လူမှာကောင်းကင်မှပြုတ်ကျလာပြီး ဝူရုန်နှင့်သူ၏အဖွဲ့အကျန့်ယန်မီးမှကာကွယ်ပေးလိုက်သည်။

    ဝူရုန်၏ရုတ်တရက် တန်ပြန်ရန်လိုမှုကိုရင်ဆိုင်လိုက်ရသည့်အခါ ညအမှောင်တွင်သူမျက်နှာအားဖုံးကွယ်ထားသည့်လျှု့ဝှက်ဆန်းကြယ်သောလူမှာ ဒူးတစ်ဖက်ကိုထောက်ကာ သူ၏ညာလက်ဖြင့်သတိပေးခြင်းမရှိဝူရုန်ရင်ဘက်အားထိလိုက်ပြီးနောက် ရိုသေစွာဦးညွှတ်၍ အေးစက်ကာအက်ကွဲ‌နေသောအသံဖြင့် " ဘောစ့် ကျေးဇူးပြုပြီး ချွမ်ယန်ဇီကိုမင်းအ‌တွက် ရပ်ခွင့်ပေးပါ "

____

စာရေးသူတွင်ပြောစရာရှိသည်:

    ဆရာသခင်လင်းယွင်ကသူအသက်ကိုစွန့်စားဖို့သွားနေပြီ!

    သူအတွက်အားပေးလိုက်ကြရအောင်!

2:07pm,Sat,25.11.23
4326words

   
   

  

   
|| Zawgyi ||

    ေရႊအပ္ေရႊခ်ည္ခ်ိတ္စည္းသည္ လုန္ဟူေတာင္တန္းတြင္ အျမင့္ဆုံးခ်ိတ္စည္းျဖစ္သည္။ ဆုေရွာင္းမီကိုယ္တိုင္ရွာေဖြေလ့လာထားသည့္နည္းမွာမတိက်လၽွင္ေတာင္ ဖုခ်င္းအရင္ကေျပာခဲ့သလို ထိလိုက္႐ုံႏွင့္ ျပဳတ္က်သြားသည္ဆိုသည္မွာ လုံးဝမျဖစ္နိုင္။ ဝူ႐ုန္ထိုအေၾကာင္းအားအမ်ားႀကီးေတြးၾကည့္လိုက္သည္ သူ၏ကိုယ္ပိုင္ထူးျခားသည့္ခႏၶာကိုယ္တည္ေဆာက္ပုံမွသည္ တေစၧႀကီး အားခ်ိတ္စည္းျဖည္ေပးသည့္အခ်ိန္ထိပင္ ေတြးၾကည့္လိုက္ၿပီး‌ေနာက္ မယုံနိုင္စရာအႀကံတစ္ခုထြက္ေပၚလာသည္။

    တေစၧႀကီးကသူ႔ဘယ္ဘက္နားေပၚကခ်ိတ္စည္းကို ဟိုးအရင္တည္းကျဖည္ၿပီးေလာက္တယ္!

    "ထင္းကန္အပ္ေၾကာင္းထဲတုန္းကလား?"

    ထိုအေတြးေပၚလာသည္ႏွင့္တၿပိဳက္နက္ ၎မွာ ဝူ႐ုန္ႏွလုံးသားအားနက္နက္ရိူင္းရိူင္းစူးဝင္သည္။ ထိုအေၾကာင္းကိုေတြးၿပီးေနာက္ ထင္းကန္အက္ေၾကာင္းထဲကအခ်ိန္မွာအျဖစ္နိုင္ဆုံးျဖစ္မည္ဟုခံစားမိသည္။ လြင္တီးေခါင္းေတာင္ကုန္းအလယ္သို႔သြားခဲ့သည့္တေစၧႀကီးတြင္ ရည္ရြယ္ခ်က္ရွိေနၿပီး တစုံတရာကသူ႔အားဆြဲေဆာင္ေနသလိုပင္။ ဝူ႐ုန္လိုက္တက္လာသည့္အခါတြင္ ဟူရွန္းအုတ္ဂူခ်ိတ္ပိတ္ရာေရွ႕တြင္ အခ်ိန္အ‌ ေတာ္တိတ္တဆိတ္ရပ္‌တန႔္ေနခဲ့ေသာ တေစၧႀကီးအားေတြ႕ခဲ့သည္။ ဒါသည္ တကယ္ႀကီး ပုံမွန္မဟုတ္သည့္အခ်က္ျဖစ္သည္။

    သို႔‌ေသာ္ထိုအခ်ိန္၌ ထင္းကန္အက္ေၾကာင္းၿပိဳပ်က္ေနၿပီး ဖုခ်င္းသည္ သူကိုေခၚထုတ္ရန္ ယင္ခ်ီစီးေၾကာင္းအားျပန္ဖြင့္ခဲ့သည္။ ဝူ႐ုန္ထိုအေၾကာင္းအား အမ်ားႀကီးမေတြးမိခဲ့ ။ထိုအခ်ိန္ကိုက္ျဖစ္ေနမႈမွာအခုေတြးၾကည့္ေတာ့အနည္းငယ္ သံသယဝင္စရာေကာင္းလွသည္။

    ဝူ႐ုန္အားကေသာင္းကနင္းအျဖစ္ ဆုံးေသာအခ်က္မွာ တေစၧႀကီးမွ သူ၏စည္းအားအခ်ိန္အေတာ္ၾကာထဲကျဖည္ခဲ့သည့္တိုင္ သူ လုံးဝသတိမထားမိခဲ့ေသာအခ်က္ပင္!

    တေစၧႀကီး၏နားတြင္ရွိေနေသးသည့္ေရႊအပ္ႏွင့္တစုံတရာလုပ္စရာရွိေန‌နိုင္ေသာ္လည္း သူကထိုအခ်က္ကိုဖုံးကြယ္ထားနိုင္လၽွင္ သူထို႔ထက္ပို၍ဖုံးကြယ္ထားနိုင္သည္။ တေစၧႀကီးကခ်ိတ္စည္းအေတာ္မ်ားမ်ားကို‌ျဖည္ၿပီးေနနိုင္မလား! ဝူ႐ုန္ေတ‌ြ႕ၾကည့္ေလ‌မ်က္ေမွာင္ၾကဳတ္လာေလျဖစ္ကာ ေမးခြန္းထုတ္ခံထားရၿပီး‌ တိတ္ဆိတ္ေနခဲ့သည့္ အနီေရာင္တေစၧမွာ ခဏမၽွတိတ္ဆိတ္ေနၿပီးေနာက္ ႐ုတ္တရက္ဝူ႐ုန္လက္ကိုဆြဲယူကာ သူမ်က္ႏွာထက္တင္ေပးလိုက္သည္။ သူ၏ပိတ္ဆို႔ထားသည့္မ်က္လုံးမွသည့္ ေရႊအပ္ႏွင့္ထိုးေဖာက္ခံထားရသည့္ညာဘက္နားရြက္ ၊ ေရႊအရည္မ်ားႏွင့္ပိတ္ဆို႔ခံထားရသည့္ႏွာေခါင္း၊ ေရႊခ်ည္မ်ားႏွင့္ခ်ဳပ္ေႏွာင္ခံထားရသည့္ႏူတ္ခမ္းမ်ားသို႔တိုင္ လိုက္ထိေစသည္။

    သူဘာလုပ္ေနတာလဲ?

