၂၇။ ဘယ်အချိန်တုန်းက အစ်ကို့အတွက် ကောင်မလေး ရှာခဲ့တာလဲ?

5.5K 809 19
                                    

Unicode

အတန်းယှဉ်ပြိုင်မှုက ထပ်ပြီးစတင်လာချိန်တွင် လူပိုများလာပုံပေါ်သည်။ ထိပ်ပိုင်းအဆင့်မှ အတန်းတွေကို အဆင့်လိုက် စီထားသည်။ အစက အတန်းတွေနဲ့ မတူစွာပင် အတန်းတွေက အတူတူ ဆက်ထားသည်။

နောက်ဆုံးအတန်းတွင် စုချွေကယ် အတွက် အတန်းယှဉ်ပြိုင်ခြင်းက ပထမဆုံး အကြိမ်ဖြစ်သည်။ ထိုင်ခုံနေရာကို ကျောင်မင်ဟွား က ရှဲ့ရှင်းလင် ဘေးတွင်သာ တိုက်ရိုက်စီစဉ်ပေးထားခဲ့သည်။ ဒီအချိန်တွင် စုချွေကယ် ကသန့်စင်ခန်း သွားနေတာကြောင့် နည်းနည်းနောက်ကျသွားခဲ့သည်။ အတန်းထဲရှိ တစ်စံုတစ်ယောက်ကတော့ ထိုင်နေခဲ့သည်။

ထိုသူက သူ့အနောက်ရှိ အတန်းဖော်တွေနဲ့ စကားပြောနေခဲ့သည်။ သူမခေါင်းကို လှည့်လိုက်ချိန်တွင် စုချွေကယ် ကအံ့ဩသွားပြီး ထိုလူက လင်းလော့ယု ဖြစ်နေတာကို သတိပြုမိသွားသည်။

အကျော်ကြားဆုံး ကောင်မလေးက အတန်းထဲကို ဒီလောက်မြန်မြန် ရောက်လာတာလား?

စုချွေကယ် က လင်းလော့ယု သည်ယှဉ်ပြိုင်မှုပြီးမှ အတန်း ၁ ကိုရောက်လာတာကို မှတ်မိတာကြောင့် သူမ နည်းနည်း အံ့ဩသွားသည်။

စုချွေကယ် ကလှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးအတန်းမှလွဲရင် တစ်တန်းလုံးကလည်း နေရာမတူတော့ပဲ လင်းလော့ယု ရဲ့ဘယ်ဘက်နဲ့ ညာဘက်ကသာ လွတ်နေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။

သူမ တွေးလိုက်မိချိန်တွင် သူမအနောက်မှ အသံက ထွက်လာခဲ့သည်။ "ကျောင်းသူ၊ မင်းက တံခါးကို ပိတ်ရပ်နေတာလား?"

စုချွေကယ် ကဒီတစ်ကြိမ်ဆရာက ကျောင်မင်ဟွား မဟုတ်ပဲ ဒုတိယပိုင်း အားဖြည့်ပေးတဲ့ ရွှယ်ဝမ်ဇူး လို့ခေါ်တဲ့ ဆရာဖြစ်ကြောင်း သိလိုက်ရသည်။

ရွှယ်ဝမ်ဇူး ကလည်း စည်းကမ်းတည်းကြပ်ပေမဲ့ ကျောင်မင်ဟွား ထက်တော့ နည်းနည်းပိုညင်သာသည်။

စုချွေကယ် ကတောင်းပန်လိုက်ပြီး အတန်းထဲကို လျှောက်ဝင်လိုက်သည်။ သူမက လင်းလော့ယု ဆီလျှောက်သွားပြီး "အတန်းဖော်၊ ဒီမှာလူရှိလား?"

ဇာတ်လိုက်နဲ့ Happy Ending【✔】Onde as histórias ganham vida. Descobre agora