၃၅။ မသေးပုံပဲ။

5.2K 752 20
                                    

Unicode

တနင်္လာနေ့ သူတို့ရောက်ချိန်တွင် လက်တွေ့မှ အဖြေစာရွက်တွေကနေ အလျင်အမြန်ပင် ရလဒ်တွေ ထွက်လာသည်။ ဒီအချိန်တွင် စုချွေကယ် ကအဆင့် ၃၃ ရခဲ့ပြီး လူတိုင်းက သူမရဲ့တိုးတက်မှုကို မအံ့ဩကြတော့ပေ။

ပြီးတော့ ဖန်ဂျန့်ဒါ ရဲ့ကြိုးစားမှုကလည်း ကောင်းမွန်တဲ့ ရလဒ်ကို ရခဲ့ပြီး နောက်ဆုံး မဖြစ်တော့ပေ။ ပွဲလုပ်ဖို့ စဉ်းစားလိုက်ပြီး လူတိုင်းအား ဖိတ်လိုက်သည်။

ပိတ်ရက်တွင် ရန်ရွယ် က စုချွေကယ် အားဒီတစ်ခေါက် အဆင့်အား မေးခဲ့သည်။ စုချွေကယ် ကအတန်းမှ အမှတ်စာရွက်အား သူမကို ပေးလိုက်သည်။

တစ်ခါတည်းနဲ့ သူမက တိုးတက်လာတာကြောင့် အစက ရန်ရွယ် ရဲ့တုန့်ပြန်မှုက သံသယဖြစ်နေခဲ့သည်။ ခဏကြာပြီနောက် တစ်ဖက်မှ အသံထွက်လာခဲ့သည်။

“ဒါက တကယ့်ရလဒ် အမှန်ကော ဟုတ်လို့လား?”

ဒီအသံက မေးခွန်းဖြစ်ပြီး သံသယဖြစ်မှုလည်း ပါနေတာကြောင့် ထိုအသံကို စုချွေကယ် ကြားလိုက်ပြီးနောက် ဒေါသက ထွက်လာခဲ့သည်။ ဒီခံစားချက်က အချိန်အတော်ကြာတည်းက ရင်းနှီးနေပြီး အရင်တုန်းကလည်း မရေမတွက်နိုင်အောင် ခံစားခဲ့ရဖူးသည်။

သူမ နားမလည်ပေ။ ဆရာတွေနဲ့ ကျောင်းက အတန်းဖော်တွေတောင် သူမကို ယုံကြည်ကြပေမဲ့ ရန်ရွယ် ကသူမကို ဘာကြောင့် မေးခွန်းထုတ်ရတာလဲ?

ဖုန်းထဲက စာလုံးအချို့ကို ရိုက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ခဏလောက် စိုက်ကြည့်ပြီးနောက် တွေးလိုက်ကာ ပြန်ဖျက်လိုက်သည်။

ထပ်မပြောချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ရန်ရွယ် နဲ့သူမရဲ့ဆက်ဆံရေးက ပုံမှန်ပဲဖြစ်သည်။ တချို့အရာတွေက သူတို့ကို ရှင်းပြလိုက်ရင် ပိုဆိုးသွားနိုင်သည်။ ခဏကြာပြီးနောက် တစ်ဖက်မှ အနီရောင်စာအိတ်က ရောက်လာခဲ့သည်။

ပြောတာက “ကောင်းတယ်၊ ဆက်ကြိုးစား”

အနီရောင်စာအိတ် ရဲ့အဓိပ္ပါယ်ကို စုချွေကယ် မသိပေ။

ထို့နောက် တံခါးမှ ဘဲလ်သံက မြည်လာခဲ့ပြီး စုချွေကယ် ကနို့လက်ဖက်ရည်အား မှာထားခဲ့သည်။ နို့လက်ဖက်ရည်ဖြစ်ရမည်လို့ တွေးလိုက်ပြီး အလျင်အမြန်ပဲ တံခါးဖွင့်လိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now