    သူကငါ့ကိုသူရဲ့‌ေရႊခ်ည္ခ်ိတ္စည္းေတြကိုစစ္ေဆးဖို႔ေျပာေနတာလား?

    ဝူ႐ုန္အစမ္းသေဘာႏွင့္ ေရႊဇာဂနာကိုထုတ္ယူကာ တစ္ခုၿပီးတစ္ခုစစ္ေဆးၾကည့္လိုက္သည္။ အနက္ေရာင္တေစၧျမဴနက္မ်ားျဖာထြက္ေနေသာတေစၧႀကီးမွာ တိတ္တဆိတ္ရပ္တန႔္ေနၿပီးသူ႔အားမ်က္ႏွာကိုစိတ္ႀကိဳက္လူပ္ရွားေစသည္။ ဆု‌ေရွာင္းမီေျပာခဲ့သလိုပင္ ေရႊေရာင္ဇဂနာေပၚမွ သလင္းပုတီးေစ့ေလးမ်ားအား လုံး မွာ ထိုစည္းမ်ားအားထိလိုက္တိုင္း လင္းလက္လာခဲ့ကာ သူတို႔အားလုံးမွာ ခ်ိဳးျဖတ္ရန္အခက္ခဲဆုံး ပဥၥမအဆင့္ခ်ိတ္စည္းတစ္ခုျဖစ္သည္။ ၿပိးေတာ့ေရႊဇာဂနာက အဆင့္ငါးထိသာတိုင္းတာနိုင္တာျဖစ္၍ တေစၧႀကီးေပၚမွခ်ိတ္စည္း၏အစစ္မွန္အဆင့္မွာ ထိုထက္လည္းပိုျမင့္ေကာင္းျမင့္နိုင္သည္။

    ထိုသို႔ဆိုလၽွင္ေတာင္ ဝူ႐ုန္ အတြက္လြယ္ကူမေန။ တေစၧႀကီး၏ခြန္အားမွာ သူ႔ထက္လြန္စြာသာလြန္ၿပီး သူ၏လွည့္ဖ်ားတက္မႈကလည္းအားေကာင္းလြန္းသည္။ ေသြးစာခ်ဳပ္ပင္လၽွင္သူ႔အားလုံးဝထိန္းခ်ဳပ္မထားနိုင္ကာ သူသည္ သူ၏အေျခ‌ေနကို အခ်ိန္ကိုက္မစူးစမ္းနိုင္။ အခုဝူ႐ုန္မွာ မည္သည့္အခ်ိန္ထေပါက္မည္မသိနိုင္ေသာန်ဴကလီယားဗုံး လဲၿပိဳလုနီးနီးျဖစ္ေနေသာသတ္ျဖတ္တက္သည့္က်ားတစ္ေကာင္အား ကိုင္ထားရသည္ႏွင့္တူသည္။ သူ၏သံသယမ်ားလြန္းသည့္အက်င့္ႏွင့္သာဆို သူၿငိမ္းခ်မ္းစြာအိပ္ေပ်ာ္နိုင္ေတာ့မည္မဟုတ္။

    ေသြးနီေရာင္အထည္ႏွင့္တေစၧႀကီးသက္ျပင္းခ်လိုက္သကဲ့သို႔ ယင္ခ်ီေဖ်ာ့‌ေဖ်ာ့တခ်က္ျဖတ္ေျပးသြားသည္။ သူဝူ႐ုန္ကိုယူကာ လက္ျဖန႔္ေစလိုက္သည္။ တေစၧႀကီး၏လက္ေခ်ာင္းမ်ားမွာ သူ၏ကိုယ္ပိုင္ေသြးမ်ားျဖင့္ စြန္းထင္းေနၿပီး သူ၏လက္ေခ်ာင္းမ်ားက ေတာင့္တင္းေနေသာဝူ႐ုန္ လက္ဖဝါးေပၚျဖတ္ေျပးေနသည္။

  * နန္ (* တ႐ုတ္စကားလုံး ဖုခ်င္း+ နန္(ေတာင္ပိုင္း))

    လွပေသာအကၡရာေစာင္း တႀကိမ္တည္းတခ်က္တည္းေသာဆြဲခ်က္ႏွင့္ ေသြးႏွင့္မွင္ျဖင့္ေရးထားေသာ အေျပာင္ေျမာက္ဆုံးလက္ရာတစ္ခုကဲ့သို႔ပင္။ က်ိန္းေသေပါက္‌တေစၧ၏ေသြးမွာေအးစက္ေနသည့္တိုင္ ဝူ႐ုန္သူ၏လက္ဖဝါးပူေနသည္ဟုခံစားရသည္။ ပူေႏြးေသာခံစားခ်က္မွာ သူ၏အေရျပားကိုျဖတ္ကာဆံခ်ည္ေသြးေၾကာမွတဆင့္ ျဖတ္သန္းလာၿပီး သူႏွလုံးသားေအာက္ေျခထိတိုင္ေျခဆန႔္သြားကာ ႏွလုံးသားအားဖုံးလႊမ္းသြားသည္။ သူ၏ႏွလုံးခုန္သံမွာ သူနားထဲမိုးႀကိဳးပစ္ခ်သံႏွင့္တူေနၿပီး ဝူ႐ုန္သည္ တေစၧႀကီး၏ထက္လွေသာလက္သည္းက နန္ဆိုသည့္အကၡရာအလယ္ပိုင္းအားျဖတ္ေတာက္လိုက္သည့္ကိုၾကည့္ေနသည္။ ဝူ႐ုန္၏ေသြးစီးထြက္လာကာ တေစၧႀကီး၏ေသြးႏွင့္ေရာေႏွာသြားသည္။

    "နန္"

