၆၄။ ကိုယ်က မင်းရဲ့ယုံကြည်သူဖြစ်ပေးမယ်။

4K 632 31
                                    

Unicode

နောက်တော့ သူမက တံခါးကို ထိတ်လန့်စွာဖြင့် ပိတ်လိုက်ပြီး အထဲက ထိုလူရဲ့ပူလောင်သည့် မြင်ကွင်းကို တားဆီးလိုက်သည်။ အပြင်ဘက်တွင် ရပ်နေပြီး သူမဘေးဘက်ရှိ လက်တွေက ဆုပ်သွားပြီး ပြန်ဖြေသွားပြီးနောက် လက်သီးပြန်ဆုပ်သွားသည်။

အထဲကနေ တံခါးဖွင့်လာချိန်တွင် အချိန်ဘယ်လောက် ကြာသွားလဲဆိုတာကို သူမ မသိပေ။ သူက ပုံမှန်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့ကိုမှ ဆပ်ပြာနံ့တောင် ရနေသည်။ အခုလေးတင် သန့်ရှင်းပြီးသွားပုံပေါ်သည်။ သူ့လက်ချောင်းတွေမှ ရေစက်တွေက တဖြည်းဖြည်း ကျဆင်းနေပြီး ဘာမှမဖြစ်ခဲ့ပုံပေါ်နေသည်။

“မင်း ဘာကြောင့် ပြန်လာတာလဲ?”

အသံက နည်းနည်းကြောက်ဖို့ကောင်းနေပြီး သူ့ကို သစ္စာဖောက်နေသည်။

စုချွေကယ် ကနည်းနည်း ကြောက်လန့်နေပြီးနောက် ပြောလိုက်သည်။ “ဖုန်းကျန်ခဲ့လို့”

ရှဲ့ရှင်းလင် ကခဏလောက် တိတ်ဆိတ်နေပြီး သူ့ကိုယ်ကို ဘေးကပ်လိုက်ကာ သူမ ဝင်နိုင်ဖို့ လုပ်ပေးလိုက်သည်။ စုချွေကယ် ကအထဲကို လျှောက်ဝင်လိုက်ပြီး စားပွဲပေါ်မှ ဖုန်းကိုယူလိုက်ကာ အမြန်ပြန်ထွက်လိုက်သည်။

ထိုအရာကြောင့် နှစ်ယောက်စလုံးက ရှက်နေကြသည်။

သူမရဲ့ ဖြူဖွေးနေသည့် မျက်နှာကို မြင်လိုက်ပြီး တော်တော်လန့်သွားပုံပေါ်သည်။

တံခါးက ပိတ်သွားချိန်တွင် အတွင်းဘက်မှ အမှောင်ထုက သူ့အား အထီးကျန်သလို ခံစားရစေသည်။

လှည့်လိုက်ပြီး အခန်းထဲက ကန့်လန့်ကာကို ကြည့်လိုက်ပြီးနောက် ပင်လယ်လေကြောင့် လှုပ်ရှားသွားပြီး အသံတိုးလေး ထွက်လာခဲ့သည်။ အခန်းက ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ သို့သော် သိပ်မကြာခင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

ကောင်မလေးက တံခါးရှေ့တွင် ရပ်နေပြီး သူမနားတွေက နည်းနည်းရဲနေကာ ပြောလိုက်သည်။ “နားကြပ်ယူဖို့ မေ့သွားလို့”

ရှဲ့ရှင်းလင် ကနံရံတွင် လက်ထောက်ထားတာကို ရုတ်လိုက်ပြီး သူမက အခန်းထဲဝင်လိုက်ပြီး သူ့ကို အချိန်တိုင်း လှည့်လှည့်ကြည့်နေတာကို မြင်လိုက်ရသည်။ ထူးဆန်းစွာဖြင့် စကားတစ်လုံးမှ မပြောပဲ တိတ်ဆိတ်နေသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Место, где живут истории. Откройте их для себя