၂၆။ မင်းကို ကြိုက်နေတဲ့သူ မရှိဘူးလား?

6.2K 787 7
                                    

Unicode

တနင်္လာနေ့ မွန်းလွဲပိုင်းတွင် မကြာခင် အနီရောင်အဆင့် မိုးရွာသွန်းနိုင်တယ်လို့ မို‌းလေဝသဌာနက ‌ထုတ်ပြန်ကြေညာခဲ့သည်။

ဒီသတင်းကို ကြားလိုက်ပြီး ကျောင်းတွေက အားလပ်ရက် အပန်းဖြေထွက်ခြင်းကို မသွားကြတော့ပဲ ဖျက်ပစ်လိုက်ကြသည်။

ဒီအချိန်တွင် လူအများစုက တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြပြီး ကျောင်းအတွင်းရှိ ဆူညံသံက တဖြည်းဖြည်း လျော့နည်းသွားခဲ့ပြီး တိတ်ဆိတ်နေတဲ့ စင်္ကြံဘက်တွင် လေတိုက်ခတ်နေတာကို ကြားနေရသည်။

စုယွမ်ဇောင် ကလက်ထဲတွင် ဗူးတစ်ဗူးကို ကိုင်ထားပြီး သူ့မျက်နှာထက်တွင် မရင်းနှီးသည့် အမူအရာဖြင့် စင်္ကြံကို ဖြတ်လျှောက်သွားခဲ့သည်။

ဂေါင်ဂျန်း ကလည်း သူ့အနောက်တွင် အိတ်ကိုင်ထားရင်း လိုက်နေခဲ့ပြီး သူတို့နှစ်ယောက်က အတန်း ၁ အပေါက်ဝတွင် စောင့်နေခဲ့ကြသည်။

ဘားတွင်အကြီးအကျယ် ရန်ဖြစ်ပြီးကတည်းက စုယွမ်ဇောင် က ဂေါင်ဂျန်း ကိုထပ်ပြီးမသင့်မြတ်နိုင်‌ေတာ့ဘူးလို့ တွေးထင်ခဲ့သည်။

စုယွမ်ဇောင် ကသူအရင်ဆုံး အမှားလုပ်မိတာကို နားလည်ခဲ့တာတောင် အလျော့မပေးပေ။

ဂေါင်ဂျန်း နဲ့သင့်မြတ်ဖို့ တွေးတောနေပေမဲ့ စကားစပြောဖို့တော့ မလုပ်ေပ။

တနင်္လာနေ့တွင် ဂေါင်ဂျန်း ကအဆင်ပြေတဲ့ လူတစ်ယောက်လို သူ့ကို အော်ပြောခဲ့သည်။ "အစ်ကိုယွမ်၊ ဘောလုံး ကစားချင်လား?"

အစက စုယွမ်ဇောင် က"မင်း*"လို့ ဆဲလိုက်ချင်ပေမဲ့ သူ့ပါးစပ်ကို ပြန်ပိတ်လိုက်သည်။ ထိုအကြောင်းကို အလျင်အမြန် တွေးတောလိုက်ပြီး ဂေါင်ဂျန်း သာသူ့ကို စကားမပြောလာရင် သူပြန်ပြောဖို့ အခြေအနေ မရှိတာကြောင့် ဘာမှမပြောတော့ပဲ နာခံစွာဖြင့်သာ လိုက်သွားခဲ့သည်။

ဘတ်စကက်‌ေဘာ ကစားပြီးနောက် ဂေါင်ဂျန်း ကသူ့ကို တောင်းပန်ခဲ့သည်။ "အဲ့အချိန်တုန်းက ငါမင်းကို အဲ့လိုပြောဖို့ မရည်ရွယ်ခဲ့ပါဘူး၊ အစ်ကိုယွမ် စိတ်ထဲမထားပါနဲ့"

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now