    ဝူ႐ုန္အသံတိုးတိုးျဖင့္ဆိုလိုက္ကာ စကားလုံးတို႔မွာ သူ႔ႏူတ္ခမ္းႏွင့္သြားတို႔ၾကာူၿငိတြယ္ေနလ်က္ အမည္သည္စာခ်ဳပ္တစ္ခုျဖစ္ၿပီး ဝူ႐ုန္ကထိုစကားလုံးကိုေခၚဆိုလိုက္သည့္အခါ သူလက္ဖဝါးမွာ လ်စ္လ်ဴ႐ူ၍မရနိုင္ေအာင္ ပူေလာင္လာ၍ ထိုအရာ၏ေသြးႏွင့္သူ႔ေသြးေရာေႏွာသြားလ်က္ တေစၧႀကီး၏အမည္မွာ သူ႔လက္ဖဝါးထဲစိမ့္ဝင္သြားကာ မ်က္စိတမွိတ္အတြင္း ဝူ႐ုန္၏လက္ဖဝါမွာနဂိုအတိုင္းျပန္ျဖစ္သြားသည္ သို႔ေသာ္ လွပေသာနန္အကၡရာမွာ သူႏွလုံးသားထဲတြင္ေရးထြင္းလိုက္ပုံေပၚကာ ႏွလုံးခုန္သံတခ်က္တိုင္းတြင္တုန္ယင္ေနေလသည္။

    နန္။

    ဒါကတေစၧႀကီးရဲ့နာမည္။ သူကသူအမည္ကိုဝူ႐ုန္အားေပးလိုက္သည္ တခ်ိန္တည္းမွာပင္ သူ႔အသက္ကိုပါေပးခဲ့သည္။ ဒါသည္ ညီမၽွမႈရွိသည့္စာခ်ဳပ္တစ္ခုမဟုတ္ ႏွစ္ဦးသား၏ခြန္အားမွာ အလြန္ကြာျခားေနသည့္တိုင္ အမည္စာခ်ဳပ္ႏွင့္သာဆိုလၽွင္ တေစၧႀကီးမွာ ဝူ႐ုန္အား ပုံမွန္လိုမဆက္သြယ္နိုင္သည့္တိုင္ အခုမွစ၍ဝူ႐ုန္အားဘယ္ေသာအခါမွလိမ္ေျပာေတာ့မည္မဟုတ္ ဝူ႐ုန္အား‌သစၥာေဖာက္ရန္ဆိုလၽွင္လုံးဝမျဖစ္နိုင္။

    တေစၧႀကီးမွာထိန္ခ်န္ထားျခင္းေၾကာင့္ ေထာင္ထလာခဲ့ေသာဝူ႐ုန္ကိုယ္ေပၚမွဆူးမ်ား ကို တေစၧႀကီးမွျပန္၍ ၿငိမ္သက္ေစခဲ့သည္။

    နန္၏ကိုယ္ေပၚမွအရွိန္ဝါတည္ၿငိမ္သြားသည့္အခါ ယင္ခ်ီဝဲဂယက္သည္လည္း တျဖည္းျဖည္းၿငိမ္လာၿပီး တေစၧႀကီးႏွင့္ဝူ႐ုန္ၾကားမွေလထုသည္လည္း ေျပလည္သြားခဲ့သည္။

    ဝူ႐ုန္ ေရႊအပ္အား‌အေဝးသို႔ထားလိုက္ၿပီး တေစၧအားေတြးဆဆႏွင့္ၾကည့္ေနကာ ႐ုတ္တရက္ထေမးလိုက္သည္ " မင္းအနာဂါတ္မွာ ငါကိုေတြ႕ဖူးလို႔လား?"

    တေစၧပိုင္နက္အတြင္း ေကာင္းကင္၌ထူထဲနက္ေမွာင္ေသာတိမ္စိုင္တိမ္လိပ္တို႔လိပ္တက္ေနလ်က္ မိုးႀကိဳးသံေတာ့မၾကားရေခ်။

    မိုးႀကိဳးသံမရွိဘူးဆိုေတာ့ တေစၧႀကီးကျပန္လည္ေမြးဖြားလာသူမဟုတ္ဘူး။

    ဒါေပမယ့္ ဒါဟာ အနာဂါတ္ကညီငယ္ေတြရဲ့ျပန္လည္စုဖြဲ႕မႈမဟုတ္ဘူးဆိုလၽွင္ ဤကဲ့သို႔အလြန္သာလြန္တဲ့အင္အားနဲ႔တေစၧဘုရင္တစ္ေယာက္က သူဆီဒီလိုဆက္ဆံမႈမ်ိဳးလာေပးေနတာလဲ။ သူကအမည္စာခ်ဳပ္ေတာင္ခ်ဳပ္ဖို႔ဆႏၵရွိေနလိုက္ေသးတယ္။ ဒိလိုမ်ိဳးပူေပါင္းမႈမ်ိဳးကလုံးဝကိုေအာက္ေျခစည္းမရွိေပ။ တျခားနည္းႏွင့္ေတြးရလၽွင္ ဝူ႐ုန္ကအ႐ူးတစ္ေယာက္ျဖစ္လၽွင္ေတာင္ တျခားသူရဲ့လက္ထဲသူ႔အသက္ကိုထည့္ေပးျခင္းမွာမျဖစ္နိုင္။

    ဘာလိုမ်ားတေစၧႀကီးကသူ႔ကိုအရမ္းေကာင္းမြန္စြာဆက္ဆံေနရပါသနည္း။

    " မင္းငါ့အေဒၚကိုသိလို႔လား ?"

    တေစၧႀကီး၏အသြင္ျပင္မွာ ဝူ႐ုန္ထက္ အသက္ပိုႀကီးသျဖင့္ ဝူ႐ုန္သူ႔ကိုယ္သူ စာရင္းထဲကပယ္လိုက္သည္။ တေစၧႀကီး၏အဆင့္ႏွင့္ဆိုလၽွင္ သူ႔ကိုသိနိုင္သည့္သူမွာ သူ၏အျမင္အရ ထင္းကန္ႀကီးမ်ားဆီၿငိမ္းေအးရန္ဆရာသခင္ဖုေနာက္လိုက္ခဲ့ေသာ သူ႔အေဒၚ ျဖစ္မည္။

     "အန္တီက မင္းကိုၾကင္နာခဲ့လို႔ ငါ့ကိုကာကြယ္ဖို႔လာခဲ့တာလား?"

    အကယ္၍ တေစၧႀကီးရဲ့ေရႊအပ္သာထင္းကန္အက္ေၾကာင္းထဲမွာ တကယ္ႀကီး ‌ျဖည္ေလ်ာ့သြားခဲ့တာဆိုလၽွင္ ထင္းကန္အက္ေၾကာင္းမွာ ထိုေခတ္အခါက သူရဲေကာင္းကိုးဦးထဲမွတစ္ဦးျဖစ္ေသာ Sima Gyatsoျမဳပ္ႏွံရာ ယိုဖိုတန္ထင္းကန္ႏွင့္ ဆက္ေနေသာအက္ေၾကာင္းတစ္ခုျဖစ္သည္။ အန္တီသည္လည္း သူရဲေကာင္းကိုးေဖာ္ထဲမွတစ္ဦးျဖစ္ရာ ဤအရာေတြၾကားမွဆက္ႏြယ္ခ်က္မွာ တိုက္ဆိုင္တာေတာ့မျဖစ္နိုင္။

    " မင္းကသူတို႔ေတြလမ္းခရီးမွာခ်ိတ္ပိတ္ခဲ့တဲ့တေစၧဘုရင္ျဖစ္နိုင္မလား?"

