၂၁။ ငါ့ကောင်လေးကို စောင့်နေတာ။

7.3K 902 5
                                    

Unicode

တိရစ္ဆာန်ရုံထဲက ဂေါ်ဇီလာအား ကြည့်နေသလို စုချွေကယ် က စုယွမ်ဇောင် အားအချိန်အတော်ကြာ စိုက်ကြည်‌့‌ေနတာကို မြင်လိုက်ပြီး စုယွမ်ဇောင် ကနှာတစ်ချက်မှုတ်ကာ သူမကို ကျော်လျှောက်လိုက်သည်။

စုယွမ်ဇောင် ကခုံကို ဆွဲထုတ်လိုက်ပြီး ထိုင်လိုက်သည်။ ရန်ရွယ် ကိုတစ်ချက်တောင် မကြည့်ပဲ ခေါင်းငုံ့ကာ သူ့ဖုန်းကိုသာ ကြည့်နေခဲ့သည်။ ရန်ရွယ် ကသူ့ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး သူမဘေးမှ စုဂျင်းဂွမ် ကိုပြောလိုက်သည်။ "ဒါက ရှင်သူ့ကို သင်ကြားပေးထားတဲ့ ပုံစံလား? ဟယ်လို? လူတွေကို မတိုက်ခိုက်ဘူးလား?"

စုဂျင်းဂွမ် ကခေါင်းသာငုံ့လိုက်ပြီး ပြောလိုက်သည်။ "ငါတို့အားလုံး စုံပြီဆိုတော့ စားရအောင်။ နောက်ကျမှ ငါလုပ်လိုက်မယ်"

စုချွေကယ် ကလည်း ထိုအတုိင်း ဝင်ထိုင်လိုက်သည်။

သူမသည် နည်းနည်းတော့ အံ့ဩနေတုန်းပင်။

မမျှော်လင့်ပဲ၊ စုယွမ်ဇောင် နဲ့အကြိမ်ကြိမ် တွေ့ဆုံခဲ့တယ်၊ တွေ့ဆုံလိုက်တိုင်း သူမကို မေ့ဖျောက်မရအောင် လုပ်ခဲ့မိတယ်။

ညစာစားရတာ အရမ်းကို အဆင်မပြေ‌ေပ၊ လူလေးယောက်က စားပွဲတွင်သာ ထိုင်နေကြပြီး စကားမပြောကြပေ။ ခွဲနေကြတာ အချိန်ကြာမြင့်ပြီးနောက် ပြောမဲ့စကား‌ေတွတောင် အတော်လေး နည်းပါးသွားကြသည်။

စားနေချိန်တွင် စုဂျင်းဂွမ် ကအပြင်ထွက်ကာ ဖုန်းပြောခဲ့သည်။ ဖုန်းပြောပြီးနောက် တောင်းပန်စကား ပြောခဲ့သည်။ "ဖောက်သည်နဲ့ တွေ့ဖို့ရှိသေးတယ်။ ငါအရင်သွားနှင့်တော့မယ်"

စုဂျင်းဂွမ် ထွက်သွားပြီးနောက် ရန်ရွယ် ကစိတ်မကျေနပ်မှုဖြင့် ဇွန်း၊ခရင်းကို ချလိုက်ပြီး နှုတ်ခမ်းကို လက်သုတ်ဖြင့်သုတ်ကာ ကြည့်လာတာကို စုချွေကယ် မြင်လိုက်သည်။ ထိုနောက် စုချွေကယ် ကိုပြောလာခဲ့သည်။ "ညဘက် လေယာဉ်ကို သွားကြည့်လိုက်ဦးမယ်"

စုချွေကယ် ကခရင်းကို လက်ထဲကိုင်ထားရင်း ရပ်လိုက်ကာ ခေါင်းညိတ်လိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Wo Geschichten leben. Entdecke jetzt