၇၀။ ငါတို့ပြန်လာချိန်မှာ ငါတို့က ငယ်ရွယ်နေမယ်လို့ မျှော်လင့်မိပါတယ်။

4.4K 622 16
                                    

Unicode

စုချွေကယ် နိုးလာချိန်တွင် နေရောင်က ဝင်ရောက်နေခဲ့သည်။

ညတုန်းက အရက်သောက်ခဲ့တာကြောင့် အတော်လေး ခေါင်းကိုက်နေခဲ့သည်။ သူ့လက်မောင်းထဲတွင် ရှိနေတာကို တွေ့လိုက်ချိန်တွင် မျက်မှောင်ကြုတ်လိုက်သည်။ ချက်ချင်းပင် ညတုန်းက အကြောင်းတချို့ကို ပြန်မှတ်မိလာခဲ့သည်။

ညတုန်းက သူမဘာသာ သူ့အား အထဲခေါ်ခဲ့ပြီး သူ့ကို မလွှတ်ပေးခဲ့တာကြောင့် သူမအား ဆိုဖာပေါ်တွင် တစ်ညလုံး ဖက်ထားခဲ့သည်။ ထိုအရာကြောင့် သူမ မပျော်ရင်တောင် သူ့အင်္ကျီလက်ကို ကိုင်ထားပြီး သူ့ရင်ဘတ်ကို တွန်းထားခဲ့သည်။

သူမအကြည့်မှ ခေါက်ထားသည့် အင်္ကျီလက်အောက်မှ ကြည့်ကောင်းသည့် လက်မောင်းမှ တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။ ဒါက တက်တူးဖြစ်ပေမဲ့ တက်တူးက အမာရွတ်ကို ဖုံးထားခဲ့သည်။

ဒါက ဖုံးထားပေမဲ့ ထိုအချိန်က ဓားထိသွားသည့် ဒဏ်ရာကို မြင်နိုင်နေသည်။ ထိုတက်တူးက sqg လို့ထိုးထားသည်။ ဒါက သူမနာမည် အတိုကောက်ဖြစ်သည်။

ထိုအရာကို မြင်လိုက်ပြီး စုချွေကယ် ငိုချင်လာခဲ့သည်။ သူဘာတွေ ကြုံတွေ့ခဲ့ရတာလဲ?

ဒီလိုမျိုး သူ့ကို ဘယ်သူက လုပ်ခဲ့တာလဲ?

သူမက မလှုပ်ရှာပဲ သူ့လက်မှ တက်တူးအား သူမလက်နဲ့ ထိလိုက်သည်။ သူ့လက်မောင်းက ရှင်းလင်းပြီး ဖြူဖွေးနေပေမဲ့ ဒီတက်တူးကြောင့် နည်းနည်းတော့ ဆိုးရွားစေသည်။

ချက်ချင်းပင် သူ့ခန္ဓာကိုယ်က လှုပ်ရှားလာပြီး မျက်လုံးဖွင့်လိုက်ကာ သူမအကြည့်က သူ့လက်မောင်းပေါ် ရောက်နေတာကို မြင်လိုက်ရသည်။ သူ့မျက်တောင်တွေက အနည်းငယ် လှုပ်ရှားသွားပြီး တက်တူးကို သတိပြုမိသွားကာ လက်မောင်းမြှောက်လိုက်ပြီး သူ့အင်္ကျီကို ဆွဲချဖို့ကြိုးစားလိုက်ကာ ပြောလိုက်သည်။

“မကြည့်နဲ့၊ ရုပ်ဆိုးတယ်” ခဏလောက် တုန်လှုပ်သွားပြီးနောက် သူ့ခါးကို ဖက်လိုက်သည်။ ထို့နောက် တက်တူးအား နမ်းလိုက်သည်။ သူမနှုတ်ခမ်းနဲ့ တက်တူးမှ နာမည်တစ်လျှောက် နမ်းလိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now