    ထိုအေတြးေပၚလာလၽွင္ေပၚလာခ်င္း ဝူ႐ုတ္ေခါင္းယမ္းမိသည္ ။မဟုတ္ေပ။ အကယ္၍ တေစၧႀကီးသာတကယ္ႀကီး ခ်ိတ္ပိတ္ခံထားရလၽွင္ သူရဲေကာင္း‌ကိုးေဖာ္ႏွင့္ ရန္လိုေသာဆက္ဆံေရးရွိကာ သူအေပၚေကာင္းရန္ဆိုသည္မွလုံးဝေမၽွာ္လင့္လို႔မရမည့္အရာျဖစ္သည္။ ဒါ့အျပင္ ဝူ႐ုန္ေခ်ာက္ကမ္းပါးမွျပဳတ္က်ၿပီး တေစၧႀကီးႏွင့္ပထမဆုံးဆုံေတြ႕စဥ္က တေစၧႀကီးမွာ သိသိသာသာကိုပင္ စကၠဴႀကိဳးၾကာပုံေခါက္ထားေသာဖုခ်င္း၏အေဆာင္အားတုန႔္ျပန္ခဲ့သည္။

   "မင္းကဖုမိသားစုကိုသိတာလား? ဒါမွမဟုတ္ မင္းစကၠဴႀကိဳးၾကာအေဆာင္ကိုသိတာလား? မင္းက လုန္ဟူေတာင္တန္းကလား?"

    ဝူ႐ုန္သူ႔အေတြးမ်ားကိုစီစစ္ေနသည္ " မင္းကငါ့အေဒၚကိုသိတယ္၊ ဖုမိသားစုနဲ႔ဆက္စပ္ေနတယ္ ၿပီေတာ့ရန္မလိုဘူး။ မင္းက ငါ့ကိုအရင္လူတစ္‌ ေယာက္ေၾကာင့္ကာကြယ္ေနတာ ဒါမဟုတ္ ငါရဲ့ထူးျခားလွတဲ့ခႏၶာကိုယ္တည္ေဆာက္ပုံေၾကာင့္လား? ငါကေသၿပီးတဲ့‌ေနာင္ တေစၧေတြရဲ့ဘုရင္ျဖစ္နိုင္ေခ်အျမင့္ဆုံးမွာရွိတယ္။ ဒါေၾကာင့္မင္းက ငါေသမွာကိုကာကြယ္ေပးတာ ဒါမွမဟုတ္ တေစၧေတြရဲ့ဘုရင္ျဖစ္လာျခင္းက ကာကြယ္တာလား?"

    ဝူ႐ုန္မွာအမွန္တကယ္ပင္ထက္ျမတ္လွကာ သူ၏ခံစားသိလြယ္မႈမွာလည္း အလြန္ထိတ္လန႔္ဖြယ္ေကာင္းလွသည္။ သဲလြန္စအနည္းငယ္ရ႐ုံျဖင့္ သူသည္ ပိုးအိမ္အားခြာခ်ကာ တျဖည္းျဖည္းႏွင့္ မူလပုံစံရေအာင္ထုတ္ေဖာ္မည္ျဖစ္သည္။ သူေျပာေလတေစၧႀကီးပိုတိတ္ဆိတ္ေလျဖစ္သည္။ ဝူ႐ုန္ေခါင္းေမာ့ကာ ထိုအလြန္အမင္းစူးရွလွေသာမ်က္လုံးမ်ားႏွင့္တေစၧႀကီးအားစိုက္ၾကည့္လာသည့္အခါ ထိုအၾကည့္က ဂ႐ုမစိုက္ၿငိမ္သက္ေနေသာတေစၧႀကီးေနာက္ဆုံးေတာင့္မခံနိုင္ျဖစ္ေစသည္။

    Whoosh.

    ေလျပင္းတစ္ခ်က္ႏွင့္အတူ ဝူ႐ုန္ေရွ႕မွ တေစၧပုံရိပ္‌ေပ်ာက္ကြယ္သြားသည္။ ဝူ႐ုန္၏စိတ္ေအးလက္ေအးၾကည္ေနမႈေႏွာက္ယွက္ခံလိုက္ရကာ သူအလိုအေလ်ာက္ပတ္လည္ကိုၾကည့္လိုက္သည့္အခါ ဟြမ္ေမာင္၊ပိုင္ကုႏွင့္  ေလေၾကာင့္႐ူပ္ပြသြားေသာ တျခားသူႏွင့္ဆုံသြားသည္။

    "အကို႐ုန္! ေကာင္းလိုက္တာ မင္းအဆင္ေျပေနတယ္!"

   ဤသည္မွာ မ်က္လုံးမွာမ်က္ရည္မ်ားႏွင့္ျမင္းရိုင္းတစ္ေကာင္လို ကဆုန္ေပါက္ေျပးလာသည့္ ဟြမ္ေမာင္ျဖစ္ကာ ေႁမြပါေလးကသူ၏ေျခခ်င္းဝက္အားကိုက္ထားေလသည္။

   " ေကာင္းတယ္ အရမ္းေကာင္းတာပဲ!"

   ဒါကေတာ့ ဟြမ္ေမာင္ေၾကာင့္အ႐ူးျဖစ္လုနီးပါး ဆုေရွာင္းမီျဖစ္သည္။

    "..."

    ဤသည္မွာ ဝူ႐ုန္၏ခြန္အားေၾကာင့္ထပ္မံ၍ထိတ္လန႔္သြားရျပန္သည့္ပိုင္ကုျဖစ္ၿပီး သူႏွလုံးသားထဲမွေန၍ဝူ႐ုန္‌ေနာက္လိုက္ရသည့္အတြက္ဦးညႊတ္လိုက္ေလသည္။

   ေခြးတစ္ေကာင္‌ကေတာ့ေပ်ာက္ေနတယ္။

    ဝူ႐ုန္မ်က္ေမွာင္ၾကဳတ္လိုက္ကာ " ေခြးတေစၧဘုရင္ကဘယ္ကိုသြားတာလဲ?"

   " Woof bark!"

