၁။ ကူးပြောင်းခြင်း

16.8K 1.2K 26
                                    

Unicode

စုချွေကယ် နိုးလာချိန်တွင် သူမခေါင်းက မူးဝေနေတာကို ခံစားမိလိုက်သည်။

"မိန်းကလေး၊ ငါတို့ရောက်ပြီ" တက္ကစီဒရိုက်ဘာက ပြောလိုက်ရင်း သူမအရှေ့တွင် သူ့ဖုန်းကို ရမ်းပြရင်း ပီကေကို ဝါးနေသည်။ "ဒီကုတ်ကို စကင်ဖတ်လို့ရတယ်"

စုချွေကယ် ကသူ့ကိုကြည့်ရင်း သူမနဖူးကို ပွတ်သပ်လိုက်သည်။

ထူးဆန်းတယ်၊ အခန်းထဲမှာ ဇာတ်လမ်းတွဲကို ကြည့်နေခဲ့တာ မဟုတ်ဘူးလား?

တက္ကစီဒရိုက်ဘာက မလှုပ်မရှားဖြစ်နေသည့် စုချွေကယ် ကိုသံသယဖြစ်စွာ ကြည့်နေပြီး သူမပေါင်ပေါ်မှ ဖုန်းကိုကြည့်လိုက်သည်။ "မိန်းကလေး၊ မင်းအိမ်မက်မက်နေတာလား? မြန်မြန်လုပ်၊ မကြာခင် ငါ့အလုပ်သိမ်းရတော့မယ်"

စုချွေကယ် ကသူ့အကြည့်နောက်ကို လိုက်ကာ အောက်ကိုငုံ့ကြည့်လိုက်ပြီး သူမပေါင်ပေါ်က ဖုန်းကိုမြင်လိုက်ရသည်။

ကြီးမားသည့် စာနဲ့ပန်းခရမ်းရောင် ဖုန်းကိုမြင်လိုက်ရသည်။ အဲ့ဒါက အမြင်ကိုဆွဲဆောင်ပြီး လျစ်လျူမရှုနိုင်ပေ။ စာကိုစိန်လုံးလေးတွေနဲ့ '‌ေတွ့‌ဆံုခြင်း'လို့ ရေးထားသည်။

ဒါက ငါ့ဖုန်းလား?

တက္ကစီဒရိုက်ဘာရဲ့ အလျင်လိုနေမှုကြောင့် စုချွေ‌ကယ် ကဖုန်းကိုကောက်ယူလိုက်ပြီး မျက်နှာနဲ့ လော့ခ်ဖွင့်ဖို့ ကြိုးစားလိုက်သည်။

ဖုန်းမျက်နှာပြင်က ပြောင်းသွားပြီး ကြီးမားသည့် အရောင်တောက်ပနေသည့် မျက်ဝန်းအစုံနဲ့ ငယ်ရွယ်ပြီး ချစ်ဖို့ကောင်းသည့် ပုံစံလေးက ပေါ်လာခဲ့သည်။ သူမ မျက်လုံး‌ေတွက အနည်းငယ် ဝိုင်းစက်နေကာ ချစ်ဖို့ကောင်းသည့် သေးငယ်သော နှာခေါင်းလည်းရှိသည်။ ဆံပင်တွေကို နှစ်ဖက်ခွဲကာ အမြင့်စည်းထားတာက သူမကို ပိုပြီးအပြစ်ကင်း‌ေစကာ ချစ်ဖို့ကောင်းသွားစေသည်။

သို့သော် ပုံမှန်မဟုတ်သော အရာမှာ အရင်က ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြီးဆုံးပြီး အနားယူနေသည့် သူမက အခုတော့ အထက်တန်း ယူနီဖောင်းကို ဝတ်ဆင်ထားသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now