၆၂။ ချွေချွေ့ ကိုယုံတယ်။

4.1K 615 8
                                    

Unicode

လမ်းကြောင်းက အတော်လေးရှည်ပြီး ဆူညံသံတွေကလည်း တဖြည်းဖြည်း လျော့သွားကြကာ အိပ်ပျော်သွားကြသည်။

ကမ်းခြေကို ရောက်ပြီးနောက် ကျောင်းသားတွေကို အဖွဲ့ဝင်တွေက စစ်ဆေးလိုက်ကြသည်။ ဝမ်မင်မင် ကအတန်းထဲက လူတိုင်းကို နှုတ်ဆက်လိုက်ပြီး စုချွေကယ် နဲ့တစ်ခန်းထဲနေဖို့ ရောက်လာခဲ့သည်။

အခန်းနေရာကတော့ ကံကောင်းခြင်းတွင် မူတည်သည်။ သူတို့ကံက အရမ်းကောင်းတာ သိသာသည်။ ပင်လယ်ဘက်က အခန်းကို ရခဲ့သည်။ လျှောက်ဝင်လိုက်ချိန်တွင် ဟိုတယ်ရဲ့ ပြတင်းပေါက်ကြီးတွေမှ ပင်လယ်လေက ဖြတ်တိုက်ဝင်ရောက်နေပြီး ကန့်လန့်ကာတွေက ဖွင့်ထားကာ နွေးထွေးသည့် နေရောင်က ဝင်ရောက်နေသည်။

ဝမ်မင်မင် ကမြင်လိုက်ချိန်တွင် ခြေသံလှမ်းတည်းဖြင့် နူးညံ့ပြီး ကြီးမားသည့် အိပ်ရာဆီ ပြေးသွားလိုက်သည်။ အိပ်ရာပေါ် လှဲလိုက်ရင်း ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “ဒီငွေတွေက တကယ်ပဲ သုံးမကုန်ဘူးပဲ!!! ညဘက်မှာလည်း အကင်စားဖို့ အပြင်ထွက်လို့ရတယ်လို့ ကြားခဲ့တယ်။ အား၊ အား၊ အားး၊ ဒါက အလယ်တန်းကျောင်း ၂ ရဲ့အကောင်းဆုံး စီစဉ်မှုပဲ!!!”

စုချွေကယ် ကအိပ်ရာပေါ် လှဲလိုက်ပြီး ဖုန်းကြည့်လိုက်ကာ ခဏနားလိုက်သည်။ ဝမ်မင်မင် ကခဏလောက် နေလိုက်ပြီး အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်ကာ သူမအိတ်အား ဖွင့်လိုက်သည်။ သူမက စုချွေကယ် ကိုကြည့်ကာ ပြောလိုက်သည်။ “သွားမယ်! ချွေအာ၊ ရေသွားကူးမယ်!”

“ငါ့ရေကူးဝတ်စုံကို ထည့်လာခဲ့တယ်။ ကမ်းခြေကို ခြေလှမ်းရမလားဆိုတာ မသေချာဘူး!”

အခုက မွန်းလွဲပိုင်း ဖြစ်ပေမဲ့ နေရောင်က နည်းပါးနေသည်။ လှမ်းကြည့်လိုက်ရင် ကမ်းခြေတွင် များပြားသည့်လူတွေကို မြင်နိုင်သည်။ ကြည်လင်နေသည့် ပင်လယ်တွင် အပြာရောင် ကောင်းကင်က အရောင်ပြန်နေသည်။ ဒီလေထုက စုချွေကယ် ကိုသက်ရောက်ပေမဲ့ ထိုအချက်ကိုတော့ သူမ မမေ့ရဲပေ။ “ငါ... ငါ ရေမကူးတက်ဘူး”

ဝမ်မင်မင် ကအော်လိုက်သည်။ “ဘာမှမဖြစ်ပါဘူး၊ ငါတို့ဒီလာတာ ရေကူးဖို့လေ? ဘာပဲဖြစ်ဖြစ် ငါတို့ ဘောကွင်းကို သုံးလို့ရတာပဲ”

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now