    ဝူ႐ုန္ေခၚသံကိုၾကားသည့္အလား သိပ္‌မေဝးေသာေနရာမွ အသက္နက္နက္ျဖင့္ေဟာင္သံတစ္ခုထြက္ေပၚလာသည္။ ေခြးႀကီးကဲ့သို႔တူညီေသာစိတ္ႏွလုံးရွိသည္ဝူ႐ုန္မွာ မ်က္ခုံးကိုပင့္လိုက္ၿပီး တခ်ိန္တည္းမွာပင္ သူ႔အားၾကည့္ေနခဲ့ေသာဟြမ္ေမာင္တစ္ေယာက္ထိတ္လန္႔တၾကား ေအာ္ဟစ္လာသည္ " fck! ဘာလို႔ဒီေလာင္ေတာင္လူေသေတြမ်ားေနရတာလဲ?!"

    အခုတင္ဟြမ္ေမာင္၏ အာ႐ုံအားလုံးမွာ ယက္ခ်ီဝဲဂယက္ေပၚရွိေနရာ ထိုသူမ်ားမည္သည့္အခ်ိန္ကေပၚလာခဲ့သည့္ကိုမသိလိုက္! အရပ္မ်က္ႏွာအားလုံးအားနားေထာင္၍ေစာင့္ၾကည့္ေနခဲ့သည့္ ပိုင္ကုမွထိုအရာကိုသတိထားမိေလသည္ သို႔ေသာ္ ေခြးတေစၧဘုရင္ႀကီးကအရင္စ၍ေျဖရွင္းရန္လုပ္သည့္အခါ သူလူပ္ရွားစရာမလိုေတာ့။

    လူပုစံမေပၚေတာ့သူအရာတစ္ခုကိုေခြးတေစၧဘုရင္မွ ပစ္ခ်ေပးလာသည္ ေျမသို႔ျပဳတ္က်စဥ္က ညည္းညဴလိုက္သည့္အသံႏွင့္ တြန႔္ၾကဳံေနျခင္းေၾကာင့္သာ သူအသက္ရွင္ေနေသးသည္ကိုသိရျခင္းျဖစ္သည္။ ပိုင္ကုေခြးတေစၧဘုရင္အား အဓိပၸါယ္ရွိစြာၾကည့္လိုက္သည္ေခြးတစ္ေကာင္က တကယ္ႀကီး အသက္ရွင္ေအာင္ထားရမည့္အရာေတြကိုသိေနတာပဲ။ ဒီလိုဆိုမွေတာ့သူထိုထက္ပိုေကာင္းေအာင္လုပ္မွရေတာ့မည္။

   " ၾကည့္ရတာ လၽွို႔ဝွက္ဝိဘက္အဖြဲ႕ဝင္ယူနီေဖာင္းပဲ ဆုေရွာင္းမီ တခ်က္ၾကည့္ လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္ကတစုံတေယာက္မ်ားလား?"

   ပိုင္ကု‌ဆြဲေခၚခံလိုက္ရသည္ဆုေရွာင္းမီမွာ ခုထိအာ႐ုံျပန္မကပ္ေသးေပ သူသည္အရာအားလုံးကိုၾကည့္ျမင္သည့္အေပၚအနညငယ္မၽွေႏွးေကြးကာ သူအေပါက္ဝကိုမၾကည့္မီမွာတင္ ေဝဒနေၾကာင့္လူးလြန႔္ကာေျမေပၚအေၾကာဆြဲ‌ေနေသာ လူ ႐ုတ္တရက္ အျမႇုပ္တစီစီအန္ခ်ကာ သူမ်က္ႏွာ သည္လည္းေသြးျဖင့္ ဖုံးလႊမ္းေနသည္။ ျမင္မေကာင္း႐ူမေကာင္းစြာျဖင့္ " ေစာင့္ေရွာက္သူသၽွန႔္ မင္းတို႔ကိုသတ္မွာ ... ေသမွာ...မင္းတို႔အားလုံးေသရလိမ့္မယ္ ... "

    "ေစာင့္ေရွာင္သူ သၽွန႔္ ေစာင့္ေရွာက္သူသၽွန႔္ ဘယ္ေလာက္ေတာင္ေၾကာက္စရာေကာင္းလိုက္လဲ!"

    ဆုေရွာင္းမီ စကားလုံးအခ်ိဳ႕အားဗလုံးဗေထြးေျပာကာ ထိတ္လန႔္မႈ‌ေၾကာင့္‌ျဖဴေဖ်ာ့သြားၿပီး ထိုလူအနီးသို႔အလ်င္ျမန္ခ်ည္းကပ္သြားကာေမးလိုက္သည္ " မင္းေျပာတဲ့ေစာင့္ေရွာက္ သူ သၽွန႔္ဆိုတာ သၽွန႔္စန္းဆိုတဲ့သူလား လူရမ္းကားအ႐ူးေကာင္းတစ္ေယာက္ေလ?!"

    ထိုအရာကိုျမင္ေသာထိုသူမွာ ရက္စက္သည့္ဟန္ျပဳံးျဖဲျဖဲလုပ္ျပကာ စကားေျပာရန္ျငင္းဆိုေလသည္။ ဆုေရွာင္းမီလက္ျပန္ႏွင့္ထိုသူ၏မ်က္ႏွာအားျဖတ္ရိုက္လိုက္ၿပီးာေဆးပုလင္းတစ္ခုထုတ္ယူလိုက္ကာ ထိုသူပါးစပ္အားဆြဲညႇစ္ဖြင့္လစ္ကာ ေလာင္းထည့္လိုက္သည္။ ေသလုနီးပါး အသက္ငင္ေနသည့္သူမွာ ပို၍ လၽွင္ျမန္စြာအသက္႐ူလာၿပီး ႏွင္းဆီေရာင္သန္းကာ ရီေဝေနေတာ့သည္။ဆုေရွာင္းမီကေမးၿပီးသူကေျဖေလသည္။ သူ၏စကားမ်ားကိုနားေထာင္ရင္း ဆုေရွာင္းမီမ်က္ႏွာ ‌ေလးနက္သထက္ေလးနက္လာသည္။

    " ငါတို႔‌ေတြကို လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္ကပစ္မွတ္ထားေနၾကၿပီ လူအိုႀကီးယန္ရဲ့ေနရာကိုယူတဲ့တ‌‌စ္ေယာက္က ေစာင့္ေရွာက္သူသၽွန႔္‌ေပါ့ေလ!"

