၇၆။ Extra 5: မင်းနဲ့ကလေးလိုချင်တယ်

3.7K 381 0
                                    

Unicode

စုယွမ်ဇောင် ကမေးခွန်းတွေ ထပ်မေးချင်ပေမဲ့ ပိုင်အန်းအန်း ကချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ဗိုက်ဆာတယ်၊ မြန်မြန် သွားစားရအောင်”

ထိုအချိန်တွင် စုချွေကယ် ကထိုစကားနောက်ကို လိုက်လိုက်ပြီး ပြောလိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မလည်း ဗိုက်ဆာနေပြီ၊ ဈေးဝယ်ထွက်ပြီး ကျွန်မအချက်အပြုတ်စကေးကို ထုတ်ပြမယ်”

စုယွမ်ဇောင် ကစကားလမ်းကြောင်း ပြောင်းလိုက်တာကြောင့် မျက်ခုံးပင့်လိုက်ပေမဲ့ သူက ဘာမှထပ်မပြောတော့ပေ။ သူ့အမြင်တွင် စကားလမ်းကြောင်း ပြောင်းမှုက ရှဲ့ရှင်းလင် အားကူညီဖို့သာ ဖြစ်ပြီး တခြားဘာပြဿနာကိုမှ သူ မမြင်ပေ။

နောက်ပိုင်း ပိုင်အန်းအန်း ထွက်သွားချိန်တွင် စုချွေကယ် ကထွက်သွားဖို့ လုပ်လိုက်သည်။ သူမက အဝေးမှ ကားဆီကို လျှောက်သွားသည့် ကောင်မလေးကို ကြည့်လိုက်ပြီး သူမက ပြုံးလိုက်ပြီးနောက် ကောင်မလေးအား လက်ပြနှုတ်ဆက်လိုက်သည်။

စုချွေကယ် ရဲ့အကြည့်တွေက စကိတ်စီးသွားသည့် ကောင်မလေးအပေါ်တွင်သာ ရှိနေပြီး အစက ကလေးလေးက အခုတော့ အတောင်ဖြန့်ပြီး ပျံသွားတာနဲ့ တူနေသည်။

အရင်က မပြည့်စုံသည့် နတ်သမီးလေးက အခုတော့ ကောင်းကင်ဆီကို ပြေးလွှားသွားနေသည်။ သူမတွင် အပြာရောင် ကောင်းကင်နဲ့ သူမအတွက် ပိုင်ဆိုင်နေသည့် အနာဂတ်တွေ ရှိနေသည်။

ထိုအကြောင်းကို စဉ်းစားလိုက်ပြီး စုချွေကယ် ကမျက်ရည်တွေနဲ့ ပြုံးလိုက်သည်။ ပိုင်အန်းအန်း ကလည်း သူမအတိုင်းပင်။ ပိုင်အန်းအန်း ကိုကြည့်လိုက်ရင် သူမကိုယ်သူမ ပြန်မြင်နေရသည်။ ကောင်မလေးက အတွင်းပိုင်းက နူးညံ့ကာ အပြင်ဘက်တွင် ဆူးချွန်တွေနဲ့ သူမဘာသာ ကာကွယ်ထားပြီးတော့ အမြဲတမ်း အထီးကျန်နေခဲ့သည်။ သူမမျက်လုံးက အနည်းငယ် စိုစွတ်လာခဲ့သည်။ ရှဲ့ရှင်းလင် ကမြင်လိုက်ပြီး သူ့လက်ကို ဆန့်လိုက်ကာ သူမမျက်လုံးထောင့်မှ မျက်ရည်တွေကို သုတ်လိုက်ပြီး ငုံ့ကြည့်လိုက်သည်။ “မသွားစေချင်လို့လား?”

ဇာတ်လိုက်နဲ့ Happy Ending【✔】Tempat cerita menjadi hidup. Temukan sekarang