၃၇။ ကောင်မလေးနဲ့အတူတူ ဘာတွေလုပ်လဲ?

4.8K 736 13
                                    

Unicode

ထိုအချိန်တွင် စုချွေကယ် ရဲ့အသက်ရှူသံက ပြင်းသွားသည်။ သူမအကြည့်ကို အောက်ချလိုက်ပြီး ရုတ်တရက် သူဝတ်ထားသည့် ဆွဲသီးက သူမလက်ထဲ ပါလာခဲ့သည်။ ရွှေရောင်ကြယ်က သူလက်မှကျသွားပြီး အမှောင်တွင် နွေးထွေးစွာ တောက်ပနေသည်။

ဒါက ကောင်းကင်မှ ကြယ်က မတော်တဆ ကြွေကျလာသလိုမျိုး ဖြစ်နေသည်။ နောက်ဆုံးတော့ သူက ကြည့်လိုက်ပြီး ကြိုးလေးနဲ့ ပြန်ချည်လိုက်သည်။

ကိုကို ထွက်ပြေးချင်ရင်တောင် ထွက်ပြေးလို့မရဘူး။

ဒီအကြောင်းကို တွေးမိလိုက်ပြီး တချို့အကြောင်းကြောင့် သူ့ကို ကို့ယို့ကားယားဖြင့် ပြုံးပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ကြယ်လေး”

ရှဲ့ရှင်းလင် ရဲ့မျက်တောင်တွေက နည်းနည်း လှုပ်သွားသည်။ သူ့နှုတ်ခမ်းကို စေ့ထားပြီး သူမကို အောက်ချပေးလိုက်သည်။

သူပြေးသွားပြီး သူမကို ဖမ်းလိုက်ချိန်တုန်းက သူ့လက်မှ ကြယ်က ပြုတ်ကျသွားခဲ့သည်။ သူမကို ဖမ်းလိုက်သည့် အချိန်တွင် သူ့လက်မောင်းတွင် နွေးထွေးသည့် အထိအတွေ့ကို ခံစားလိုက်ရပြီး ထိုအချိန်တွင် သူ့ရဲ့အမှောင်ကမ္ဘာအား ကြယ်ရောင်လေး မြင်လိုက်ရသလို ခံစားလိုက်ရသည်။

ဒီရေလို မဲမှောင်သည့် ညအချိန်က ပျောက်ကွယ်သွားပြီးနောက် သူမရဲ့နွေးထွေးသည့် မျက်နှာက ကျန်နေခဲ့သည်။ သူ့ကို ချည်နှောင်ကာ ဆွဲချနေသည့် အားကောင်းသည့် ချိန်းကြိုးတွေက ရုတ်တရက် ကျိုးပဲ့သွားခဲ့သည်။

နှလုံးခုံသံ ရပ်တန့်နေပြီလို့ ထင်နေခဲ့သည့်သူက ထိုအချိန်တွင် သူ့နှလုံးသားက အသက်ဝင်နေတာကို ရှင်းလင်းစွာ နားလည်သွားခဲ့သည်။

ထိုညတွင် ရှဲ့ရှင်းလင် အိမ်မက်မက်ခဲ့သည်။

အိမ်မက်ထဲမှာ အခန်းက မှောင်မဲနေပြီး ပြတင်းပေါက်မှ အလင်းဖျော့လေးက တိုးဝင်လာကာ အမည်မသိ ဆွဲအားရှိသည့် ပန်းလေးက နံရံကနေ တက်လာကာ ပန်းရနံ့က ပျံ့နှံ့သွားခဲ့သည်။

မျက်လုံးမှိတ်ပြီး အိပ်ရာပေါ် လှဲလျောင်းနေချိန် အမှောင်ထုမှ ပန်းရံနံ့က သူ့နှာခေါင်းကို ထိတွေ့လာခဲ့သည်။ ထို့နောက် သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】जहाँ कहानियाँ रहती हैं। अभी खोजें