၈၅။ စုယွမ်ဇောင် ရဲ့ Blind Date

5.2K 431 14
                                    

Unicode

နှိုးစက်အသံ မြည်လာချိန်တွင် အိပ်ရာပေါ်မှလူက လှိမ့်သွားခဲ့သည်။ သူက ခြေထောက်ကို ဆန့်လိုက်ပြီး အသံမြည်နေသည့် နာရီကို ကန်ထုတ်လိုက်ပြီးနောက် ခေါင်းကိုလှည့်လိုက်ချိန်တွင် နူးညံ့သည့် အိပ်ရာပေါ်မှ ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်တွင် ဟိုတယ်ရဲ့ နှိုးစက်အသံက ထပ်မြည်လာခဲ့သည်။

“မနက်ခင်း ၇ နာရီရှိပါပြီ...”

ထိုလူက ခေါင်းမော့လိုက်ကာ နည်းနည်းလောက် ရုန်းကန်လိုက်ပြီး ထ,လိုက်သည်။ သူက အိပ်ရာထ,ရတာကို အရမ်းဒေါသဖြစ်စွာဖြင့် ဖိနပ်အပါးအား ကန်လိုက်ကာ ခဏလောက် စိုက်ကြည့်နေပြီး လျှောက်သွားလိုက်ကာ ဝတ်လိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်ဆီမှ စာက ဝင်လာခဲ့သည်။ “စုယွမ်ဇောင်၊ ဒီနေ့ တွေ့ရမဲ့လူက အရမ်းအရေးကြီးတယ်။ နောက်မကျစေနဲ့။ တစ်ဖက်ကို ရိုင်းစိုင်းရင် မင်းသေလိမ့်မယ်”

စုယွမ်ဇောင် ကလူအိုကြီးရဲ့ အသံကို နားထောင်လိုက်သည်။ မနက်ခင်း အသံမက်စေ့တွင် ခြိမ်းခြောက်သံပါ ပါဝင်နေပြီး သူ့မျက်ခုံးကို ပင့်လိုက်ကာ ဖုန်းမှပြက္ခဒိန်မှ အချက်ပြက ပေါ်နေသည် : blind date

သူ့မျက်နှာက ပိုပြီးတော့တောင် ရုပ်ဆိုးသွားခဲ့သည်။ ဒီအကြောင်းကို သူမေ့နေခဲ့သည်။

Blind date ကအရမ်းကို နာမည်ကြီးသည်။ မန်မိသားစုမှ သမီးဖြစ်ပြီး ဒီအမျိုးသမီးက ဘယ်လောက်ချောကြောင်း အာဏာပြင်းကြောင်းကို ကြားဖူးပေမဲ့ ဒါက စီးပွားရေးအရ လက်ထပ်ပွဲသာ ဖြစ်နိုင်တာကြောင့် သူဘယ်လိုမှ မခံစားရပေ။

သူအဝတ်မလဲခင် သာမန်အဝတ်ကိုသာ ဝတ်သွားဖို့ လုပ်ချင်ပေမဲ့ လူအိုကြီးရဲ့ ဆူပူသံကို ပြန်ကြားယောင်လိုက်ရင်း ဒီတစ်ကြိမ်တော့ နည်းနည်း ပိုကောင်းအောင် ဝတ်သွားသင့်တယ်လို့ သူတွေးလိုက်သည်။

ဒီလူက အနောက်တိုင်း စားသောက်ဆိုင်ကို ရွေးထားခဲ့သည်။ ဝင်ပြီးနောက် သူက ခဏလောက် စောင့်လိုက်ပြီး သိပ်မကြာခင် တစ်ယောက်က ဝင်လာခဲ့တာကြောင့် ဂိမ်းပွဲက စတင်လာခဲ့ပြီး ဂေါင်ဂျန်း ကလည်း လိုင်းပေါ် ရှိနေတာကို မြင်လိုက်ပြီး သူ့ကပါ ပါဝင်လာခဲ့သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now