၂၀။ အစ်ကို??

6.8K 950 21
                                    

Unicode

ရှဲ့ရှင်းလင် ကသူမလက်ကြောင့် သူ့မေးရိုးက မော့လာခဲ့သည်။ သူငုံ့ကာ ကြည့်လိုက်သည်။ ရှားရှားပါးပါးပင် သူက စိတ်မဆိုးပေ။ သူက စိတ်ကောင်းဝင်စွာ စကားပြောလိုက်သည်။ "ဒါဆို ငါ့ချောမောမှုတွေအတွက် မင်းကို မေးခွန်းတစ်ခု မေးမယ်"

သူက မျက်တောင်ခတ်ကာ တဖြည်းဖြည်း ပြောလိုက်သည်။ "မင်း ဘယ်မှာနေလဲ? ဟမ်?" နောက်ဆုံးအသံက မရုိးသားမှုနဲ့ အနည်းငယ် မြင့်တက်သွားသည်။

စုချွေကယ် သည်ခဏရပ်တန့်သွားကာ လက်ကိုပြန်ရုတ်လိုက်ပြီး ပြောလိုက်သည်။ "ရှင်က ကြည့်ကောင်းနေလို့ ဆွဲဆောင်ခံရတယ်လို့ မထင်လိုက်နဲ့။ ငါက ရုပ်ရည်နဲ့ ဆွဲဆောင်လို့ ရနိုင်တဲ့သူမျိုး မဟုတ်ဘူး"

သတိလွတ်‌ေနသော်လည်း အခြေခံ ကာကွယ်ရေး အသိကတော့ ရှိနေသည်။ "ရှင်က မကောင်းတဲ့သူဆိုတာ သိတယ်။ ဒီလိုလှပတဲ့ မျက်နှာဖြူလေးတွေက မြွေလိုနှလုံးသားရှိတယ်လို့ ကြားဖူးတယ်"

ရှဲ့ရှင်းလင် ကအကြည့်ကို ရုတ်သိမ်းလိုက်ပြီး ကိုယ်ကိုပြန်မတ်လိုက်ကာ ပြောလိုက်သည်။ "ဒါဆို ဒီညအမှိုက်ပံုးဘေးမှာပဲ ဆက်ကြီးပြင်းလိုက်တော့"

အမှိုက်ပုံးလို့ စုချွေကယ် ကြားလိုက်ချိန်တွင် တွန့်ဆုတ်သွားသည်။ ရှဲ့ရှင်းလင် ထွက်သွား‌ေတာ့မဲ့ ပုံစံကို မြင်လိုက်ပြီး ချက်ချင်းပဲ သူ့အင်္ကျီထောင့်ကို ဆွဲလိုက်သည်။

ရှဲ့ရှင်းလင် ကအင်္ကျီထောင့်မှ ဆွဲထားတဲ့အားလေးကို ခံစားမိပြီး ငုံ့ကြည့်လိုက်သည်။

ခဏလောက် တွန့်ဆုတ်နေပြီး ပြောလိုက်သည်။ "ရှင်ခနလေး စောင့်ပါဦး"

စကားပြောပြီးနောက် သူမက သတိကြီးစွာဖြင့် သူ့ဘေးက ဟန်မင် ကိုကြည့်လိုက်ပြီး သူမလက်ညှိုးကိုကွေးကာ ရှဲ့ရှင်းလင် ကိုခေါ်လိုက်သည်။ "ရှင်၊ ဒီနားလာခဲ့၊ ရှင့် တစ်ယောက်တည်းကိုပဲ ပြောပြမယ်"

ဒီလိုပုံစံနဲ့ စုချွေကယ် ကအရမ်းရယ်ရတယ်လို့ ဟန်မင် သည်စဉ်းစားလိုက်မိသည်။ သို့သော် သူမပြောတာကို ကြားလိုက်ပြီးနောက် သူ့နဖူးက တွန့်ချိုးသွားပြီး မဲမှောင်နေသည့်အကြည့်ဖြင့် တစ်ဖက်လွှဲလိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now