၃၆။ ဒီလောက်လေးကို ပြုတ်ကျရလား?

4.8K 757 4
                                    

Unicode

သူပြောတာကို နားထောင်ရင်း အရင်တုန်းက သူ့ကိုအဖေလို့ ခေါ်ဖူးတာကို စုချွေကယ် သတိရသွားသည်။

ဒီနေ့ သူက ခံစားချက် မကောင်းဘူး၊ သူက ဂရုစိုက်ပေးဖို့ လိုအပ်တယ်လို့ စိတ်ထဲတွင် ပြောနေခဲ့သည်။

ဒီလိုကိစ္စသေးသေးလေးနဲ့ စိတ်မဆိုးနဲ့။

သို့သော် သူမလက်မှချည်ထားသည့် ဘောလုံးကို ကြည့်လိုက်ပြီး ဒေါသမထွက်မိဖို့ ထပ်မတွေးနိုင်တော့တာကြောင့် ရပ်လိုက်ပြီး သူ့အနောက်မှ သူမတစ်ကိုယ်လုံးဖြင့် သူ့ညာဘက်လက်အခြမ်းကို တိုက်လိုက်သည်။

ဘောလုံးကလည်း ဘယ်ဘက်တွင် ချည်ထားတာကြောင့် သူ့မျက်နှာကို ရိုက်မိသွားလောက်သည်။

ညဈေးတွင် ဆိုင်မျိုးစုံရှိနေသည်။ အချိန်အတော်ကြာ ဈေးဝယ်ထွက်ပြီးနောက် စုချွေကယ် ကဆိုင်ထဲမှ သေနတ်နဲ့ပစ်ကာ လက်ဆောင် ထုတ်ယူနိုင်သည့် နေရာကို တွေ့လိုက်သည်။

ထိုနေရာတွင် လမ်းပေါ်တွင် မုန့်ချိုကို လှည့်နေပြီး ချိုမြသည့် မုန့်အနံ့ကို စုချွေကယ် နှာခေါင်းက ရလိုက်ပြီး သူမလက်ထဲက နို့လက်ဖက်ရည်ကို မေ့သွားကာ ပြေးသွားပြီး ပြန်ထွက်လာချိန်တွင် မုန့်ချိုတွေ တစ်ပုံကြီး ပါလာခဲ့သည်။

သူမ ထွက်လာပြီးနောက် ကိုက်တောင် မကိုက်ရသေးပဲ အရင်ဆုံး ဖဲ့လိုက်ပြီး ရှဲ့ရှင်းလင် ကိုပေးလိုက်သည်။

“မဟုတ်သေးဘူး၊ အတန်းဖော်၊ ဒီလောက်အများကြီးကို ငါတစ်ယောက်တည်း မစားနိုင်ဘူး၊ ချိုသွားအောင် နည်းနည်းလောက် ကူညီပြီး စားပေး”

သူမက အများကြီး မတွေးပေမဲ့ ရှဲ့ရှင်းလင် ကသူမကို ခဏလောက် စိုက်ကြည့်နေတာကို မြင်လိုက်ပြီး သူမ အံ့ဩသွားသည်။ သူမက နည်းနည်းစိတ်ရှုပ်သွားပြီး မုန့်ချိုကို သူ့ဆီချက်ချင်း မြှောက်ပေးလိုက်ပြီးနောက် သူက အနားတိုးလာတာကို တွေ့လိုက်သည်။

သူမလက်ကို ကိုင်လိုက်ပြီး မုန့်ချိုကို ကိုက်လိုက်ကာ ကောင်လေးရဲ့ နူးညံ့သည့်လျှာက စုချွေကယ် ရဲ့လက်ချောင်းကိုတောင် ထိသွားပြီး အေးစက်သည့် လက်ချောင်းအား နွေးထွေးသွားစေသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now