၈၄။ Extra: End

4.2K 330 2
                                    

Unicode

သူ့မျက်စိရှေ့မှ အလင်းရောင်က တဖြည်းဖြည်းနဲ့ မိန်းကလေးပုံစံ ဖြစ်လာခဲ့သည်။ သူမက အပြုံးလေးနဲ့ လျှောက်နေခဲ့ပြီး သူ့အား မဲမှောင်နေသည့် ခြောက်ကမ်းပါးကနေ ဆွဲထုတ်သွားကာ အေးစက်သည့် ကမ္ဘာကြီးထဲမှ သူ့အား ပွေ့ဖက်လိုက်သည်။

သူမက မကြောက်သလို အရမ်းကို နူးညံ့နေပြီး သူမက သူနဲ့အတူနေဖို့ ဆန္ဒရှိနေသည်။

သူတို့က အမြဲတမ်း အတူတူ ရှိနေကြပြီး ဘယ်တော့မှ ကွဲကွာသွားမှာ မဟုတ်ဘူးလို့ သူမက ပြောနေခဲ့သည်။

သူမရဲ့ ပွေ့ဖက်မှုက အရမ်းကို နွေးထွေးနေသည်။

ထိုအချိန်တွင် နွေးထွေးသည့် နေရောင်ခြည်က ပွေ့ဖက်ထားကာ နှစ်ပေါင်းများစွာ အေးခဲမှုတွေကို အရည်ပျော်သွားသလို ဖြစ်စေသည်။ သူက စွန့်ပစ်ခံလိုက်ရပြီး အဆုံးမသတ်နိုင်ဘူးလို့ ထင်ခဲ့ပေမဲ့ သူမက သူ့လို ငရဲသွားမဲ့သူအား ကယ်တင်ပေးနိုင်မယ်လို့ ထင်မထားခဲ့ပေ။

သူမက လမ်းပြပေးသည့် အလင်းရောင်လေးပင်။

စုချွေကယ် ကနိုးလာချိန်တွင် နဖူးထက်တွင် ချွေးတွေထွက်နေပြီး ထိုအချိန်တွင် အပြင်ဘက်မှ လျှပ်စီးက လှပ်သွားခဲ့သည်။ သူမအကြည့်က အပေါ်ရှိ မီးဆိုင်းဆီ ရောက်သွားပြီး လန့်နေသူလို ချက်ချင်း ထ,ထိုင်လိုက်သည်။ အပြင်ဘက် ကောင်းကင်က မဲမှောင်နေတုန်းဖြစ်ကာ နံရံကပ်နာရီက မနက် ၄ နာရီကို ပြနေခဲ့သည်။

ချက်ချင်းပင် အပြင်ဘက်မှ လျှပ်စီးက လင်းသွားခဲ့ပြီး သူမရှေ့တွင် မီးပင်လယ်လိုမျိုး မြင်လိုက်ရကာ လန့်သွားပြီး လက်သီးဆုပ်လိုက်သည်။ သူမအကြည့်က ပြတင်းပေါက် အပြင်ဘက်ကို ရောက်သွားခဲ့ပြီး အပြင်ဘက်မှ မိုးသည်းထန်စွာ ရွာကျနေတာကို မြင်လိုက်ရသည်။

သူမ အသက်ရှူသွင်းလိုက်ပြီး အိပ်ရာပေါ်မှ ထ,လိုက်သည်။ သူ့ကို အရမ်းတွေ့ချင်နေသည်။ ထိုအချိန်တွင် တစ်အိမ်လုံးက မီးရောင်ဖျော့လေးသာ ရှိနေပြီး စားပွဲပေါ်တွင် မှောက်နေကာ မျက်လုံးတွေ မှိတ်ထားသည့်လူကို မြင်လိုက်ရသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now