၂၂။ ရှင်ဒီလိုချိန်းဆိုမှုကို ထပ်လုပ်ရဲရင် ငါကိုယ်တိုင်သတ်ပစ်မယ်။

6.5K 859 10
                                    

Unicode

မြေအောက် ရထားဘူတာသို့ သွားသည့်လမ်းတွင် လမ်းကြားတစ်ခုကို ဖြတ်သွားရသည်။ စုချွေကယ် ဒီနေ့လာချိန်တွင် သိပ်သတိမထားခဲ့ပေ။ သို့သော် ညဘက်တွင် လမ်းကြားထဲ ဘယ်သူမှမရှိပဲ တစ်ခါတစ်‌ေလ ကြောင်တစ်ကောင်၊ နှစ်ကောင် ပြေးသွားတာကိုသာ မြင်ရတတ်သည်။ ထွက်ပြီးနောက် မြေအောက်ရထား ဘူတာရုံသို့ လမ်းတစ်လမ်းမှ လျှောက်ခဲ့ကြသည်။

ဒီအချိန်အတွင်း ရှဲ့ရှင်းလင် ကသူမအနောက်ကနေသာ လိုက်ခဲ့သည်။

စုချွေကယ် သည် ရှဲ့ရှင်းလင် ကသူမအား ရထားဘူတာသို့ လိုက်ပို့ပေးနေတယ်လို့ ခံစားလိုက်ရသည်။

သူတို့နှစ်ယောက်က တိတ်ဆိတ်နေကြချိန်တွင် လမ်းကြားတွင် လေက‌တိုက်ခတ်သွားသည်။

ပတ်ဝန်းကျင်က မဲမှောင်နေတာ‌ေကြာင့် သူမ နည်းနည်းတော့ ကြောက်မိသည်။ စကားပြောချင်ပေမဲ့ သူတို့ကြားတွင် ပြောစရာ စကားမရှိကြောင်းကို တွေ့ရှိခဲ့သည်။

လမ်းတစ်ဝက်တွင် စုချွေကယ် သည်ရုတ်တရက် အသံကြားလိုက်သည်။ ဒီတိတ်ဆိတ်နေသည့် လမ်းကြားတွင် အတော်လေး ရုတ်တရက်ဆန်ပြီး မြေကြီးကိုတောင် တုန်ခါသွားစေသည်။

စုချွေကယ် ခေါင်းကိုလှည့်လိုက်သည်နှင့် အနောက်မှ အဖြူရောင် အလင်းရောင်ကို မြင်လိုက်ပြီး သူမမျက်လုံးကို ကျိန်းစပ်သွားစေသည်။

ဒါက ဆိုင်ကယ်အင်ဂျင်မှ အသံဖြစ်ကြောင်း သိလိုက်သည်။

လမ်းကြား အနောက်ဘက်မှ ဆိုင်ကယ်သုံးစီးက မောင်းလာကြပြီး မီးအလင်းရောင်က ကောင်းကင်တွင် အလင်းရောင် တောက်ပနေသလို ထွန်းလင်းနေပြီး သူမကို ခေါင်းမူးစေသည်။ သူမ မတုန့်ပြန်ခင် ရှဲ့ရှင်းလင် ကသူမကို ဆွဲခေါ်လိုက်သည်။ သူမခန္ဓာကိုယ်အား သူ့လက်မောင်းနဲ့ ကာထားပြီး နောက်တစ်က္ကန့်လောက်တွင် ဆိုင်ကယ်တွေက သူတို့ကို တိုက်မိတော့မလို ဖြစ်နေသည်။

ရှဲ့ရှင်းလင် ရဲ့ညာဘက်လက်ကို တိုက်မိသွားပြီး သူ့ဆီမှ ညည်းညူးသံကို စုချွေကယ် ကြားလိုက်ရသည်။

စုချွေကယ် ကဘေးဘက်ကို ကြည့်လိုက်ပြီး ဆိုင်ကယ်ပေါ်မှလူက ဘားတွင်သူမနဲ့ အရက်သောက်ဖို့ ကြိုးစားခဲ့သည့် လူဖြစ်ကြောင်း သိလိုက်ရသည်။ အလင်းရောင်ဘက်မှ ရယ်သံတွေ ထွက်ပေါ်လာခဲ့သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Tahanan ng mga kuwento. Tumuklas ngayon