၂။ အနာဂတ်အတွက် အစီစဉ်ချခြင်း

10.9K 1K 12
                                    

Unicode

ဝေ့ကော ကအချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ဒေါသထွက်စွာနဲ့ ထရယ်လိုက်သည်။ "စုချွေကယ်၊ မင်းက ငါ့နဲ့ကစားနေတာလား?? ငါ့ကို ငွေထပ်မပေးချင်ရင် ဒဲ့သာပြောလိုက်။ ဘာကြောင့် မင်းက အရမ်းကောင်းတဲ့ လူတစ်ယောက်လို ဟန်ဆောင်နေရတာလဲ?"

သူအံကြိတ်လိုက်သည်။ "အခုသေသေချာချာ မရှင်းပြဘူးဆိုရင် မင်းဘယ်ကိုမှ သွားဖို့မစဉ်းစားနဲ့။ ငါ့ကို မျောက်လိုမျိုးကစားဖို့ ကြိုးစားနေတာလား? ဒီညီအစ်ကိုတွေကို ငါဒီနေရာကို ခေါ်ခဲ့တယ်၊ မင်းက သူတို့ကိုအရုပ်လို ကစားနေတာလား? စုချွေကယ်၊ ငါမင်းကို ပြောမယ်၊ မဖြစ်နိုင်ဘူး၊ မင်း..."

စုချွေကယ် ကသူ့ကိုမော့ကြည့်လိုက်ပြီး လက်‌နှစ်ချောင်း ထောင်ပြလိုက်သည်။ "ငွေနှစ်ဆပေးမယ်"

ဝေ့ကော ကသူ့စကားကို အလျင်အမြန်ပင် ပြန်ထိန်းလိုက်သည်။ "အိုကေ"

"Alipay ငွေပေးချေမှုကို ရရှိခဲ့ပါသည်..."

ငွေလွှဲပြောင်းမှု အောင်မြင်သည့်အသံက ထွက်ပေါ်လာချိန်တွင် ဝေ့ကော ကသူ့ရဲ့ဆီရွှဲနေသည့် ဆံပင်ကိုထိလိုက်ကာ သူ့အနောက်က လူတွေကို ပြောလိုက်သည်။ "မင်းတို့တွေ ဘာတွေအိမ်မက် မက်နေကြတာလဲ? သွားမယ်၊ သွားမယ်။ ညဘက်မှာလည်း ရဲတွေရှိတယ်"

လူအုပ်စုက အဝေးကို လျှောက်သွားသည်ကို စုချွေကယ် ကကြည့်နေခဲ့သည်။ ထို့နောက် တိတ်တဆိတ် သူမဖုန်းကို ထုတ်လိုက်ပြီး ဝေ့ကော WeChat မှနာမည်အား 'အသက်မွေးဝမ်းကျောင်း အထက်တန်း ကျောင်းခေါင်းဆောင် ဝေ့ကော'မှ 'အသက်မွေးဝမ်းကျောင်း အထက်တန်‌း‌ေက‌ျာင်း ကပ်စေးနှဲ ဝေ့ကော' လို့ပြောင်းလိုက်သည်။

စုချွေကယ် ကနာမည်အား အလေးအနက်ထားကာ စဉ်းစားပြီးမှ ပြောင်းလဲခဲ့သည်။ ဇာတ်လိုက်အား သူမဘယ်လို ရှင်းပြရမလဲဆိုတာကို တွက်ဆဖို့ လိုအပ်သည်။

ကံကောင်းစွာဖြင့် သူမက အချိန်ကိုက် ရောက်ခဲ့သည်။ သူတို့အကြားက ရန်ငြိုးကို လျော့ပါးရန် အခွင့်အလမ်းရှိ‌ေသးသည်။

သူမ မှတ်မိတာသာ မှန်ကန်မယ်ဆိုရင် သူ့နောက်ဆုံးနာမည်က ရှဲ့ ဖြစ်နိုင်သည်။ ရှဲ့ရှင်းလင် လို့ခေါ်တာပဲ။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now