၁၃။ IQ မြင့်မားသည့် ရာဇဝတ်သား

6.8K 913 9
                                    

Unicode

စုချွေကယ် သည်ခေါင်မိုးထပ်တွင် မတော်တဆမှုနဲ့ ရုတ်တရက် တွေ့ဆုံခဲ့သည်။

Damn, သူမအ‌ေပါ် ဘာကြောင့် ဒီလိုကိစ္စတွေက ဖြစ်‌ပျက်လာရတာလဲ?

ဘာကြောင့်လဲ ? ?

သူမသည် ဘယ်သူမှ မသိပဲ ဒီအတိုင်းလေး ဖြတ်လျှောက်လေးပဲ ဖြစ်ချင်တာပါ။ ဘာကြောင့် ဒီလောက်တောင် ခက်ခဲနေရတာလဲ?

ထိုအချိန်တွင် ရှဲ့ရှင်းလင် သည်သူ့ပုံမှန် နူးညံ့သိမ်မွေ့ပြီး စည်းကမ်းလိုက်နာတတ်သည့် အမူအရာကို ဖယ်ထားခဲ့ပြီး သူ့တစ်ကိုယ်လုံးကို အလိုလိုက်ကာ မျက်ခုံးက တွန့်ချိုးနေပြီး အတော်လေး ရန်လိုနေပုံပေါ်သည်။

ဇာတ်လမ်းထဲတွင် IQ မြင့်မားသည့်သူက ကျူးလွန်‌ေသာ ရာဇဝတ်သားလို အန္တရာယ်အငွေ့အသက်တွေကို စုချွေကယ် ခံစားမိနေသည်။

သူ့ဒူးကိုကွေးကာ သူမနားနားတွင် ပြောလိုက်သည်။ "မင်းအကုန်လုံး ကြားသွားတယ်မလား?"

သူ စကားပြောလိုက်ချိန်တွင် သူမနားတွင် လေပူကထိခတ်သွားပြီး ယားယံစေကာ သူမခန္ဓာကိုယ်အား အနည်းငယ် တောင့်တင်းသွားစေခဲ့သည်။

စုချွေကယ် သည်ခေါင်းကို အလျင်အမြန်ခါလိုက်သည်။

ထိုပံုစံကို မြင်လိုက်ပြီး ရှဲ့ရှင်းလင် ကပြုံးလိုက်သည်။ သူသည်ကျောင်းတွင် ပြုံးခဲသည်။ ဒီကိစ္စကို မကောင်းတဲ့အရာလို့ သတ်မှတ်သည်။

ဒါပေမဲ့ စုချွေကယ် ကသူ့အား အပြုံးလေးနဲ့ ကြည့်လိုက်ပြီး အန္တရာယ်ရှိပြီး အထက်စ‌ီးဆန်ကာ ချစ်ခင်ရင်းနှီးခြင်းမရှိတဲ့ ပုံစံကိုမြင်လိုက်တာကြောင့် ကြက်သီးထသွားခဲ့သည်။

သူ့ပုံမှန်အမူအရာမဲ့ အသွင်အပြင်က ပိုချစ်ဖို့ကောင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။

စုချွေကယ် : "ငါ ... "

သူက ရုတ်တရက် လက်ကိုထုတ်လိုက်ကာ စုချွေကယ် ရဲ့မေးစေ့ကို ကိုင်လိုက်ပြီး သူ့ကိုကြည့်ဖို့ ဖိအားပေးလိုက်ပြီး သူ့အကြည့်က ဓားတစ်ချောင်းလို အေးစက်နေပေမဲ့ သူ့အသံက ပေါ့ပေါ့တန်တန် ဖြစ်နေသည်။ "မှတ်တမ်းတင်ထားခဲ့လား?"

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now