၂၃။ အစ်ကိုကိုတောင် ရောင်းစားပြီး မင်းကိုလွှတ်ပေးအောင် ဘာတွေလုပ်ခဲ့တာလဲ?

6.6K 856 4
                                    

Unicode

ဟိုက်ဇီ ကကြက်အစာလုသလို လုပ်နေကြတဲ့ လူနှစ်ယောက်ကို ကြည့်နေပြီး အချိန်အတော်ကြာအထိ ပြဿနာက ဖြေရှင်းလို့မပြီးမှာကို သိနေသည်။ ညလယ်အထိ ဒီလိုမျိုးပဲ ဆက်ဖြစ်နေမှာကို တွက်ချက်မိတာကြောင့် ဂေါင်ဂျန်း နဲ့ စုယွမ်ဇောင် တို့ဖြေရှင်းမပြီးခင် သူဌေးကိုသာ ခွဲထုတ်ခိုင်းဖို့ တခြားသူတွေကို တောင်းဆိုလိုက်သည်။

ဂေါင်ဂျန်း သည်အိမ်သို့ တိတ်တဆိတ် ပြန်သွားခဲ့သည်။ စုယွမ်ဇောင် ကစားပွဲဘေးတွင် ထိုင်နေပြီး အရက်ဖြည့်ထားသည့် ခွက်ကိုကိုင်ထားကာ သောက်ရင်းနဲ့ ပျင်းလာခဲ့သည်။

အခုလေးတင် သူ‌ေပြာလိုက်တာကို စဉ်းစားရင်း သဲလွန်စတွေ ရရှိခဲ့သည်။ သိပ်မများပေမဲ့ သူ့စိတ်ထဲတွင် စုချွေကယ် နဲ့ ဂေါင်ဂျန်း အတွက် နောင်တရနေတာကိုတော့ ဝန်မခံရဲပေ။

သူ့ခေါင်းကို ခါလိုက်ပြီး ဒီရှုပ်ထွေးနေတဲ့ အတွေးတွေကို ထုတ်ပစ်လိုက်ပြီး နိုက်ကလပ်ရဲ့ ဖရိုဖရဲအလင်း‌ေရာင်၊ စားပွဲဆိုဖာ သားရေပေါ်တွင် လဲနေကြသည့်သူများ၊ အကကြမ်းခင်းတွင် ရယ်မောကာ က,ခုန်နေကြသည့် အမျိုးသား၊ အမျိုးသမီးများကို လိုက်ကြည့်လိုက်သည်။ ထိုလူများကို ကြည့်ရင်း တဖြည်းဖြည်း ပိုပိုပြီး အထီးကျန်လာခဲ့သည်။ ပုလင်းကို တင်းကြပ်စွာ ကိုင်လိုက်ပြီး အကျယ်ကြီး အော်ထုတ်ပစ်ဖို့ တွေးလိုက်မိသည်။

စုယွမ်ဇောင် သည်ဘယ်သူမှမရှိသည့် ဘေးဘက်ကို ကြည့်လိုက်ပြီး ချဉ်ပြီးခါးသီးတဲ့ အရသာက လျှာတွင်ဖုံးလွှမ်းသွားပြီး စိတ်ရှုပ်ထွေးမှုက သူ့နှလုံးသား ထိပ်ဆုံးကို ရောက်လာသလို ရုတ်တရက် ခံစားလိုက်ရသည်။

သူ့ကို ဟိုက်ဇီ နဲ့တခြားသူတွေက ပြန်သယ်လာချိန်တွင် အသိစိတ် နည်းနည်းသာ ရှိတော့ကာ သူဘယ်လောက်အထိ သောက်မိထားလဲဆိုတာ မသိတော့ပေ။

ဟိုက်ဇီ နဲ့တခြားသူတွေက သူ့ကုိ ရပ်ကွက်အထိ ပို့ပြီးနောက် သူတို့ နည်းနည်းတော့ စိတ်ပူနေသေးသည်။ သူတို့က တိုက်ခန်းအထိ လိုက်ပို့ချင်ကြသည်။ သူက မျက်မှောင်ကြုတ်ကာ ခေါင်းခါပြီး သူတို့ကို မောင်းထုတ်လိုက်သည်။ ဓာတ်လှေကား တံခါးပွင့်မည့်အချိန်အထိ ရုန်းကန်နေခဲ့ပြီး ဖိနပ်ချွတ်ကာ ဝင်ပေါက်ကနေ ဝင်လိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now