၁၉။ မျက်နှာဖြူလေးက အရမ်းချောတာပဲ။

6.6K 935 15
                                    

Unicode

ဒုတိယ အတွေ့အကြုံမှ လူအများစုသည် ကျောင်းမှ အတော်ဆုံး ကျောင်းသား ရှဲ့ရှင်းလင် နဲ့ စုယွမ်ဇောင် တို့က မတည့်ကြဘူးဆိုတာ သိကြသည်။ ဒီလက်ဆင့်ကမ်း ပြိုင်ပွဲကို အကုန်လုံးက အားတင်းထားကြပြီး အနိုင်ရဖို့သာ ကြိုးပမ်းနေကြသည်။ စတင်တော့မဲ့ အချိန်တွင် တစ်ကျောင်းလုံးက အရှေ့ကိုသာ ကြည့်လိုက်ကြသည်။

သေနတ်‌ေဖာက်သည်နှင့် စတင်လိုက်ကြသည်။ အစပိုင်းတွင် အတန်း ၁ ကအနောက်တွင် ‌ကျန်နေခဲ့‌ေပမဲ့ အားသာချက်ကို အသုံးချကာ တန်ကျဲ ကအတန်း ၁၂ ရဲ့‌အရှေ့ကို ရောက်သွားခဲ့သည်။ လူတိုင်းက အရှေ့ကိုသာ အာရုံစိုက်နေကြသည်။

ဖန်ဂျန့်ဒါ ကပြေးလမ်း တစ်လျှောက်ကို ပြေးနေခဲ့ပြီး အော်လိုက်သည်။ "လူမည်းလေးက အံ့ဩစရာ အကောင်းဆုံးပဲ!!"

"တန်ကျဲ ကလူမည်း မင်းသားလေးပဲ!"

"အတန်း ၁ ကအနိုင်ရလိမ့်မယ်!!"

တခြား‌ေကျာင်းသားများကလည်း ဖန်ဂျန့်ဒါ နဲ့အတူ အော်ဟစ်လိုက်ကြသည်။ တစ်တန်းလုံး ပေါင်းစည်းလိုက်ချိန်တွင် ဖန်ဂျန့်ဒါ ရဲ့အသံက ပျောက်သွားခဲ့သည်။

တန်ကျဲ ကတုတ်ချောင်းကို နောက်မိန်းကလေး တစ်ယောက်ကို ကမ်း‌ေပးလိုက်ပြီး ဖန်ဂျန့်ဒါ နဲ့လက်ဝါးချင်း ရိုက်လိုက်သည်။

ဖန်ဂျန့်ဒါ ကသူ့ကို ချီးကျူးလိုက်သည်။ "တော်တယ်!"

တန်ကျဲ ကတခြား အတန်းဖော်ဆီမှ ရေဗူးကို ယူလိုက်သည်။ "ဒါက ဖြစ်သင့်တာပဲ၊ တစ်ကျောင်းလုံးက ကြည့်နေကြတာလေ"

အနောက်ဘက်တွင် အတန်း ၁၂ ကဦးဆောင်နေဆဲ ဖြစ်ပေမဲ့ အတန်း ၁ ကတဖြည်းဖြည်းချင်း အရှိန်လျော့နေသည်။

ဖန်ဂျန့်ဒါ ကစိုးရိမ်စွာ ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။ "အုပ်စုတစ်ခုက တည်ငြိမ်နေပြီ၊ တခြားအဖွဲ့က မနိုင်မနင်းဖြစ်နေပြီ!!"

ဒုတိယလိုင်းကို ရောက်ချိန်တွင် ပြိုင်ပွဲတစ်ခုလုံးက အပြင်းထန်ဆုံးကို ရောက်ရှိလာခဲ့သည်။

ဆရာများနှင့် မိဘများ‌ေတာင် ပြိုင်ပွဲအား မတ်တပ်ရပ်ကာ ကြည့်နေခဲ့ကြသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now