၁၆။ မတော်တဆဘလက်လစ်ကနေ ထုတ်မိခဲ့တာ။

6.6K 898 8
                                    

Unicode

စုချွေကယ် သည်ဆိုင်မှထွက်ပြီးနောက် ခေါ်ထားသည့် ကားထဲသို့ ဝင်လိုက်သည်။

ကားပေါ်‌ေရာက်ပြီး ပျင်းနေတာကြောင့် WeChat ကိုဖွင့်လိုက်သည်။

သို့သော် သူငယ်ချင်းအဖြစ် လာအပ်ထားသည့် ဖုန်းနံပါတ်တစ်ခုကို တွေ့လိုက်ရသည်။

သူမ နည်းနည်း‌ေတာ့ အံ့အားသင့်သွားပြီး သူမ နှိပ်လိုက်ချိန်တွင် တစ်ဖက်လူရဲ့ WeChat အမည်ပြောင်သည် တစ်လုံးတည်းရှိကြောင်း တွေ့လိုက်ရသည်။

... ကြယ် / ရှင်း

စုချွေကယ် သည်ဒီနာမည်ကို WeChat အဖွဲ့ထဲတွင်တွေ့ခဲ့ပြီး ရှဲ့ရှင်းလင် ဆိုတာကို သိခဲ့သည်။

သူ့အမည်ပြောင်ကို တွေ့ပြီးနောက် စုချွေကယ် သည်သူ့ WeChat အမည်ပြောင်သည် ပြောင်းလဲခြင်း မရှိ‌ေသးကြောင်း တွေ့လိုက်ရသည်။

ဘာလဲ...

အစ်ကိုကြီးရဲ့ ဝါဂွမ်းအင်္ကျီလေး အမည်က အတော်လေး နိမ့်ကျသည်။

ဒါကြောင့် သူမနာမည်‌ေပြာင်ကို ချမ်းသာချင်သည့် ချွေချွေ လို့ပြောင်းလိုက်ပြီး ပရိုဖိုင် ကိုတောင် ချမ်းသာခြင်း နတ်ဘုရားရဲ့ ပုံကိုတင်လိုက်သည်။

WeChat ထဲတွင် သင်ယူခြင်းကို နှစ်သက်ခြင်း၊ ချမ်းသာရန် အကြံအစည်များ၊ ငွေရနိုင်မည့် အသိပညာများ နဲ့ခံစားချက်မရှိ ဆို‌တာတွေကို ပေါင်းထည့်လိုက်သည်။

စုချွေကယ် ပြောင်းပြီးနောက် သူမ အနည်းငယ် တုံ့ဆိုင်းသွားသည်။

အနာဂတ်တွင် သူ့ကိုဆက်သွယ်ဖို့ အစ‌ီစဉ် မရှိတာကြောင့် သူ့ကို မထည့်ချင်‌ေပမဲ့ တစ်ခုခု ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ?

ဒါ‌ေကြာင့် သူမ လက်ခံလိုက်သည်။

WeChat မျက်နှာပြင်တွင် 'သင်နှင့် ကြယ်တို့သည် သူငယ်ချင်း ဖြစ်သွားကြပြီး အခုစကားပြောနိုင်ပါပြီ'ဆိုသည့် စာသားက ပေါ်လာခဲ့သည်။

စုချွေကယ် သည်အချိန်ခဏ စဉ်းစားလိုက်ကာ နှုတ်ဆက်သည့် မိန်းကလေးပံု‌ေလးကို ပို့လိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now