၅၅။ သူ့ကိုချစ်တယ်လို့...

4.3K 687 14
                                    

Unicode

အဆုံးတွင် စုချွေကယ် က စုယွမ်ဇောင် ရဲ့အပြင်ထွက်ဖို့ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်ပြီး စာကြိုးစားဖို့သာ ရွေးချယ်လိုက်သည်။

ကျောင်းပွဲတော် ပြီးသွားပြီးနောက် လက်တွေ့ ၂ ကအရင်အတိုင်း တင်းကြပ်သည့် အခြေအနေကို ပြန်ရောက်သွားပြီး နောက်လာမဲ့ စာမေးပွဲအတွက် ကြိုပြင်ဆင်ခဲ့ကြသည်။

ထို့နောက် နွေရာသီ ယှဉ်ပြိုင်မှုက မကြာခင်တွင် ရောက်လာခဲ့ပြီး ယှဉ်ပြိုင်ခြင်း သင်ခန်းစာတွေက ပိုပြီးတင်းကြပ်လာခဲ့သည်။

ရှဲ့ရှင်းလင် ကရူပယှဉ်ပြိုင်မှုတွင် ပါဝင်ခဲ့တာကြောင့် သင်္ချာသင်ခန်းစာကို သင်ယူဖို့ မလိုတော့ပဲ သူတို့ထက် ပိုစောစော ပြန်နိုင်ခဲ့သည်။

ထို့နောက် လင်းလော့ယု ကမကြာခင်က အရမ်းကို ဖော်ရွေနေတာကို စုချွေကယ် တွေ့ခဲ့ပြီး ရွယ်ဝမ်ဇူး ကလည်း သူမနဲ့အတူ တစ်ခုံတည်း မကြာခဏ နေရာချပေးခဲ့သည်။ တစ်ဖက်လူရဲ့ စိတ်သဘောထားက သာမန်သူငယ်ချင်းတွေထက် ပိုနေခဲ့သည်။

ဒီရုတ်တရက် ရင်းနှီးမှုက စုချွေကယ် ကိုစိတ်အနှောင့်အယှက် ဖြစ်စေသည်။ ထုတ်ပြောဖို့ ရှက်နေသလို မခံစားရပေမဲ့ သူမ အများကြီးတော့ မပြောနိုင်ပေ။

မကြာခင်က သင်ခန်းစာတွေက ပြည့်နှက်လာပြီး အိမ်စာကလည်း နှစ်ဆဖြစ်လာတာကြောင့် စုချွေကယ် ကသူမ အချိန်ဇယားမှ အချိန်တွေကို ထပ်တိုးလိုက်ကာ နောက်ကျတဲ့အထိ စာလေ့လာခဲ့သည်။

မကြာခင်က ရာသီဥတုတွေကလည်း ထူးဆန်းလာခဲ့သည်။ အရင်က သူမက အာရုံသိပ်မစိုက်ခဲ့ပေ။ ညဘက်တွင် သူမ နိုးလာချိန်တွင် သူမက အပြင်ဘက်တွင် ဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။ ထို့နောက် သူမ အအေးမိခဲ့သည်။

သူမက ချောင်းဆိုးပြီး နှာစေးနေခဲ့သည်။ ဒါက အအေးမိရုံပဲဖြစ်ပြီး မပြင်းထန်ဘူးလို့ စုချွေကယ် ကထင်ခဲ့ပေမဲ့ ဒီနေ့တွင်တော့ သူမ အရမ်းကို ပင်ပန်းနေသည်။

ယှဉ်ပြိုင်မှု အတန်းတက်ပြီးသွားချိန်တွင် လင်းလော့ယု က စုချွေကယ် ကအချိန်တိုင်း အိပ်ငိုက်နေပြီး မျက်နှာကလည်း ရဲနေတာကို သတိပြုမိသွားသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now