၆၀။ ဒါက တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတာ ကိုယ်လည်း သိလိုက်တယ်။

4.6K 629 6
                                    

Unicode

စုချွေကယ် ရဲ့တောင်းဆိုချက်ကြောင့် ရှဲ့ရှင်းလင် ကရေချိုးလိုက်ရသည်။

သူ ရေချိုးနေချိန်တွင် စုချွေကယ် ကအိမ်လေးထဲမှ ဗီရိုကို တွေ့လိုက်ပြီး အလင်းရောင်လေး အောက်တွင် အရင်က ကျောင်းဆေးပေးခန်းမှ ယူလာခဲ့သည့် ဆေးဘက်သုံး ကပ်ကြေး၊ ပြင်ထားသည့် ဆေးခွက်တွေကို မြင်လိုက်ရသည်။ အိမ်က သေးငယ်ပေမဲ့ အပြင်အဆင်က နွေးထွေးသည်။

သူမကြာမကြာ လာပုံရသည်။

မီးဖိုချောင်မှ ရေကဆူလာပြီး စုချွေကယ် ကရေကိုယူလိုက်ကာ ဆေးကိုထည့်လိုက်ပြီး နွေးသွားအောင် ဇွန်းနဲ့မွှေလိုက်သည်။

အခုလေးတင် သူမက အဖျားကျဆေးကို ဝယ်လာခဲ့ပေမဲ့ ဆေးနှစ်မျိုးက အတူတူ ရောလို့မရတာကြောင့် ခဏစောင့်ဖို့သာ ဆုံးဖြတ်လိုက်သည်။

ဆေးမွှေနေချိန်တွင် ရေချိုးခန်းမှ ရေကျသံက ရပ်သွားခဲ့သည်။ သူမ ဧည့်ခန်းကို လျှောက်သွားချိန်တွင် တံခါးက ပွင့်လာပြီး ရေငွေ့က ထွက်လာတာကို မြင်လိုက်ရသည်။ ဧည့်ခန်းက မီးမဖွင့်ရသေးပေ။ မီးမဖွင့်တာ အချိန်ကြာနေပုံပေါ်သည်။ ခလုပ်ကို နှိပ်လိုက်ပြီးနောက် မီးကပွင့်မလာပဲ မီးချောင်းကျွမ်းနေတာနဲ့ တူသည်။

အမှောင်ကို ကြည့်လိုက်ပြီး ဆိုဖာပေါ်တွင်သာ ထိုင်ချလိုက်သည်။

အမှောင်ထု တည်ရှိနေတာက အထီးကျန်မှုကို ခံစားရစေသည်။

သူမ အနားတိုးသွားပြီး ပြတင်းပေါက်မှ အလင်းရောင်မှတဆင့် ဆိုဖာတွင် ထိုင်နေတာကို သူမ မြင်လိုက်ပြီး သူက အိပ်ပျော်နေပုံပေါ်သည်။

သူက အခုလေးတင် ရေချိုးထားတာကြောင့် သန့်ရှင်းပြီး လန်းဆန်းသည့် ဆပ်ပြာအနံ့က ထွက်နေသည်။ သူ့ခေါင်းပေါ်တွင် အဖြူရောင် ပုဝါကရှိနေပြီး ဆံပင်အခြောက်ခံဖို့ အသုံးပြုပုံရသည်။ ပုဝါက သူ့မျက်လုံးတွေကို ဖုံးအုပ်နေသည်။ ဒီရှုထောင့်မှကြည့်ရင် သူ့နှာခေါင်းနဲ့ အေးစက်ပုံရသည့် မေးကျောတွေကိုသာ မြင်နိုင်သည်။

စုချွေကယ် အနားကို တိုးလိုက်ပြီး သူ့ကို ခဏလောက် စိုက်ကြည့်လိုက်ပြီးနောက် မထိန်းချုပ်နိုင်ပဲ ပုဝါကို ပင့်လိုက်ကာ သူ့ဆံပင်မှ ရေတွေက ဖြည်းဖြည်းချင်း ကျနေသည်။ သန့်ရှင်းပေးပြီးနောက် အသက်ရှူသံကို ထိန်းလိုက်ပြီး ငုံ့ကြည့်လိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now