၇၃။ Extra 2: ဒါက အရမ်းကျေနပ်စေလား?

4K 412 14
                                    

Unicode

လေထုက သိပ်မမှန်တာကြောင့် စုချွေကယ် ရဲ့အပြုံးက တဖြည်းဖြည်း တောင့်တင်းလာခဲ့သည်။

ရုတ်တရက် ပြဿနာအား နားလည်သွားခဲ့သည်။

မကြာခင် အချိန်က ရှဲ့ရှင်းလင် ကပိုပိုပြီး နိမ့်ကျလာလို့ သူမကိုယ်သူမ ပျောက်ဆုံးသွားတာလား?

သူမက မျက်တောင်ခတ်လိုက်ပြီး တစ်ခုခု မှားနေတာကို နားလည်သွားကာ သူ့လက်ဆီမှ ထွက်ဖို့လုပ်လိုက်ပေမဲ့ သူမ လှုပ်လိုက်ရုံဖြင့် သူ့ကြောင့် သူမခါးက နာကျင်သွားပြီး သူက သူမအား သူ့လက်မောင်းထဲ ပြန်ထပ်ဆွဲသွင်းလိုက်ကာ သူမဘယ်လိုပဲ ကြိုးစားပါစေ မလွတ်မြောက်နိုင်ပေ။

သူက သူမအား ငုံ့ကြည့်လိုက်ပြီး သူ့လက်ထဲတွင် သူမလက်အား ကိုင်ထားခဲ့သည်။ သူမလက်တွေက အရမ်းသေးနေပြီး သူကစားနေချိန်တွင် အရမ်းကို ချစ်ဖို့ကောင်းနေသည်။ သူက ပျင်းရိသည့် အမူအရာဖြင့် ငုံ့လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ “မင်း ဘယ်နေရာက စချင်လဲ?”

စုချွေကယ် ကနည်းနည်း စိတ်ရှုပ်သွားပြီး သူ့လက်ထဲမှ သူမလက်ကို ပြန်ဆွဲယူလိုက်ပြီးနောက် ခေါင်းငုံ့ကာ ပြောလိုက်သည်။ “အခုတော့ စိတ်မပါတော့ဘူး၊ ကျွန်မ မလုပ်ချင်တော့ဘူး”

သူ့နှုတ်ခမ်းက ကွေးသွားပြီးနောက် သူမလုပ်ခဲ့သည့်အတိုင်း သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။ သေးသွယ်သည့် လက်ချောင်းတွေက သူမလက်မောင်းပေါ်တွင် ပြေးလွှားနေပြီး သူမအား ကြက်သီးထ,စေသည်။ သူမ တုန့်ပြန်ချက် အားလုံးကို ကြည့်နေခဲ့ပြီးနောက် အနားကပ်ကာ ပြောလိုက်သည်။ “မင်းမကြိုးစားကြည့်ပဲ နောင်တရလို့ မရဘူးလေ၊ မဟုတ်ဘူးလား?”

သူက နှေးကွေးစွာ ပြောလိုက်ချိန်တွင် သူ့အနက်ရောင် မျက်လုံးတွေက သူမအား စိုက်ကြည့်နေပြီး သူက တဖြည်းဖြည်း ဆက်ပြောလိုက်သည်။ “နောက်ပြီး ဇနီးမောင်နှံအသစ်အနေနဲ့ အခုကြိုးစားသင့်တယ်။ မင်း စိတ်မကျေနပ်ရင် ဒါက နောင်တရရလိမ့်မယ်”

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now