၄၇။ ကိုယ်မင်းကိုချစ်တယ်။

5.2K 798 71
                                    

Unicode

စုချွေကယ် ရဲ့နှလုံးခုန်သံက အချိန်တိုင်း ပိုပိုမြန်လာခဲ့ပြီး သူမနားထဲတွင် အသံတွေက ပျောက်ကွယ်သွားပြီး လက်ထဲမှ ဖုန်းမြည်သံသာ ကြားနေခဲ့သည်။

သူမနှလုံးခုန်သံက ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်နေပေမဲ့ သူမခန္ဓာကိုယ်က မလှုပ်ရှားနိုင်သလို တောင့်တင်းနေသည်။

ထိုအချိန်တွင် ကမ္ဘာကြီး တစ်ခုလုံးက ဆက်လည်ပတ်နေပေမဲ့ ကောင်းကင်တွင် မီးပန်းတွေက လှပသည့်အချိန်တွင် ရပ်တန့်နေပြီး လမ်းပေါ်ရှိလူတွေက စခရင်တွင် မြင်နေရသလို ဖြစ်နေပြီး အရောင်တွေက ပျောက်ဆုံးသွားပြီး လက်ထဲမှ ဖုန်းကသာ ဆက်မြည်နေခဲ့သည်။

ထိုအသံက သူမနှလုံးခုန်သံနဲ့ အတူတူလောက် ဖြစ်နေသည်။

သူမအကြည့်ကို တဖြည်းဖြည်း ရွှေ့လိုက်ကာ သူ့ကို ထပ်မကြည့်ရဲတော့ပဲ သူမဘာသာ တည်ငြိမ်အောင် ပြောချင်ပေမဲ့ သူမနှလုံးခုန်သံက ဆန့်ကျင်စွာဖြင့် ပိုပိုမြန်လာခဲ့သည်။

ဒါက အရမ်းကို စိတ်ပျက်ဖို့ကောင်းတယ်။

မြစ်မျက်နှာပြင်တွင် အရောင်တောက်နေတာကိုသာ သူမ ကြည့်လိုက်ပြီး လေကတိုက်ခတ်သွားကာ မီးပန်းက အရိပ်က နှောင့်ယှက်ခံလိုက်ရသည်။

ချက်ချင်းပင် သူမ သတိပြုမိချိန်တွင် ခေါင်းပေါ်မှ ကောင်လေးရဲ့ အလျင်မလိုသည့် အသံက သူမနားထဲတွင် ကြားလိုက်ရသည်။

“ဘာလို့မကိုင်တာလဲ?”

စုချွေကယ် ကတုန့်ပြန်ပြီးနောက် ဖုန်းကို ကိုင်လိုက်သည်။ တစ်ဖက်က ရင်းနှီးနေသည့် WeChat မှပုံနဲ့ဖြစ်သည်။

ဒီလိုမြင်ကွင်းမျိုးကို ရင်ဆိုင်ရတာက သူမအတွက် ပထမဆုံး အကြိမ်ဖြစ်သည်။ အပြင်ဘက်က တည်ငြိမ်နေပုံ ပေါ်နေပေမဲ့ စိတ်ထဲတွင်တော့ ဆူညံနေပြီး ဘယ်လိုတုန့်ပြန်ရမှန်း သူမ မသိပေ။

သူမခေါင်းကိုသာ မော့လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“အာ၊ ရှင် သေချာလို့လား? ရှင် လူမှားခေါ်မိတာ မဟုတ်ဘူးလား?”

ဇာတ်လိုက်နဲ့ Happy Ending【✔】Wo Geschichten leben. Entdecke jetzt