၆၁။ ကိုယ့်ပေါင်ပေါ် ထိုင်လိုက်ရတယ်။

5.5K 609 27
                                    

Unicode

အဆုံးတွင် ဂေါင်ဂျန်း ဘာမှမတွေးတက်တော့ပေ။

ဒီအခြေအနေကနေ သူနဲ့ စုယွမ်ဇောင် တို့နှစ်ယောက်လုံး စာသင်ခန်းထဲကိုသာ ပြန်လာခဲ့ရသည်။

ထိုအချိန်တွင် အတန်း ၁ ကလူတိုင်းက ဆွေးနွေးဖို့အတွက် အဖွဲ့တွေ ဖွဲ့ပြီးကြပေမဲ့ မန်ဂျောင် ကိုအတူတူ ကစားနေကြသည်။

စုယွမ်ဇောင် ကိုမေးသည့် ဂေါင်ဂျန်း မေးခွန်းက “မင်း ကျူရှင်အတွက် ဒီကိုလာချင်ရင် ငါ့အတွက် ဘာလုပ်ပေးရလိမ့်မလဲ?”

စုယွမ်ဇောင် ကမျက်ခုံးပင့်ကာ ပြောလိုက်သည်။ “အတန်းရဲ့ နောက်ဆုံးကရေရင် မင်းလိုအဆင့် ၂ အတွက် စာမလေ့လာတာကို ရှက်သင့်တယ်မလား?”

ဂေါင်ဂျန်း ကထိတ်လန့်သွားပြီး ချောင်းဟန့်လိုက်သည်။

ဒီလိုအရာက စုယွမ်ဇောင် ရဲ့ပါးစပ်ထဲ ရောက်သွားမယ်လို့ သူ မထင်ထားပေမဲ့ ဒါက အမှန်ဖြစ်သည်။

စုယွမ်ဇောင် ကအတန်းတွင် နောက်ဆုံးမဟုတ်ပေ၊ ဂေါင်ဂျန်း ကယုံကြည်သည်။ ဒီလေ့လာသည့် အဖွဲ့တွေမှာ ဖန်ဂျန့်ဒါ ကမမျှော်လင့်ပဲနဲ့ သူတို့နှစ်ယောက်နဲ့ ပေါင်းလာခဲ့သည်။ ဒါက မကောင်းတဲ့ မှတ်ဉာဏ်နဲ့ တူတယ်။

ဒီအချိန်အတွင်း စုယွမ်ဇောင် ကသူ့အိတ်ကဒ်ထဲမှ ရှာလကာရည်လို စာရွက်တချို့ကို ထုတ်လိုက်သည်။ သူ သန့်စင်ခန်းသွားလို့ တစ်ရှူးမရှိရင် ဒီလိုစာရွက်မျိုးတွေ သုံးလားဆိုတာကို စုချွေကယ် သံသယတောင် ဝင်သွားခဲ့သည်။

စုယွမ်ဇောင် သူ့မျက်လုံးကို ခဏခဏ မှေးလိုက်ပြီးနောက် တရုတ်စာရွက်တွေကို ထုတ်လိုက်ကာ စရေးတော့သည်။ ရေးပြီးသိပ်မကြာခင် ဂေါင်ဂျန်း ကိုတံတောင်နဲ့ တွတ်လိုက်ပြီး မေးလိုက်သည်။ “ဘရှမ်းချူရွှေ့ ရဲ့ကွင်းပြင်နောက်က စာကြောင်းက ဘာလဲ?”

ဂေါင်ဂျန်း ကမမော့ကြည့်ပဲ ဖြေလိုက်သည်။ “Responsibility”

စုယွမ်ဇောင် က “အို” လုပ်လိုက်ပြီးနောက် ဘောပင်ကိုယူကာ ချရေးလိုက်သည်။ တုန့်ပြန်ပြီးနောက် ဂေါင်ဂျန်း ရဲ့ခြေထောက်ကို ကန်လိုက်သည်။ “ဘာလဲ?”

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now