    ခ်က္ခ်င္းပင္ ဆုေရွာင္းမီသည္ လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္၏အထက္ပိုင္းစနစ္အေၾကာင္းအ‌ေသးစိတ္ကို 'ထြက္ေျပးရေအာက္ ' 'အကယ္၍မင္းမခ်နိုင္ရင္ထြက္ေျပးေတာ့'ဟူေသာေလသံျဖင့္ရွင္းျပလာသည္ သို႔ေသာ္ ဆုေရွာင္းမီေတြ႕လိုက္သည္က ပိုင္ကုမွဟြမ္ေမာင္ ဝူ႐ုန္ထိ မ်က္ႏွာသြင္ျပင္အားလုံးမွာ တည္‌ၿငိမ္လ်က္ရွိေနျခင္းပင္။ ဆုေရွာင္းမီမွ အႏၲာရယ္ကိုထပ္မံဖိေျပာလိုက္သည့္အခ်ိန္တြင္ ဟြမ္ေမာင္ကထူးဆန္းစြာေျပာလာသည္ " လာၿပီးတိုက္တယ္ အာ့ဒီလူရမ္းကားၾကမ္းတမ္းရက္စက္ပါတဲ့သၽွန႔္စန္းက အကိုေခြးတေစၧႀကီးရဲ့ရွင္းလင္းသုတ္သင္ျခင္းကိုခံရၿပီးေနေလာက္ၿပီ"

    "ဒီတခုကြဲျပားတယ္ သၽွန႔္စန္းက ရက္စက္ၾကမ္းၾကဳတ္ၿပီး သတိႀကီးႀကီးထားတက္တယ္ ၿပီးေတာ့ သူကဓမၼဘုရင္ေဖးနဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးရွိထားတယ္။ ဒီတေခါက္ ဓမၼဘုရင္ေဖးကသူ႔ကို လၽွို႔ဝွက္ၾကာပန္အသင္းေတာ္ရဲ့လၽွို႔ဝွက္ရတနာတစ္ခုကိုယာယီငွားလိုက္ေသးတယ္"

    ဆုေရွာင္းမီအလ်င္လိုစြာ‌ခုန္ေပါက္ေနရင္း ထိုနတ္ဆိုးေတြရဲ့လၽွို႔ဝွက္ရတနာ၏ ေၾကာ္စရာေကာင္းတဲ့အင္အားအေၾကာင္းကြက္ကြက္ကြင္းကြင္ျမင္‌သာေအာင္ရွင္းျပေလသည္ " ... ပထမႏွင့္ဒုတိယကိုမေျပာနဲ႔ဦး တတိယာအဆင့္ အမ်ိဳးသမီးအေရျပားပဲ။ အာ့တာကို‌ဆြဲဆုတ္ၿပီးေနာက္မွာေတာ့ မေရာမတြက္နိုင္ေသာ အၿငိဳးႀကီးတေစၧေတြၾကားထဲမွာ ကိုးဆယ္ကိုးႏွင့္ ရွစ္ဆယ့္တစ္ရက္ၾကာထားၿပီး သန႔္စင္ထားတာ။ သူက လူႏွင့္တေစၧေထာင္ေပါင္းမ်ားစြာကိုသတ္ျဖတ္ထားတဲ့ေၾကာက္စရာမေကာင္းဆိုးဝါးတစ္ေကာင္ပဲ သူက ေကာင္းကင္အဆင့္ဝင္ထဲကသန္မာသူေတြကိုေတာင္သတ္ျဖတ္နိုင္တယ္!"

    Pa

    အေလာင္းတစ္ခု အလင္းတစ္အုပ္ႏွင့္ အသားေရာင္အရာဝတၳဳတစ္ခု မိုးေပၚမွ ဝူ႐ုန္ေရွ႕သို႔ျပဳတ္က်လာသည္။ သူတို႔ထဲတြင္ အသား‌ေရာင္ႏွင့္ အရာမွာ အလြန္ဆန႔္က်ဳံ႕နိုင္စြမ္းရွိစြာ မ်က္စိတမွိတ္အတြင္း ဆုေရွာင္းမီေရွ႕ေရာက္လာသည္။ အလ်င္စလိုျဖစ္ေနေသာဆုေရွာင္းမီမွာ ရြံရွာစြာျဖင့္ ပုံမွန္လိုပင္ထိုအရာအားကန္ထည့္လိုက္သည္။ လွိမ့္ဝင္ ေနေသာအသားေရာင္အရာမွာ ေကာ္ေဇာ္တစ္ခုလိုျပန႔္ကားသြားၿပီး လူတိုင္းေရွ႕တြင္ေပၚထြက္လာသည္။

   ဝူ႐ုန္မွာမ်က္ႏွာအမူယာမၿပ ပိုင္ကုသည္ေတာ့ထိတ္လန႔္မႈေၾကာင့္ထခုန္မိသြားၿပီး ဆုေရွာင္းမီ၏အမူအယာမွာ ေတာင့္တင္းသြားသည္။

    " အာ... ဒါကၾကည့္ရတာ အမ်ိဳးသမီးအေရျပားနဲ႔တူတယ္။ ဘာလို႔ ဒီေလာက္ႀကီးေနတဲ့မိန္းကေလးကဘာမွဝတ္မထားရတာလဲ?"

   ဟြမ္ေမာင္ပထမေတာ့ေၾကာင္အေနေသာ္လည္း ၿပီးေနာက္ရွက္ရြံစြာျဖင့္ သူ၏ရွပ္အကၤ်ီကိုခၽြတ္ကာအမ်ိဳးသမီးအေရျပားေပၚျခဳံေပးလိုက္ၿပီး သူမ၏ ေနရာသုံးခ်က္ကိုဖုံးေပးလိုက္သည္။

    "ေစာင့္ေရွာင္သူသၽွန႔္ --!"

    ႏွလုံးကြဲမတက္စူးရွသည့္အသံတစ္ခုထြက္လာကာ ဆုေရွာင္းမီစစ္ေဆးေမးျမန္းခံေနရသည္သူသည္ အေလာင္းေဘးသို႔တြားသြားေနသည္ကိုေတြ႕လိုက္ရသည္ သူမယုံၾကည္နိုင္စြာ တီတိုးရြတ္ေနသည္ " အစြန္းေရာက္လူရမ္းကားကေသၿပီ၊ လူရမ္းကားႀကီးကေသၿပီ... ... Bleurgh!"

    သူေဒါသႏွင့္မေက်နပ္ခ်က္မ်ားေၾကာင့္ ေသြးတပြက္အန္ၿပီးေနာက္ မ်က္စိတမွိတ္အတြင္း အသက္႐ူရပ္သြားေတာ့သည္။

    ဝူ႐ုန္ကိုဖမ္းဖို႔လာတဲ့သူေတြကဒီလိုပဲေသသြားတယ္ေပါ့။

    အပူခ်ိန္မ်ားထိုးက်ေနၿပီး တေစၧႀကီးမွာဝူ႐ုန္ေဘးတြင္ထပ္မံေပၚထြက္လာကာ သူ႔လက္မွာ ဝူ႐ုန္ပုခုံးေပၚတြင္ရွိေနသည္။ တေစၧႀကီးဘာလုပ္လိုက္သည္မသိ အမ်ိဳးသမီးအေရျပားမွာ သူဘာသာသူျပန္လိပ္သြားၿပီး သူေဘးရွိေနေသာေသတၱာငယ္အတြင္းျပန္ခုန္ဝင္သြားကာ အေရျပားထည့္ထားေသာေသတၱာပင္လၽွင္ ဝူ႐ုန္ေရွ႕သို႔ခုန္ဝင္လာခဲ့သည္။

    "ငါအတြက္လား?"

