၃၃။ First Kiss

6.5K 788 33
                                    

Unicode

စုချွေကယ် ရဲ့စိတ်ထားက သူနဲ့မတူပေ။ သူက စုချွေကယ် ကိုအောက်ချပေးလိုက်သည်။ စုချွေကယ် ကသူ့အင်္ကျီကို ချွတ်လိုက်ပြီး ကမ်းပေးလိုက်သည်။

ရှဲ့ရှင်းလင် ကကုတ်အင်္ကျီ ယူပြီးချိန်တွင် ထောင့်ဘက်မှ ဝမ်မင်မင် ရဲ့မျက်နှာက ပေါ်လာခဲ့သည်။ ဝမ်မင်မင် က စုချွေကယ် ကိုမြင်လိုက်ချိန်တွင် စိတ်သက်သာရာ ရသွားပြီး ပြေးလာကာ ပြောလိုက်သည်။

“နင် ဘယ်လိုပြန်ရောက်လာတာလဲ? ဘာဖြစ်ခဲ့တာလဲ? နင်က တစ်ယောက်တည်း အဲ့ကို ပြေးသွားတာလား?” သူမ ပြောပြီးသည်နှင့် စုချွေကယ် လက်ထဲမှ ရွှေသရဖူကို မြင်လိုက်ပြီး အံ့ဩသွားသည်။ အံ့ဩသည့် အမူအရာနဲ့ နားလည်သွားပြီး ပြောလာခဲ့သည်။

“သရဖူက အပေါ်မှာရှိတာကို နင်က သိပြီးသားလား?” သူမ ပြောလိုက်တာကို ကြားလိုက်ပြီး တခြားမိန်းကလေးတွေဆီမှ အထင်ကြီးမှုတွေကို မြင်လိုက်ရသည်။

“နင်က အရမ်းသတ္တိရှိတာပဲ၊ အဖွဲ့နဲ့ခွဲပြီး တစ်ယောက်တည်းတောင် လုပ်ရဲတယ်” ထိုအချိန်တွင် စုချွေကယ် သည်ထူးဆန်းစွာဖြင့် တိတ်ဆိတ်မှုထဲ ကျသွားခဲ့သည်။

ကောင်းပြီ၊ ဒါက သူမဘာသာ ရခဲ့တာ မဟုတ်ဘူး။

နောက်ပြီး သူမက ကန့်လန့်ကာနောက်မှ ပုန်းနေခဲ့တာ။

သူမက လက်ကာလိုက်ပြီး ပြောလိုက်သည်။

“ငါက ရှဲ့ရှင်းလင် ဆီရောက်သွားတာ။ ဒီသရဖူကို သူနဲ့အတူတူ ရှာတွေ့ခဲ့တာ”

ပုဆိန်ကိုင်သည့် လူကြီးနဲ့ အဖြူရောင် သရဲမကြောင့်ပဲ လူတိုင်းက တံဆိပ် ၅ ခုကို အောင်မြင်စွာ ရှာတွေ့ခဲ့သည်။ ထိုအချိန်အတွင် အဖြူရောင် သရဲမက စုချွေကယ် ကိုတွေ့သည်နှင့် ကြောက်လန့်ကာ ထွက်ပြေးခဲ့သည်။

စုချွေကယ် ကကြောက်လန့်ပြီး သူမ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်မိတာကြောင့် ဖြစ်သည်။

စုချွေကယ် ထွက်လာချိန်တွင် သူဌေးက ထူးဆန်းသည့် လက်ဆောင်အား လဲလှယ်ပေးခဲ့သည်။ သူဌေးက စုချွေကယ် လက်ထဲကို ဗူးအသေးလေးအား ကမ်းပေးလိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now