၂၉။ ငါမင်းကို စားမှာစိုးလို့လား?

6.6K 825 33
                                    

Unicode

အစက ရှဲ့ရှင်းလင် ကထွက်သွားချင်ပေမဲ့ စကားပြောနေသံကြောင့် လှည့်လိုက်ပြီး စုချွေကယ် ကိုကြည့်လိုက်သည်။

စုချွေကယ် ကလည်း သူ့ကိုကြည့်လာခဲ့သည်။

အဓိပ္ပါယ်က...

ငါက အဖွဲ့ဝင်အသစ် မဟုတ်ဘူး။ ဘာကြောင့် ရှင်မလုပ်ရတာလဲ?

ရှဲ့ရှင်းလင် ကသူမအကြည့်ကို မြင်လိုက်ပြီး ခဏလောက် စဉ်းစားလိုက်ကာ သူ့အင်္ကျီထဲက တစ်ရှူးကို ထုတ်လိုက်ပြီး စုချွေကယ် ကိုကမ်းပေးလိုက်သည်။

စုချွေကယ် ကတစ်ရှူးကို ယူလိုက်ပြီး ထိုအကြောင်းကို ထပ်စဉ်းစားလိုက်ပြီး ကောင်မလေးကို စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ "ဒီလို၊ ငါအကြံကို နားထောင်ပေး။ ဘာလို့ ဒီလို‌ယောင်္ကျားလေးမျိုးကို ကြိုက်ရတာလဲ?"

ကောင်မလေးက မျက်ရည်တွေနဲ့ ပြောလိုက်သည်။ "ဒါပေမဲ့၊ ဒါပေမဲ့... ငါက မိန်းကလေးတွေကို စိတ်မဝင်စားဘူး"

စုချွေကယ် : "..."

ဒါက စုယွမ်ဇောင် လိုနားလည်လွယ်တဲ့သူ ဒုတိယ တစ်ယောက်လား? ?

"ငါအဲ့လို ဆိုလိုတာ မဟုတ်ဘူး။ မင်းက မိန်းကလေးတွေကို စိတ်မဝင်စားတာ ငါသိပါတယ်။ ငါပြောချင်တာက ဒီလိုကြိုက်တယ်လို့ ပြောမဲ့အစား အရင်ဆုံး လေ့လာသင့်တယ်။ အနည်းဆုံးတော့ အချစ်အကြောင်းကို လေ့လာသင့်တယ်၊ ပိုလေ့လာရင် ဒီလိုမကောင်းတဲ့ ကောင်တွေထက် ပိုကောင်းတဲ့သူကို ရှာတေွ့လိမ့်မယ်"

တစ်ဖက်မှ ရှဲ့ရှင်းလင် က'မကောင်းတဲ့ကောင်'ဆိုတဲ့ စကားကို ကြားလိုက်ပြီး မျက်ခုံးပင့်ကာ စုချွေကယ် ကိုအဓိပ္ပါယ် နက်ရှိုင်းသည့် အကြည့်တွေနဲ့ ကြည့်နေခဲ့သည်။

ထိုစကားကို ကောင်မလေးက ကြားလိုက်ချိန်တွင် သူမက အရင်ကလောက် ပြင်းပြင်းထန်ထန် မငိုတော့ပဲ့ သူမပုံစံက အသက်ရှူရ ခက်ခဲနေပုံပေါ်နေသည်။

အကျိုးသက်ရောက်မှုကို မြင်လိုက်ပြီး စုချွေကယ် ရဲ့စိတ်ထဲတွင် နညး်နည်းတော့ ပြီးမြောက်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ထပ်မစဉ်းတော့ပဲ ဆက်ပြောလိုက်သည်။ "နောက်ပြီး မင်း ဒီအကြောင်းကို စဉ်းစားကြည့်ရင် မင်းမှာ ပညာရေးသာ ကောင်းမွန်မယ်ဆိုရင် အနာဂတ်မှာ မင်းချမ်းသာလိမ့်မယ်..."

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now