    တေစၧႀကီးမွာစကားမေျပားသူသည္သူ၏ပုံေသတိတ္ဆိတ္မႈထဲရွိေနသည္။ သူသည္ဤတစ္ႀကိမ္တြင္သူ၏တေစၧခ်ီမ်ားအား ထိန္းသိမ္းထားသည့္တိုင္ ဟြမ္ေမာင္ႏွင့္တျခားသူမွာမခံနိုင္ေသးေပပဲ မီတာငါးဆယ္‌အေဝးကိုေရာက္သြားရန္ဖိအားေပးေနသည္။ တေစၧႀကီးကိုေတြ႕ေသာအခါ အရင္ကသူ၏မၿပီးျပတ္ေသးေသာအေၾကာင္းတရားကိုသတိရသြားသည္။ သို႔‌ေသာထိုအခိုက္မွာပင္ ဟြမ္ေမာင္၏အသံမွာ ေသြးစာခ်ဳပ္မွာတဆင့္ဝူ႐ုန္စိတ္ထဲျမည္လာသည္။

   "အကို႐ုန္ အခုတင္ကၽြန္ေတာ္အကိုအတြက္စိတ္ပူလို႔ ဖုေတာက္က်န႔္ကိုေခၚခဲ့တယ္"

   ဝူ႐ုန္ေနာက္ျပန္ဆုတ္မိသြားသည္။

    ဖုခ်င္း?

    ဖုခ်င္း!

   Boom!!

    အေဝးတေနရာမွာ မိုးၿခိမ္းသံလို ႐ုတ္တရက္ေပါက္ကြဲသံထြက္လာၿပီးဆက္တိုက္ ၿပိဳက်ပ်က္ဆီးသံမ်ားထြက္လာေနသည္။ မ်က္ႏွာခ်င္းဆိုင္ဆီမွ မ်က္စိက်ိန္းေလာက္စရာ လိေမၼာ္နီေရာင္အလင္းတန္းမ်ားျဖာထြက္လာေနၿပီး လုံးဝကိုအေမွာင္ထဲေရာက္ေနသည့္ တေစၧပိုင္နက္မွာ ႐ုတ္တရက္ေနထြက္လာသကဲ့သို႔ပင္! လိေမၼာ္နီေရာင္မီးေတာက္မ်ားမွာ ေကာင္းကင္ထိျဖတ္ေက်ာ္ကာ ျပင္းထန္စြာေလာင္ကၽြမ္းေနေတာ့သည္။ အေဝးကေနပင္ ေၾကာက္မက္ဖြယ္အပူ‌ဒဏ္ကိုခံစားရနိုင္သည္။ ထိုအရာမွာ နတ္ဆိုးဝိဉာဥ္ႏွင့္တေစၧအားလုံးတြက္ေရွာင္ကြင္းမစြမ္းသာသည့္ ေဘးဒုကၡ က်န႔္ယန္မီးျဖစ္သည္။

    ဤမၽွေလာက္ထိတ္လန႔္ဖြယ္မီးေတာက္မ်ားမွာ ဝူ႐ုန္ပင္လၽွင္ မတက္နိုင္စြာစိတ္လြတ္သြားရသည္။ ဖုခ်င္း၏မီးေတာက္မ်ားမွာ ထင္းကန္နံပါတ္၄၄၄ထဲကထက္ပို၍ အားေကာင္းလာသည္။ ထိုအရာႏွင့္ယွဥ္လၽွင္ သည္းထိပ္ရင္ဖိုစရာအပူခ်ိန္မ်ိဳးျဖစ္သည္!

   Bang--

    ဝူ႐ုန္မွာ ေရခဲတမၽွေအးခဲေနေသာ လက္ေမာင္းတစ္စုံႏွင့္ေထြးေပြ႕ခံထားရၿပီး ဝန္းရံေနေသာယင္ခ်ီမ်ားက ေလာင္ၿမိဳက္ေနေသာအပူကို ပယ္ဖ်တ္ေပးေနသည္။ ဝူ႐ုန္ တေစၧႀကီး၏လူပ္ရွားမႈကိုမျမင္နိုင္ သို‌ေသာ္ သူေဘးတြင္ရွိေနေသာ ပိုင္ကုႏွင့္ဟြမ္ေမာင္မွာအားလုံးကိုျမင္ေနရသည္။ အနီေရာင္ဝတ္႐ုံႏွင့္တေစၧမွာ သူ႔ေခါင္းအားအနည္းငယ္မၽွေစာင္းလိုက္ၿပီး ယန္မီးေတာက္ ေတာက္ေလာင္ ေနရာဘက္သို႔ၾကည့္ေနသကဲ့သိုပင္။ ၿပီးေနာက္ ေနာက္တခဏ၌---

   Rumble! Rumble --!!!

    က်န႔္ယန္မီးေတာက္ေလာင္ေနရာမွ နားကြဲမတက္ေပါက္ကြဲသံမ်ား႐ုတ္တရက္ထြက္ေပၚလာသည္။ ႂကြယ္ဝေသာယင္ခ်ီႏွင့္ က်န္ယန႔္မီးေတာက္ ႏွစ္ခုတိုက္မိရာမွေပါက္ကြဲမႈမ်ားျဖစ္ေပၚလာသည္! ေကာင္းကင္ကိုဆုတ္ျဖဲနိုင္ေလာက္သည့္ေတာက္ပေသာအလင္းေရာင္ႏွင့္ ယင္ခ်ီမ်သိပ္သည္းေနေသာအနက္ေရာင္ျမဴမ်ားမွာ ၾကမ္းၾကဳတ္ရက္စက္သည့္နဂါးႏွစ္ေကာင္တိုက္ခိုက္ေနသည္ႏွင့္ပင္တူကာ ဟိန္းေဟာက္သံမွာ မိုးၿခိမ္းသံထက္ပိုက်ယ္ေလာင္လ်က္ တိုက္ခိုက္မႈမ်ားၾကားအဆုံးအစမရွိၾကားေနရသည္! သိသိသာသာကိုပင္ အနက္ေရာင္နဂါးမွာ အသာစီးရေနၿပီး မီးေတာက္အားတခဏမၽွျပန္တြန္းထုတ္နိုင္ခဲ့သည္ သို႔‌ေသာ္ က်န႔္ယန္မီးမွာ အားနည္းမႈတစုံတရာျပသမလာ ျပာပုံထဲမွျပန္လည္ေမြးဖြားလာေသာ ဖီးနစ္ငွက္လို သူမွိန္ေဖ်ာ့သြားၿပီးသည့္အခ်ိန္တိုင္းပိုသန္မာလာေလသည္။

    "မတိုက္ၾကနဲ႔ေတာ့!"

