၆၈။ မင်းထပ်မငိုရဖို့ ကိုယ်ကတိပေးပါတယ်။

4.3K 571 16
                                    

Unicode

စုချွေကယ် ကဘဝတွင် အခက်ခဲဆုံးနှစ်တွေကို ပြန်ရောက်လာလိမ့်မယ်လို့ အမြဲတမ်း ထင်နေခဲ့သည်။ သို့သော် လုံးဝကို ဆန့်ကျင်စွာဖြင့် အတော်လေး အေးဆေးနေခဲ့သည်။

နေရာကလည်း လွယ်ကူလာခဲ့သည်။ ရှဲ့ရှင်းလင် နဲ့တွေ့ဆုံခဲ့တာကြောင့် မြင့်မားလာတာ ဖြစ်နိုင်သည်။ သူတို့က အချိန်တိုင်း တွေ့ဆုံကြပြီး ဝင်ရောက်မည့် တက္ကသိုလ်အကြောင်း ဆွေးနွေးကြကာ ဘယ်လိုအခက်အခဲဖြစ်ဖြစ် ကျော်ဖြတ်နိုင်မယ်လို့ ခံစားနေရသည်။

ဆောင်းရာသီ အားလပ်ချိန်အတွင်း သူက မကြာခဏ သူမအိမ်တွင် စာလေ့လာဖို့လာတက်ပြီး သူမမြို့တော် သွားချင်တာကို သိနေခဲ့သည်။

မြို့တော်မှ တက္ကသိုလ်တွေက အမှတ်မြင့်မှ ဝင်ခွင့်ရနိုင်ပေမဲ့ သူတို့အတွက်တော့ ပုံမှန်အတိုင်း လုပ်ဆောင်နေရုံ၊ ပြိုင်ပွဲမှ အမှတ်တွေ မပါတာတောင် ယုံကြည်ချက်ရှိရှိဖြင့် ဝင်ရောက်နိုင်သည်။

အရာရာတိုင်းက ကောင်းမွန်စွာ ဦးတည်နေခဲ့သည်။ ဆောင်းရာသီအားလပ်ရက် ၁၀ ရက်က ကုန်ဆုံးသွားခဲ့သည်။ ကျောင်းမစတင်ခင် ရက်အနည်းငယ်တွင် ရှဲ့ရှင်းလင် ကထိုနေ့အတွက် အိမ်စာတွေကို ထုတ်ပေးခဲ့သည်။

ပိုင်အန်းအန်း ရဲ့ခွဲစိတ်မှုရလဒ်ကြောင်းကို သူမ မသိပေ။ စုချွေကယ် ကအချိန်တိုင်း မေးခဲ့ပေမဲ့ ရှဲ့ရှင်းလင် ကဘယ်လိုဆိုတာ တစ်ခါမှ မပြောခဲ့ပေ။

ထို့ကြောင့် သူ့အခြေအနေကို ကြည့်ရင်း ရလဒ်က သိပ်မကောင်းကြောင်း စုချွေကယ် ခံစားမိသည်။ ပုံမှန်ဆို ငွေရဖို့အတွက် အလုပ်ကြိုးစားတက်ပေမဲ့ သူမမေးရင်တောင် ဘာမှမပြောပေ။

ထိုနေ့တွင် စုချွေကယ် ကသူ့အား အောက်ထပ်သို့ လိုက်ပို့ခဲ့သည်။ အပြင်ဘက်တွင် နှင်းကျနေပြီး ရာသီဥတုက သိပ်အနွေးကြီးတော့ မဟုတ်ပေ။

စုချွေကယ် ကလက်အိတ်ဝတ်လိုက်ပြီး သူ့ကို အောက်ထပ် လိုက်ပို့ပေးလိုက်သည်။ သူ့မျက်လုံးတွေက သူမဝတ်ထားသည့် အင်္ကျီကို ကြည့်လိုက်သည်။

သူ့လက်တွေကို ကိုင်လိုက်ပြီး “ဒီတစ်ကြိမ်တော့ တကယ်မလာတော့ဘူးလား?” သူမကို ငုံ့ကြည့်လိုက်ပြီးနောက် သူမလက်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now