၄၈။ ဒီမေးခွန်းက ကိုယ်ဆို တစ်ခါတည်းနဲ့ အဖြေကိုတောင် တန်းပြောနိုင်တယ်။

4.5K 706 17
                                    

Unicode

စုချွေကယ် ကပိတ်ရက်တစ်ခုလုံး အိပ်ရာပေါ်တွင်သာ အချိန်ကုန်ခဲ့ပြီး သူမရာသီလာချိန် အိပ်ပျော်ရာမှ နိုးလာချိန်တိုင်း ပိုနာကျင်လာခဲ့သည်။

သို့သော် ကံကောင်းစွာဖြင့် ပိတ်ရက်တွင် အင်အားတွေ ရလာခဲ့ပြီး တနင်္လာနေ့တွင် ပိုကောင်းလာခဲ့သည်။ တနင်္လာနေ့ ကျောင်းစတက်ရက် လေထုက အတော်လေး အသက်ဝင်နေသည်။

လူတိုင်းက အင်္ဂါနေ့ ကျောင်းပွဲတော်အတွက် ပြင်ဆင်နေကြသည်။ သုံးရက်အတွင်း နေ့တိုင်းတွင် ပရောဂျက် များစွာရှိနေခဲ့သည်။ ဒီသုံးရက်တွင် ဘာအတန်းချိန်မှ မရှိပဲ အတော်လေး သက်သာနေတာကြောင့် လူတိုင်းရဲ့ ခံစားချက်တွေက အတော်လေးကို ကောင်းမွန်နေသည်။

သေချာပေါက်ကို ဒီအချိန်က ပုံမှန်ထက် ပိုတန်ဖိုးရှိသည်။ စုယွမ်ဇောင် နဲ့သူ့အဖွဲ့သားတွေက မိန်းမအဝတ် ဝတ်ပြီးလျှောက်ရမှာကြောင့် တခြားအတန်းမှ ကျောင်းသားတွေလည်း စိတ်ဝင်စားနေကြသည်။

မိန်းမအဝတ်တင် မကသေးပဲ အစေခံအဝတ်လည်း ဖြစ်သည်။ သူတို့က အစေခံဝတ်ကို ဝတ်ဆင်ရုံသာမက တခြားအတန်းတွေကလည်း အတော်လေး ပါဝင်ကြမည်။

ကျောင်းစကတည်းက လူတိုင်းက ပရောဂျက်အတွက် အပူတပြင်း ဆွေးနွေးနေခဲ့ကြသည်။

တနင်္လာနေ့ မနက်ခင်း။

စုချွေကယ် ကရူပဆရာ ရုံးခန်းမှ ပြန်လာခဲ့ပြီး တစ်ဖက်လူက ကစားပွဲမှာ ပါဝင်ချင်လို့ မေးချင်ပေမဲ့ သင်္ချာကလည်း အတော်လေးကို လန့်စရာကောင်းနေသည်။ စုချွေကယ် ရဲ့ဦးတည်ချက်က ကောလိပ် စာမေးပွဲဝင်ခွင့်ကိုသာ ဖြစ်တာကြောင့် သူမ ငြင်းခဲ့သည်။

သူမ ပြန်ရောက်ချိန်တွင် ဆရာက အတန်းခေါင်းဆောင်အား ဒီနေ့အိမ်စာအား သိမ်းလာပေးဖို့ သူမကို ပြောခဲ့သည်။

အတန်းခေါင်းဆောင်က အနက်ရောင် မျက်မှန်ထူကို ဝတ်ထားပြီး သိမ်မွေ့ပုံပေါ်သည်။ သူ့မျက်နှာ အသွင်အပြင်က အတော်လေး ကြည့်ကောင်းပေမဲ့ သူက စကားအများကြီး မပြောပေ။

သူက အတော်လေး တိတ်ဆိတ်ပြီး သူ့တည်ရှိမှုက နည်းပါးသည်။ မကြာသေးခင်က စုချွေကယ် ဝင်ပြိုင်ခဲ့သည့် ကစားတွင် ထိုကောင်လေးက သူမအရှေ့မှ ဖြစ်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now