၁၈။ ခြေထောက်သေးသေး လက်သေးသေးတွေနဲ့ မကြာခင်လဲကျလိမ့်မယ်။

6.8K 920 19
                                    

Unicode

အထက်တန်းကျောင်း ဒုတိယထပ်ကို ရောက်ချိန်တွင် လှေကားထိပ်တွင် ကောင်လေးနဲ့ ကောင်မလေးက စကားပြောနေတာကို စုချွေကယ် တွေ့လိုက်ရသည်။ ကောင်မလေးက ကောင်လေးရဲ့ လက်မောင်းကိုဆွဲကာ မျက်ရည်တေွနဲ့ စကားပြောလိုက်သည်။ "လမ်းခွဲမယ်လို့ မပြောပါနဲ့!!"

သူမသည် သူတို့ကို သတိပေးချင်‌ေပမဲ့ ထိုစကားတွေကို ကြားလိုက်ချိန်တွင် ကောင်လေးကို ကြည့်လိုက်သည်။

ထို့နောက် သူသည် သူမကို မုန့်ပေးခဲ့သည့် ပင်လယ်ဘုရင်ဆိုတာကို သူမသိသွားသည်။

အာ

ထို့ကြောင့် စုချွေကယ် ကမပြောတော့ပဲ သူတို့ကို ကျော်သွားလိုက်သည်။

စုယွမ်ဇောင် သည်စိတ်ပျက်‌ေနခဲ့သည်။

ထိုကောင်မလေးက သူနဲ့အဆက်အဆံရှိသည့် အထက်တန်းကျောင်းမှ ကောင်မလေးဖြစ်ပြီး သူမပြောတာက နားလည်မှုလွဲနိုင်ရင်တောင် သူမနဲ့အတူ ရှိနေပေးမယ်လို့ ကတိပေးခဲ့သည်။ ကိုယ်ပိုင်စာလေ့လာချိန် အဆုံးသတ်ချိန်တွင် ခေါ်ခဲ့ပြီး သူမကို လမ်းမခွဲပေးဖို့ ပြောနေတယ်??

What the hell?

သူက သူမနဲ့ တွဲမနေဘူးလေ၊ ဘယ်ကနေ လမ်းခွဲရမှာလဲ?

သူစိတ်ဆိုးသွားပြီး ပြန်ပြောတော့မဲ့ အချိန်တွင် သူ့အနားမှ လေဖြတ်တိုက်သွားခဲ့သည်။

စုယွမ်ဇောင် : ?

သူက ဘယ်သူလဲဆိုတာ ကြည့်လိုက်ချိန်တွင် ရုတ်တရက် ရှဲ့ရှင်းလင် ကိုမြင်လိုက်သည်။

ရှဲ့ရှင်းလင် ကလည်းသတိထားမိပုံပေါ်ကာ သူ့ကို တစ်ချက်ကြည့်လာခဲ့သည်။

ဒီလိုအချိန်တောင် စုယွမ်ဇောင် သည်သူ့ရဲ့ မထီမဲ့မြင်ပံုစံကို ခံစားမိ‌ေနသည်။

အံကြိတ်လိုက်ပြီး ပြန်ပြောဖို့ ပြင်လိုက်ချိန်တွင် တစ်ခုခုက မှားယွင်းနေတာကြောင့် သူ့စကားတွေ ပျောက်ကွယ်သွားသည်။

ဘာ‌ေကြာင့်ဆို‌ေတာ့ အရှေ့တွင် ရှဲ့ရှင်းလင် ကိုကိုင်ထားသည့် ကောင်မလေးက စုချွေကယ် နဲ့အရမ်းဆင်တူနေသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Место, где живут истории. Откройте их для себя