၁၂။ တခြားသူကိုကူညီခွင့်ပေးလိုက်ပါ

7.1K 933 5
                                    

Unicode

သို့သော် စုချွေကယ် သည်အမှန်တရားကို ပြောခဲ့တာ ဖြစ်သည်။ အချိန်တိုအတွင်းမှာ သူမ လွတ်သွားသည့် အရာတွေကို ဖြည့်ဆည်းရန် ခက်ခဲတာကြောင့် သူမ စ‌ွမ်းဆောင်ရည်ကို ကောင်းကောင်း လုပ်ဆောင်ခဲ့ပြီး ကြီးမားသည့် တိုးတက်မှုကို ရရှိခဲ့သည်။

သူမအဆင့် ၁၀၀ အတွင်းပဲဝင်တာကို ဘယ်လိုလုပ်ပြီး‌ ကျေနပ်နိုင်မှာလဲ? သူမ ပန်းတိုင်က...

သူမ‌ေဘးရှိ ရှဲ့ရှင်းလင် ကိုတိတ်တဆိတ် ကြည့်လိုက်သည်။

မှော်ကိုအနိုင်ယူဖို့ မှော်ကိုအသုံးပြုပါ။

ကျောင်မင်ဟွား ကအရမ်းကြီး ချဲ့ကားနေပုံမပေါ်ပေ။ အရင်က သူမသည် ကျောင်းသားများစွာကို သင်ကြားခဲ့ပြီး အရာအားလုံးကို တွေ့ကြုံပြီးသား ဖြစ်သည်။

ဘယ်သူမှ စကားမပြောကြသလို သူတို့သည် စိတ်သက်သာနေပုံ မပေါ်ကြပေ။

အရင်တုန်းက အိမ်‌စာတောင် မလုပ်ခဲ့တဲ့ ဒီလူက ဘယ်အချိန်ကစပြီး ဒီလောက်တောင် အင်အားကြီးသွားရတာလဲ?

ထိုနေ့တွေတွင် ကျောင်မင်ဟွား က စုချွေကယ် အားခက်ခဲသည့် မေးခွန်းတချို့ကို မေးခဲ့တာကို လူတိုင်းပြန်တွေးမိလိုက်ကြသည်။ သူမက အကုန်လုံးကို မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့သည်။ အစပိုင်းတွင် လူတိုင်းက ဒါကို အလေးမထားခဲ့ကြပေ။ သူမက ရှဲ့ရှင်းလင် ရဲ့အဖြေကို ဖတ်ခဲ့တာလို့ သူတို့က တွေးခဲ့ကြပေမဲ့...

သူမကိုယ်တိုင် တွက်ခဲ့တာလား?

ကျောင်မင်ဟွား သည်တစ်တန်းလုံးရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရှုပြီး အေးဆေးစွာ ပြောလိုက်သည်။ "ဒီစာမေးပွဲမှာ ကျောင်းသားတော်တော်များများ တိုးတက်လာကြတယ်။ နောက်တစ်ဆင့် စာမေးပွဲကလည်း ဒီအတိုင်းရှိနေမယ်လို့ မျှော်လင့်ပါတယ်"

စုချွေကယ် ရဲ့နာမည်ကို ထည့်မပြောခဲ့ပေ။ ရလဒ်တေွ ဖတ်ပြီးနောက် စာရွက်ကိုပိတ်လိုက်ပြီး သင်ကြားခဲ့သည်။

အတန်းပြီးနောက် ဖန်ဂျန့်ဒါ သည်ပေါက်ကွဲခဲ့သည်။

သူက စုချွေကယ် ရဲ့တိုးတက်မှုကို ပြောခဲ့သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now