၄၃။ လောင်ဇီ ကိုမင်းသဘောကျလား?

5.1K 717 21
                                    

သူ့ပုံစံက တကယ်လုပ်တော့မဲ့ ပုံစံမျိုးဖြစ်နေတာကြောင့် စုချွေကယ် ကနည်းနည်း ထိတ်လန့်လာသည်။

ရှဲ့ရှင်းလင် ကစကားလုံး ဘုရင်ဖြစ်ပြီး သူမကို စနောက်နေတာလို့ တွေးလိုက်မိသည်။ စာအုပ်ထဲမှာ ဒီလိုပုံစံမျိုး မပါဘူး။ သူမက သူ့လှုပ်ရှားမှုတွေကို အလျင်အမြန် တားလိုက်သည်။

“ခဏလေး၊ မလိုဘူး၊ ငါကြည့်ဖို့ မလိုဘူး၊ ရှင်က ခန္ဓာကိုယ်တောင့်တာကို သိတယ်၊ တကယ့်ကို မျက်နှာဖြူလေး မဟုတ်ဘူး”

ရှဲ့ရှင်းလင် ရဲ့လက်တွေက ဆက်လှုပ်ရှားနေပြီး အလျင်မလိုစွာဖြင့် မော့ကြည့်လာကာ “မင်းကိုယ်ပိုင် မျက်လုံးကိုပဲ ယုံသင့်တာ မဟုတ်ဘူးလား? မင်းမကြည့်ပဲ ဘယ်လိုသိနိုင်မှာလဲ?”

စုချွေကယ် ကစိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး မတွေးတောပဲ သူ့လက်ကို ဆန့်ထုတ်လိုက်ကာ ကြိုးဖြည်နေသည့်လက်အား ကိုင်လိုက်ပြီး ဒီအန္တရာယ်ရှိသည့် လှုပ်ရှားမှုကို တားဆီးဖို့ ကြိုးစားလိုက်သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး.... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ နောက်ပြီး ငါ့စကားကို နားထောင်၊ ရှင် သေသေချာချာ စစ်ဆေး...”

ထိတ်လန့်မှုကြားတွင် ဆွဲလိုက်မိပြီး သူမ အာရုံမစိုက်မိပဲ ကောင်လေးရဲ့ ရေချိုးအဝတ်အား ချွတ်လိုက်သလို ဖြစ်သွားခဲ့သည်။ ရှန်ပိန်အရောင် ရေချိုးအဝတ်က ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့သည်။

ပထမဆုံး မြင်လိုက်ရသည့် အရာက ကောင်လေးရဲ့ ကျယ်ပြန့်ပြီး သန်မာသည့် ပုခုံးဖြစ်ပြီး ကြွက်သားတွေက သန်မာနေပြီး ကြွက်သားပုံစံက ရှည်လျားကာ အောက်ဘက်က ပါးလွှားပြီး သန်မာသည်။ တစ်ကိုယ်လုံးက ပိန်ပါးပြီး မဝပေ။

သိသာသည့် mermaid line တွေက ခါးအောက်ဘက်သို့ ဆင်းသွားသည်။ မဂ္ဂဇင်းမှ အမျိုးသား မော်ဒယ်လ်လိုမျိုး ကျယ်ပြန့်သည့် ပုခုံးတွေနဲ့ ကျဉ်းမြောင်းသည့် ခါးက ပူလောင်စေပြီး တခြားသူတွေအား လောင်ကျွမ်းစေသည်။

ခဏအကြာတွင် စုချွေကယ် အဆင်မပြေတော့ပေ။

ဒီ.. ဒီ… ဒီ… ဒီ ဒီ ဒီ!!!

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now