    ထိုအရာကိုသတိထားမိသြားသည့္ဝူ႐ုန္မွာ တေစၧႀကီး၏လက္ကိုဆြဲယူလိုက္ကာ သူေရွ႕မွျမင္ကြင္းအားအလြန္အမင္းေခါင္းကိုက္စြာျဖင့္ ရင္ဆိုင္လိုက္ေတာ့သည္။အခုအခ်ိန္မွာ အမွန္တကယ္ကိုဖုခ်င္းအား ဝန္ခံရန္အခ်ိန္ေကာင္းမဟုတ္။ ဖုခ်င္း၏တေစၧမ်ားအေပၚအၾကင္နာတရားမဲ့စြာရန္လိုျခင္းမွာ ဝူ႐ုန္အားအလြန္သတိထားမိေစသည္။ တေစၧႀကီး၏သ႐ုပ္မွန္အားမသိရေသးသည္ကိုမဆိုႏွင့္ ခ်ိတ္စည္းမွာ လုံးဝဖြင့္လစ္ၿပီးသည္မဟုတ္သည့္အျပင္ တေစၧႀကီးႏွင့္ဖုမိသားစုၾကားဆက္ဆံ‌ေရးမွာလည္းမသိရေသး။

    စကၠဴႀကိဳးၾကာ‌အေပၚတုန႔္ျပန္လာသည့္သူမွာ မိတ္ေဟာင္းသို႔မဟုတ္ ရန္သူလည္းျဖစ္နိုင္သည္။ အကယ္၍သူႏွင့္ဖုမိသားစုသာရန္သူမ်ားျဖစ္လၽွင္ ကိစၥမ်ားကပို႐ူပ္ေထြးနိုင္သည္။

    ဝူ႐ုန္သည္ အရာအားလုံးကိုရွင္းလင္းစြာသိၿပီးမွဖုခ်င္းႏွင့္ေဆြးေႏြးလိုခဲ့သည္။ ဒါေပမယ့္အခု သိသိသာသာကိုပင္ တေစၧႀကီအားအေဝးပို႔ရန္မမွီေတာ့ဘယ္သူကသိမလဲသူတို႔ႏွစ္ဦးလုံးကအရမ္းကိုစြမ္းအားႀကီးၿပီး‌ေတြ႕တာနဲ႔တိုက္ခိုက္မည္ကိုေပါ့! တေစၧႀကီးမွယင္ခ်ီမ်ားကိုျပန္သိမ္းၿပီးသည့္ေနာက္ က်န္ယန႔္မီးေတာက္မ်ားပိုပို၍ရန္လိုကာ ျပင္းထန္လာကာ တေစၧပိုင္နက္တစ္ခု လုံး ဘာမွမက်န္‌ေတာ့သည္အထိ‌ ေလာင္ၿမိဳက္ေစခ်င္‌ ေနသည္ကို ဝူ႐ုန္သူ႔မ်က္လုံးႏွင့္မ်က္ဝါးထင္ထင္‌ျမင္သည္။

    ဖုခ်င္းသူ၏က်န္႔ယန္မီးေတာက္မ်ားကိုသုံးကာ ဤအရွိန္ႏွင့္ဆိုလၽွင္သူတို႔ရွိရာဆီငါးမိနစ္အတြင္းေရာက္လာနည္ျဖစ္သည္!

    ဘာလုပ္ရမလဲ ျပႆနာေတြမေျဖရွင္းရေသးမီဖုခ်င္းကိုတကယ္ႀကိးဝန္ခံခ်င္လား? သူနဲဖုခ်င္းၾကားကဆက္ဆံေရးက နတ္ဆိုးေတြအေပၚထားတဲ့သူရဲ့သက္ျဖတ္လိုစိတ္ထက္အေလးသာနိုင္လား?

    ဝူ႐ုန္ေလာင္းကစားလုပ္ရသည္ကိုမႀကိဳက္ မက်ိန္းေသသည့္အရာမ်ားကိုလုပ္ရျခင္းကိုဆိုပို၍ပင္မႀကိဳက္။ အခုေတာ့ သူစိတ္မပူပဲမေနနိုင္ အကယ္၍တစုံတေယာက္သာဖုခ်င္းအားအေဝးေရာက္ေအာင္ဆြဲေဆာင္နိုင္မည္ဆိုပါက...

   Clatter.

   အနက္ေရာင္ဝတ္စုံႏွင့္လူမွာေကာင္းကင္မွျပဳတ္က်လာၿပီး ဝူ႐ုန္ႏွင့္သူ၏အဖြဲ႕အက်န႔္ယန္မီးမွကာကြယ္ေပးလိုက္သည္။

    ဝူ႐ုန္၏႐ုတ္တရက္ တန္ျပန္ရန္လိုမႈကိုရင္ဆိုင္လိုက္ရသည့္အခါ ညအေမွာင္တြင္သူမ်က္ႏွာအားဖုံးကြယ္ထားသည့္လ်ႈ႔ဝွက္ဆန္းၾကယ္ေသာလူမွာ ဒူးတစ္ဖက္ကိုေထာက္ကာ သူ၏ညာလက္ျဖင့္သတိေပးျခင္းမရွိဝူ႐ုန္ရင္ဘက္အားထိလိုက္ၿပီးေနာက္ ရိုေသစြာဦးညႊတ္၍ ေအးစက္ကာအက္ကြဲ‌ေနေသာအသံျဖင့္ " ေဘာစ့္ ေက်းဇူးျပဳၿပီး ခၽြမ္ယန္ဇီကိုမင္းအ‌တြက္ ရပ္ခြင့္ေပးပါ "

____

စာေရးသူတြင္ေျပာစရာရွိသည္:

    ဆရာသခင္လင္းယြင္ကသူအသက္ကိုစြန႔္စားဖို႔သြားေနၿပီ!

    သူအတြက္အားေပးလိုက္ၾကရေအာင္!

2:07pm,Sat,25.11.23
4326words

   
   

  

   

Ga verder met lezen

Dit interesseert je vast

19.9K 3.2K 34
MM Translation Unicode and Zawgyi are available. Update: 3 parts per week (Tue, thus, sat)
8.6K 963 9
Author - Tangerine Boat Status - (94 chapters + 1 extra) English Translator - kimrokso_o I have permission from English Translator. I do not own this...
14.2K 248 106
Description; Status in COO: 102 Chapters (Completed) The business bigshot who covered the sky with one hand, Zhao Yao, died of an illness. Once he op...