၆၅။ အစိမ်းရောင်ဦးထုပ်

4.1K 615 37
                                    

Unicode

ယှဉ်ပြိုင်ပွဲ ပြီးသွားပြီးနောက် နွေရာသီအားလပ်ရက်လည်း တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်ပြီးနောက် ရှဲ့ရှင်းလင် ကသူ့စာလေ့လာဖို့ ဖိအားများလာပြီး များပြားလှသည့် ကျောင်းမှစာတွေ ရောက်လာပြီး စုချွေကယ် ကတော့ တက်ရမဲ့ကျောင်းကို မရှာနိုင်ပေ။

အထက်တန်းကျောင်း တတိယနှစ် စတင်ပြီးနောက် တစ်ကျောင်းလုံးရဲ့ စာသင်ကြားမှုနှုန်းက မြန်သွားခဲ့သည်။

အထက်တန်း တတိယနှစ် ပြီးနောက် အချိန်ကုန်သက်သာရန် ကားပေါ်တွင်ပါ စာလေ့လာခဲ့ရသည်။ ဒီလိုကိစ္စတွေနဲ့ စုချွေကယ် ကရင်းနှီးပြီးဖြစ်တာကြောင့် သူမအခန်းဖော် အသစ်နဲ့အတော်လေး အေးချမ်းနေခဲ့သည်။

ဒီခက်ခဲပြီး ပင်ပန်းသည့် အချိန်အတွင်း ရှဲ့ရှင်းလင် နဲ့အတူ ခဏတဖြုတ်သာ အပြင်သွားနိုင်ပြီး အပြင်သွားတဲ့ အချိန်တိုင်းကလည်း အတူစာလုပ်ကြတာများသည်။

စာမေးပွဲ ရလဒ်ထွက်လာပြီးနောက် ရှဲ့ရှင်းလင် ကပထမနေရာတွင် သေချာနေပြီး ဒုတိယထက် ၂၀ မှတ်တောင် များနေခဲ့သည်။

ထိုအချိန်အတွင်း အဓိကကောလိပ်တွေအတွင်း သူက နာမည်ကြီးဖြစ်လာပြီး စုချွေကယ် ကတော့ အဆင့် ၅ နေရာကို ရောက်ခဲ့သည်။ အချိန်တွေက လျင်မြန်စွာ ကုန်သွားပြီး ဆောင်းရာသီကို ရောက်လာခဲ့ပြီး အဝါရောင် သစ်ရွက်တွေက မြေပြင်ပေါ် ကြွေကျခဲ့သည်။

စီနီယာနှစ်တွင် လေထုက ပျော်ရွှင်နေကြပြီး ဖိအားတွေ ဖုံးကွယ်ဖို့ ခက်ခဲသေးသည်။ မနက်ခင်း အိမ်စာတွေ ကူးတက်သည့် ဖန်ဂျန့်ဒါ တောင်ရပ်သွားခဲ့ပြီး မေးခွန်းတွေကို ကိုယ်တိုင် စလုပ်လာခဲ့သည်။

ပြန်သွားချိန်တွင် အတန်းပိုင် ကျောင်မင်ဟွား ကလူတိုင်းအတွက် နေရာလွတ်ထားခဲ့သည်။ ကျောင်းသားတွေက အိမ်စာတွေအား အိမ်သို့မသယ်သွားချင်တာကြောင့် ဘာမှမပြောကြပေ။

သူတို့က ကျောင်းသားတွေအတွက် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကိုတောင် လုပ်ပေးခဲ့ပြီး ကျောင်းသားတွေအား ဖိအားများမှုမှ လျော့ချပေးခဲ့သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now