၃၈။ သူမကိုပိုတွက်မိသွားပဲ။

4.6K 741 20
                                    

Unicode

စုချွေကယ် ကကလေးဘဝတည်းက အမှန်တရား တစ်ခုကို သိခဲ့သည်။

သူမလုပ်တဲ့ အကျိုးဆက်ကို ပြန်ခံစားရလိမ့်မည်။ ဥပမာ၊ ဒီနေ့၊ သူမလွယ်အိတ်အား ကျောတွင်သယ်ထားပြီး မနက်ခင်းတွင် ကျောင်းကို ရောက်လာခဲ့သည်။

အတန်းတံခါးကို မရောက်ခင်မှာ အချိန်အတော်ကြာတည်းက စောင့်နေခဲ့သည့် ဒါရိုက်တာရှု နဲ့ဒါရိုက်တာရှု ခေါ်ထားသည့် ကျောင်မင်ဟွား တို့ဆီ ပြေးဝင်တော့မလို ဖြစ်သွားသည်။ ဒါရိုက်တာရှု က ကျောင်မင်ဟွား အားအသိသက်သေအဖြစ် ရှိစေချင်ပုံရသည်။

ဒါရိုက်တာရှု ရဲ့မျက်နှာက မဲမှောင်နေပြီး မျက်လုံးတွေက စုချွေကယ် အပေါ်ရောက်နေကာ အေးစက်စွာ ပြောလိုက်သည်။

“ကျောင်းသူ၊ မသွားသေးနဲ့ဦး” စုချွေကယ် ကမတားဆီးနိုင်ပေမဲ့ တံခါးဝတွင် နာခံစွာဖြင့် မတ်တပ်ရပ်လိုက်သည်။

ခဏကြာပြီးနောက် ရှဲ့ရှင်းလင် ရောက်လာမှာကို စောင့်နေခဲ့ရသည်။ ပြီးခဲ့သည့်ညက အတန်းပြေးထားသည့် နှစ်ယောက်စုံသွားသည်။

“မင်းတို့ နှစ်ယောက်က ကောင်းကင်ကိုတောင် တုန်လှုပ်စေတာပဲ!”

ပြီးခဲ့သည့်ညက ဒါရိုက်တာရှု ကသူလိုက်ခဲ့သည့် လူနှစ်ယောက်ကို မှတ်မိသည်။ သူက ပြင်းထန်သည့် အာဏာဖြင့် ပြောလိုက်သည်။

“ညက ကိုယ်ပိုင်စာလေ့လာချိန်မှာ မင်းတို့တွေ နောက်ကျတယ်ဆိုရင် အဆင်ပြေတယ်။ သိလား? ဘာကြောင့် ဒီအချိန် ဘာအကြောင်းပြချက်နဲ့လဲ? မင်းတို့တွေ ထပ်ပြီး လမ်းပျောက်ပြန်ပြီလား? လမ်းပျောက်ပြီး ကျောင်းကနေ ထွက်သွားတာလား?”

မနေ့က ရှာခဲ့ရတာ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ?

ဒီနေ့ သူဘယ်လောက်တောင် ဒေါသထွက်ရလဲ?

မနေ့က အကြောင်းကို အတန်းထဲက ကျောင်းသားအများစုက သိနေခဲ့ပြီး အထက်တန်းကျောင်းရဲ့ ပထမနှစ်လေးတွေက ပျင်းရိပြီး ထွက်ပြေးကြသည်။ ဒါက အဘိုးကြီးရှု ကိုမျက်နှာပျက်အောင် လုပ်ရဲတာကြောင့် သူတို့တွေ ကြည့်ချင်ကြသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now