၅၄။ တကယ့်ကို လက်ဖက်စိမ်းကောင်ပဲ။

4.3K 684 33
                                    

Unicode

ကျောင်းပွဲတော် ပြီးသွားချိန်တွင် စုယွမ်ဇောင် ကတခြားလူတွေဆီမှ မုန့်မျိုးစုံကို ရခဲ့ပြီး စာတွေလည်း ပါကြသည်။

“မင်းက မိန်းကလေး အဝတ်ကို ဝတ်လိုက်ချိန်မှာ ကိုယ့်နှလုံးသားကို ဖောက်ဝင်သွားတာပဲ”

“မင်းခေါင်းငုံ့ပြီး ပြုံးလိုက်ချိန်မှာ ထောင်ပေါင်းများစွာ ဘယ်အလှလေးတွေမှ မင်းနဲ့ မယှဉ်နိုင်တော့ဘူး”

“ကျောင်းလူဆိုးလေး မလုပ်ပါနဲ့တော့ကွာ၊ မင်းသမီးလေးပဲ လုပ်လိုက်ပါ!”

“တင်ပါးလေးကို ပိုလိမ်လိုက်ရင် ပိုကောင်းလိမ့်မယ်”

ဒီမုန့်တွေက တခြားနေရာက မြေခွေး သူငယ်ချင်းတွေဆီမှ ဖြစ်နိုင်သည်။ သူတို့က မိန်းကလေး အဝတ်နဲ့ပုံကို ရိုက်ခဲ့ကြရုံသာမက သူ့ကို အနှောင့်အယှက်ပေးဖို့တောင် စာတွေပို့လာကြသည်။ စုယွမ်ဇောင် ကစားထားတာတောင် အန်ထုတ်မိမလို ဖြစ်သွားပြီး မုန့်အားလုံးကို အမှိုက်ပံုးထဲ ပစ်ချင်သွားခဲ့သည်။

သို့သော် အမှိုက်ပံုးထဲ မပစ်ခင် စုချွေကယ် ကိုတွေးမိသွားသည်။

ဒီလိုအရာတွေကို သူမကြိုက်ပေမဲ့ စုချွေကယ် တော့ကြိုက်လောက်သည်။

ခဏရပ်လိုက်ပြီးနောက် လှည့်လိုက်ကာ စုချွေကယ် ဆီပို့ပေးဖို့ ပြင်လိုက်သည်။

အခုက နောက်ကျနေပြီး စုချွေကယ် ပြန်သွားပြီလားဆိုတာ မသိပေ။ သူတို့အတန်းကို ရောက်ချိန်တွင် စုချွေကယ် ကခုံပေါ်တွင် ရပ်နေပြီး မှန်တွေကို သန့်ရှင်းရေးလုပ်နေတာကို စုယွမ်ဇောင် မြင်လိုက်ရသည်။ သူ မြန်မြန် လှုပ်ရှားလိုက်ပြီး အနားကို သွားလိုက်သည်။ “ကိုကို”လို့ ခေါ်လိုက်တာကိုလည်း သူကြားလိုက်ရသည်။

ခေါ်သံက ချိုမြနေပြီး စုယွမ်ဇောင် ရဲ့နှလုံးသားထဲတွင် ဂုဏ်ယူမှုကို ခံစားလိုက်ရပြီး နောက်ဆုံးတော့ စုချွေကယ် ကသူ့ကို တွေးပေးပြီလို့ တွေးလိုက်သည်။

ထို့နောက် ဂေါင်ဂျန်း ရဲ့အစီစဉ်က အသုံးဝင်ပြီ သူ့မျက်နှာပျက်တာ အကျိုးမယုတ်ဘူးလို့ ခံစားလိုက်ရသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now