၅၈။ အထဲမှာ ဘာရှက်စရာမှ မရှိဘူးလို့ ထင်လိုက်တာ

4.4K 685 44
                                    

Unicode

တစ်ပတ်ကြာပြီးနောက် စုချွေကယ် ရဲ့ခန္ဓာကိုယ်က ကောင်းလာခဲ့သည်။

ဒီအချိန်အတွင်း သူမတွင် အိမ်မက်ဆိုးတွေ ရှိခဲ့ပြီး နိုးလာချိန်တွင် ဒီကိစ္စကို ဂရုတစိုက် စဉ်းစားခဲ့သည်။
သူမက လင်းလော့ယု ကိုစတင် သံသယဝင်လာပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရန် တစ်စုံတစ်ယောက် ရှာဖွေဖို့ စီစဉ်ထားခဲ့သည်။

သို့သော် ဒီကိစ္စကို ဆွေးနွေးရန် တစ်စုံတစ်ယောက်ကို မရှာနိုင်ပေ။ နောက်ပြီး ဒီနေရာတွင် ရှိနေတာက... ရှဲ့ရှင်းလင် သာ။

သူမက ရှဲ့ရှင်းလင် ကိုစိတ်ဝင်စားနေခဲ့ပြီး ရှဲ့ရှင်းလင် နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကို နားလည်ခဲ့သည်။

မူလဇာတ်ကြောင်း အရဆိုရင် သူမက ကြင်နာတတ်တဲ့ လူဖြစ်ပြီး သူမရဲ့ ကြင်နာမှုတွေကနေ ဘာကြောင့် အရမ်းရက်စက်တဲ့ လူအဖြစ် ပြောင်းသွားလဲဆိုတာကို စုချွေကယ် မသိပေ။ သူမက ဒီလိုအရာလုပ်မယ်လို့လည်း ထင်မထားခဲ့ပေ။

ဒီလိုအရာက သူမအသက်အရွယ် ကျောင်းသူတစ်ယောက်က လုပ်နိုင်တဲ့ အရာမျိုး မဟုတ်ပေ။

သို့သော် ဒီကိစ္စကို စုချွေကယ် သေချာလုပ်သင့်သည်။ ဒီကိစ္စကို နားလည်နိုင်သည့်သူက ရန်ရွယ် ဖြစ်သင့်သည်။ ရန်ရွယ် အားချိန်ကျရင် သူမနဲ့ ဒီအကြောင်းပြောဖို့ စုချွေကယ် ပြင်ဆင်လိုက်သည်။

အခုတော့ ချန်းဟုန်ယု ကဂိမ်းထဲမှ အဓိကဇာတ်ကောင်ဖြစ်ပြီး လင်းလော့ယု ကသူနဲ့အတူ ပါဝင်ခဲ့မယ်ဆိုတာ သေချာသည်။

မကြာခင်တွင် ကျောင်းကလည်း ဒီကိစ္စကို သိသွားခဲ့ပြီး အစောင့်တွေကို ထပ်တိုးလိုက်ကာ ကျောင်မင်ဟွား ကလည်း သူမဆီ အလည်လာခဲ့သည်။

သို့သော် သူမက ပုံမှန်အတိုင်း ပြောလာမယ်လို့တော့ မထင်ထားခဲ့ပေ။

ရှဲ့ရှင်းလင် ကိုတကယ်ပဲ အကျိုးသက်ရောက်ခဲ့သည်။

အစက သူမက သတိမပြုမိခဲ့ပေမဲ့ နောက်ပိုင်းတွင် ရှဲ့ရှင်းလင် ကအတော်လေး တိတ်ဆိတ်နေတာကို သတိပြုမိသွားခဲ့သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now