၅၇။ ဒီလက်ဖက်စိမ်းကောင်က ပံုမှန်မဟုတ်ဘူး။

3.9K 633 3
                                    

Unicode

#Webtoon ထဲအာရုံရောက်သွားလို့ တင်ပေးဖို့မေ့သွားတာ 🙏🙏 နောက်တစ်ပိုင်း တင်ပေးမယ်နော် အခုတစ်ပိုင်းကတိုလို့

ထိုစကားကို စုချွေကယ် ကကြားလိုက်ချိန်တွင် သူ့အသံမှ မငြင်းဆန်နိုင်တာကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီး သူမမျက်လုံးတွေက အနည်းငယ် အောက်စိုက်သွားကာ ရုန်းကန်နေပုံပေါ်သည်။

ဒီလူက ဘယ်လိုဖြစ်ပြီး အရမ်းခါးတဲ့ ဆေးကိုတိုက်ဖို့ ဒီလိုနည်းလမ်းကို သုံးရတာလဲ?

သူမမျက်လုံးတွေကို အောက်စိုက်ထားပြီး နှုတ်ခမ်းကို စေ့ထားကာ ခဏကြာပြီးနောက် သူမက ပြောလိုက်သည်။ “အိုကေ၊ သောက်မယ်၊ သောက်မယ်...”

ရှဲ့ရှင်းလင် ကသူမပုံစံကို ငုံ့ကြည့်နေပြီး သူ့မျက်လုံးတွေကပါ ပြုံးနေခဲ့သည်။

စုချွေကယ် ကဆေးကို ယူလိုက်ပြီးနောက် လေးလေးနက်နက်နဲ့ ပြောလိုက်သည်။ “ဒါပေမဲ့ ရှင်လုပ်ခဲ့တာကနေ အဖျားကူးနိုင်တယ်။ ရှင် ကောင်းကောင်း အနားမယူရသေးဘူး၊ ရှင့်ခုခံအားက အားနည်းနေတယ်”

ရှဲ့ရှင်းလင် ကရယ်လိုက်ပြီး မေးလိုက်သည်။ “ဘယ်ဟာလဲ?”

စုချွေကယ် ကခုဏက အနမ်းမဟုတ်သည့် အနမ်းကို သတိရသွားပြီး ရှက်သွားပြီးနောက် ပြောလိုက်သည်။ “ဒါပဲ၊ ဒါပဲ”

ရှဲ့ရှင်းလင် ကသူမကို ပြောလိုက်သည်။ “ဒီဆေးက ခါးတယ်လို့ မင်းထင်နေတာ မဟုတ်ဘူးလား? မင်းနဲ့အတူတူ ကိုယ်သောက်ပေးလိုက်တော့ ပိုမကောင်းသွားဘူးလား?”

စုချွေကယ် ကအနောက်ကို မှီလိုက်ပြီး ဆေးပန်းကန်လုံးကို သေချာကိုင်လိုက်ပြီးနောက် အကုန်လုံးကို သောက်လိုက်သည်။

ရှဲ့ရှင်းလင် ကတစ်ရှူးကို ယူလိုက်ပြီး သူမနှုတ်ခမ်းထောင့်မှ ဆေးရည်တွေကို သုတ်ပေးလိုက်ပြီး ပန်းကန်ထဲမှ ပန်းသီးကို ယူလိုက်ပြီး သူမပါးစပ်နားတွင် ထားလိုက်ကာ စ,နောက်လိုက်သည်။ “ဒါက မလွယ်ဘူး။ တစ်ချက်တည်းနည်း ဆေးအကုန်သောက်ဖို့ဆိုတာ ကလေးတွေအတွက် မလွယ်ဘူး”

သူက အလျင်မလိုစွာ ထပ်ပြောလိုက်သည်။ “ဒါအတွက်လည်း ဆုရှိတယ်”

ဇာတ်လိုက်နဲ့ Happy Ending【✔】Wo Geschichten leben. Entdecke jetzt