၅၀။ ထုတ်ဖော်ပြောဆိုခြင်း

4.6K 753 38
                                    

Unicode

သူ့စကားတွေကို နားထောင်လိုက်ရင်း သူမခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလို စုချွေကယ် ခံစားလိုက်ရပြီး သူမဦးနှောက်က ဘာမှမတွေးနိုင်တော့ပေ။

သူမအရင်တုန်းက အေးဆေးသာနေခဲ့သည့် မိန်းကလေး ဖြစ်တာကြောင့် ကောင်လေးတွေနဲ့ တခြားအကြောင်းတွေ မပြောဖူးပေ။ ဒီလိုမျိုး အစအနောက် မခံရဖူးတာကြောင့် ရှဲ့ရှင်းလင် ကိုဘယ်လိုပြောရမှန်း မသိပေ။

သူမ မထိန်းချုပ်နိုင်ပဲ အချိန်တိုင်း ၁၂၀ ကိုသာ ဖုန်းခေါ်ချင်နေခဲ့သည်။ သူ့ပုံစံကို မှော်ကြေးမုံတွင်သာ ပြလိုက်ချင်သည်။

ဒါပေမဲ့... ဒါပေမဲ့ ဒီနတ်သမီးတွေရဲ့ ကျင့်ကြံမှုက ပိုအဆင့်မြင့်လွန်းတယ်။

ဆရာအဆင့်ဖြစ်ပြီး ခြံဝန်းနဲ့ နေဖို့တောင် ရည်ရွယ်နေသေးတယ်။

သူ့ကို မထိန်းနိုင်တာကို သူမ သိသွားသည်။ သူမကို ကြည့်နေရင်း ရှဲ့ရှင်းလင် ရဲ့နှုတ်ခမ်းထောင့်က ကွေးသွားပြီး ခေါင်းငုံ့ကာ အနားကို တိုးလာခဲ့သည်။ သူမနှာခေါင်းတွင် နွေးထွေးသည့် အသက်ရှူသံကို ရလိုက်ပြီး သူမမျက်တောင်တွေက လှုပ်သွားခဲ့သည်။

သူ့ကို မော့ကြည့်လိုက်ချိန်တွင် ကောင်လေးရဲ့ အညိုရောင် သူငယ်အိမ်တွေက တချို့အကြောင်းတွေကြောင့် လူတွေအား မောပန်းစေပြီး သူမအနားကို တိုးလာခဲ့သည်။ သူ့အား ညှို့ဓာတ်တစ်ခုလိုသာ အချိန်ခဏလောက် စိုက်ကြည့်နေခဲ့သည်။

ထို့နောက် သူမ မျက်လုံးတွေကို မှိတ်လိုက်သည်။

ကောင်းပြီ။

တခြားသူက ခံစားရလိမ့်မယ်။

သူ့ကို သူမ မကြောက်ဘူး။

အထဲက လူနှစ်ယောက်ရဲ့ အသက်ရှူသံက ရောထွေးနေပြီး သူတို့နှာခေါင်းထိပ်တွေက ထိခါနီး ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရပြီး အခန်းကို ပြင်းထန်စွာ အနှောင့်အယှက်ပေးလာခဲ့သည်။

“ချွေအာ၊ နင့်အတန်းအလှည့်ရောက်ပြီ။ မြန်မြန်လုပ်”

ဒါက ဝမ်မင်မင် ရဲ့အသံဖြစ်သည်။ စုချွေကယ် ကမျက်လုံးကို အလျင်အမြန် ဖွင့်လိုက်ပြီး အသက်ရှူသွင်းလိုက်ပြီးနောက် အမှားလုပ်မိသွားကာ သူမနှုတ်ခမ်းက သူ့မေးရိုးကို ထိသွားခဲ့သည်။ နားတွေက နီရဲပြီး ပူလာခဲ့သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now