၁၀။ 502 ကော်စီမံကိန်း

7K 949 8
                                    

Unicode

အတန်းပြီးချိန်တွင် စုချွေကယ် သည်မူလပိုင်ရှင်ရဲ့ ပစ္စည်းကို လေ့လာသည့် အလေ့အကျင့်ကို ပြုလုပ်ခဲ့သည်။

အလှကုန်အိတ်ကို လှန်လှောကြည့်ပြီး‌ေနာက် မူလပိုင်ရှင်တွင် အသုံးမပြုသည့် ခဲတံများစွာ မရှိသော်လည်း မျက်ခုံးမွှေးဆွဲတံတော့ နည်းနည်းများသည်။

သူမတောင် ဒီနူးညံ့သိမ်မွေ့သည့် မိန်းကလေးသုံးသည့် hand cream ရဲ့အရည်အသွေးက မဆိုးဘူးဆိုတာ သတိပြုမိသည်။

စုချွေကယ် သည်သူမလက်တွေက အနည်းငယ် ခြောက်သွေ့နေတယ်လို့ ခံစားလိုက်ရတာကြောင့် ထုတ်သံုးလိုက်သည်။

hand cream ရဲ့ထုတ်ပိုးသည့်ပုံစံက နည်းနည်းထူးဆန်းပေမဲ့ အနီးကပ်မကြည့်ခဲ့ပေ။ လက်ဖဝါး‌ေပါ်သာ တိုက်ရိုက်ညှစ်ချလိုက်သည်။

သူမ လက်ဖဝါးပေါ်ကို တချို့ညှစ်ထည့်လိုက်ချိန်တွင် အရောင်နဲ့ ထိတွေ့မှုကြောင့် တော်တော်လေး မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

ထို့နောက် hand cream အောက်တွင် ‌အတော်လေး သေးငယ်သည့် စာလုံးလေးကို မြင်လိုက်ပြီး အရမ်းကို သေးငယ်တာကြောင့် ဂရုမပြုမိရင် မြင်ဖို့က အရမ်းခက်ခဲသည်။

502

စုချွေကယ် : ! ! !

မူလပိုင်ရှင်ရဲ့ မှတ်စုထဲမှ '502 ကော်စီမံကိန်း' ဆိုတာကို ဖတ်ခဲ့မိတဲ့အကြောင်းကို မှတ်မိသွားသည်။

ထိုအချိန်က သူမ အများကြီး မစဉ်းစားခဲ့ပဲ အရမ်းကို နုံအပြီး သူမအစ်ကိုအား စိတ်ကျေနပ်စေရန် ဇာတ်လိုက်နဲ့ ယှဉ်ပြိုင်ရန် ကြိုးစားခဲ့တာလို့ ထင်ခဲ့သည်။

ဒါပေမဲ့ ဒီနုံအတဲ့ နည်းလမ်းကို အသုံးပြုသူက သူမကိုယ်တိုင်ပဲဆိုတာကို‌ေတာ့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ဒီ.. ဒီ... ဒီ 502 ကော်စီမံကိန်းက အထဲမှာလား???

ခနလေး၊ ဒီလိုဆိုရွားတဲ့ အရာကို အသုံးချချင်ရင်တောင် '502'ဆိုတာကို ဒီလိုနေရာမှာ ဖုံးကွယ်ထားဖို့ ဘာကြောင့် လိုအပ်ရလဲ?

စုချွေကယ် ကချက်ချင်း ထရပ်လိုက်ပြီး သန့်စင်ခန်းကို လျင်မြန်စွာ ပြေးသွားလိုက်သည်။ သို့သော် သူမက ရုတ်တရက် ထရပ်လိုက်ပြီး ခေါင်းကိုလှည့်လိုက်ချိန်တွင် သူမအနောက်မှ လူရဲ့‌ေမး‌ေစ့နဲ့ စောင့်မိသွားခဲ့သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now